Love












(2) လက်ပါတက်သူ



အိမ်ထောင်ဘက်အနေနဲ့ကော ချစ်သူအနေနဲ့ကော လုံးဝမရွေးချယ်သင့်တဲ့ ယောက်ျားမျိုးပါနော်။





ကိုယ်လူရွေးမှားမှုက ကိုယ်တစ်ယောက်ထဲသာမဟုတ်ပဲ ကိုယ့်မိသားစုအပေါ်မှာလဲ အကျိုးသက်ရောက်မှုရှိပါတယ်နော်။

(4) သွေးဆိုးတက်သူ


ပစ္စည်းတွေ ဖျက်ဆီးသောင်းကျန်းတက်သူမျိုးဆို ဝေးဝေးကရှောင်ပါနော်။



(5) ဖောက်ပြန်တက်သူ


ဗီဇရှိတဲ့သူကတော့ မှားတာသိနေရင်တောင် ပြင်မယ့်သူမျိုးမဟုတ်ပါဘူး။


ဒူးနဲ့မျက်ရည်သုတ်ရမယ့် အဖြစ်မျိုးရှောင်ဖို့ဆိုရင်တော့ ဒီလိုလူမျိုးတွေကို မရွေးချယ်ပါနဲ့နော်။

Unicode

ချစ်သူရည်းစားအနေနဲ့တောင် မရွေးချယ်သင့်တဲ့ ယောက်ျားတွေရဲ့ အကျင့်စရိုက်(၅)မျိုး

အိမ်ထောင်ပြုတယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

မတူညိတဲ့ သူစိမ်းနှစ်ယောက် ပေါင်းစည်းရတဲ့ ဘဝတစ်ခုဖြစ်တဲ့ အတွက် အခက်အခဲများစွာရှိနိုင်ပါတယ်။

မိန်းကလေးတွေအတွက်ဆိုလဲ ကိုယ်ရဲ့အိမ်ထောင်ဖက်ကောင်းမှ ပျော်ရွင်တဲ့ အိမ်ထောင်ရေး ဖြစ်မှာပဲ ဖြစ်ပါတယ်။

ကိုယ်လူရွေးမှားရင် တစ်သက်လုံး စိတ်ဆင်းရဲရမှာမို့လို့ လူရွေးမှန်ဖို့အထူးလိုအပ်ပါတယ်။

မရွေးချယ်သင့်တဲ့ လက်တွဲဖော်ပုံစံတွေကို ဖော်ပြရမယ်ဆိုရင်တော့

(1) ရိုင်းစိုင်းစွာပြောတက်သူ

ချစ်သူရည်းစားဘဝထဲက ဆဲဆိုနေတဲ့သူမျိုး၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ သုံးတက်တဲ့ သူမျိုးကို

ကိုယ့်လက်တွဲဖော်အတွက် မရွေးသင့်ပါဘူးနော်။

ချစ်သူဘဝထဲက အပြုအမူက လက်ထပ်ပြီးလဲ ဒိလိုပဲဖြစ်မှာမို့ ပြောင်းလဲနိုင်ပါတယ်ဆိုပြီး မတွေးထားပါနဲ့နော်။

(2) လက်ပါတက်သူ

လက်ပါတက်သူကတော့ ကိုယ့်ချစ်သူအနေနဲ့တောင် မရွေးချယ်သင့်တဲ့ သူပါပဲ။

မသိလို့ တွဲမိခဲ့တယ်ဆိုရင်တောင် လက်ပါတက်တဲ့အကျင့်ကို သိသွားရင် ဆက်တွဲဖို့လုံးဝမသင့်တော်ပါဘူး။

အိမ်ထောင်ဘက်အနေနဲ့ကော ချစ်သူအနေနဲ့ကော လုံးဝမရွေးချယ်သင့်တဲ့ ယောက်ျားမျိူးပါနော်။

(3) မိသားစုအပေါ် လေးစားမှုမရှိသူ

ကိုယ့်ချစ်သူကောင်လေးရဲ့ မိသားစုအပေါ်မှာ သူဘယ်လိုဆက်ဆံလဲ ဆိုတာက သိထားသင့်တဲ့ အချက်ပါ။

မိဘအပေါ်ရိုင်းသူ၊ မောင်နှမသားချင်းအပေါ်လေးစားမှုမရှိတဲ့သူက အိမ်ထောင်ပြုပြီးတဲ့ အချိန်မှာလဲ

လက်တွဲဖော်ရဲ့ မိသားစုအပေါ်မှာလဲ လေးစားမှုရှိမှာ မဟုတ်ပါဘူး။

ကိုယ်လူရွေးမှားမှုက ကိုယ်တစ်ယောက်ထဲသာမဟုတ်ပဲ က်ိုယ့်မိသားစုအပေါ်မှာလဲ အကျိုးသက်ရောက်မှုရှိပါတယ်နော်။

(4) သွေးဆိုးတက်သူ

စကားလေးနည်းနည်းများတာနဲ့ အော်ဟစ်တက်သူ၊

ပစ္စည်းတွေ ဖျက်ဆီးသောင်းကျန်းတက်သူမျိူးဆို ဝေးဝေးကရှောင်ပါနော်။

စိတ်ချမ်းသာရမှာ မဟုတ်ပဲ အမြဲ စိတ်ဆင်းရဲရမှာပဲ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာလဲ အရှက်ရစေနိုင်တဲ့ သူမျိုးမို့လို့ လုံးဝကို မစဉ်းသင့်ပါဘူးနော်။

(5) ဖောက်ပြန်တက်သူ

လူဆိုတာအမှားမကင်းဘူးဆိုပေမယ့် ဖောက်ပြန်တက်တဲ့

ဗီဇရှိတဲ့သူကတော့ မှားတာသိနေရင်တောင် ပြင်မယ့်သူမျိူးမဟုတ်ပါဘူး။

ချစ်သူဘဝမှာ မှားပါတယ်ဆိုပြီးတောင်းပန်ခဲ့ရင်တောင် အိမ်ထောင်ရှင်ဘဝမှာ ထပ်ဖောက်ပြန်နိုင်ပါသေးတယ်။

ဒူးနဲ့မျက်ရည်သုတ်ရမယ့် အဖြစ်မျိူးရှောင်ဖို့ဆိုရင်တော့ ဒီလိုလူမျိုးတွေကို မရွေးချယ်ပါနဲ့နော်။