သင့္အတြက္သူ ဘယ္ေတာ့မွေျပာင္းလဲေပးမွာ မဟုတ္ေၾကာင္း ျပသေနတဲ့အခ်က္မ်ား
လူေတြဟာ ကိုယ္တကယ္ ျမတ္ျမတ္ႏိုးႏိုး ခ်စ္တဲ့သူနဲ႔ ဆံုမိတဲ့အခါ ေျပာင္းလဲလာတတ္ပါတယ္။
ဒါေပမယ့္ တစ္ခ်ိဳ႕လူေတြက ကိုယ့္ကိုယ္ တကယ္ခ်စ္တယ္လုိ႔ ထင္မိေပမယ့္ တကယ္တမ္းမွာေတာ့
အထင္နဲ႔ လက္ေတြ႔ တစ္ျခားစီ ျဖစ္ေနတတ္တာမ်ိဳးလည္း ႐ွိေနတတ္ပါတယ္။
ဒီအခ်က္ေတြက သူ သင္နဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွ ေျပာင္းလဲလာမွာ မဟုတ္ဘူးဆုိတာကို ေဖာ္ျပလုိ႔ ေနပါတယ္ေနာ္ …။
ကိုယ့္အမွားကို ဘယ္ေတာ့မွမျမင္တတ္ဘူး
ကိုယ့္အမွားကို ကိုယ္ျမင္တတ္တဲ့သူဟာ လူေတာ္တစ္ေယာက္ ျဖစ္သလုိ ကိုယ့္အမွားကို
သူမ်ားေျပာျပလုိ႔ နားလည္လက္ခံတဲ့ သူဟာလည္း ထက္ျမက္တဲ့သူ တစ္ေယာက္ပါပဲ။
ဒါေပမယ့္ သင့္ခ်စ္သူက ဘာကိစၥပဲ ျဖစ္ျဖစ္ သူ႔အမွားကိုေတာ့ မျမင္တတ္သလုိ သင္ေထာက္ျပတာကိုလည္း
လက္မခံတတ္သူ တစ္ေယာက္ျဖစ္ေနၿပီဆုိရင္ေတာ့ ဒါဟာ ကိုယ့္ကိုယ္ကိုယ္ မေျပာင္းလဲႏုိင္တဲ့ လကၡဏာရပ္ပါ။
ေနာက္ၿပီး တစ္ခုခုဆုိ သင့္ကိုပဲ အျပစ္ဖုိ႔မယ္။ နာက်င္ေစမယ္။
ကတိေတြ ထပ္တလဲလဲ မတည္ဘူးဆိုတာေတြက သင့္အတြက္ေၾကာင့္နဲ႔ သူ ဘယ္အရာမွ ေျပာင္းလဲမလာဘူး ဆုိတာကို ေဖာ္ျပေနပါတယ္ …။
ညိွႏိႈင္းျခင္းဆုိတာကို နားမလည္ဘူး
ခ်စ္သူအခ်င္းခ်င္း စိတ္အခန္႔မသင့္မႈေတြနဲ႔ ျပသနာေလးေတြ ျဖစ္္လာတဲ့အခါ ညိွႏိႈင္းတတ္ဖို႔ လုိအပ္ပါတယ္။
တကယ္လုိ႔ သင္ခ်စ္သူက ညိွႏိႈင္းျခင္းဆုိတဲ့ စကားလံုးရဲ႕ အဓိပၸါယ္ကို နားမလည္ဘူး၊
ညိွႏိႈင္းခ်င္စိတ္မ႐ွိပဲ တစ္ခုခုဆုိ ေဒါသပဲ ႀကီးတတ္တဲ့ သူမ်ိဳးေတြက အမွားအမွန္ကို ခြဲျခားႏုိင္စြမ္း နည္းၾကပါတယ္။
ေနာက္ၿပီး ဒါဟာ သင့္အတြက္ နဲ႔ သူ ေျပာင္းလဲမေပးႏုိင္ဘူးဆုိတာကို ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္ …။
သင့္ဘက္ကို ဘယ္ေတာ့မွ မၾကည့္တတ္ဘူး
ကိုယ္အဆင္ေျပဖုိ႔ တစ္ခုတည္း ၾကည့္ၿပီး တစ္ဖက္လူရဲ႕ အေျခအေနကို
မၾကည့္တတ္တဲ့ သူေတြကို တစ္ကိုယ္ေကာင္းဆန္တတ္တဲ့ သူအျဖစ္ သတ္မွတ္ၾကပါတယ္။
သင့္ခ်စ္သူက သူအဆင္ေျပဖုိ႔ တစ္ခုတည္းကို ပဲ ၾကည့္ၿပီး သင္ဘာႀကီးပဲ ျဖစ္ေနေန အေရးမစိုက္ဘူး
ဆုိရင္ေတာ့ ဒါကို အခ်စ္္လုိ႔ ေခၚလုိ႔မရႏိုင္ပါဘူး။ ဒီလုိလူေတြဟာ ေျပာင္းလဲဖုိ႔ အေတာ္ေလး ခက္ခဲတတ္ပါတယ္ …။
သင့္ကို ဂ႐ုမစိုက္ဘူး
သူရဲ႕ စိတ္ကိုပဲ အဓိက ဦးစားေပးတတ္တဲ့ သူျဖစ္ၿပီး တစ္ခါတစ္ေလ အခ်ိန္အၾကာႀကီး အဆက္အသြယ္ မလုပ္ပဲ ေနေနၿပီး
သူလုိအပ္တဲ့ အခ်ိန္မွ ေပၚလာတတ္တာမ်ိဳး၊ သင္နဲ႔အတူ အျပင္ေတြ ဘာေတြ သြားရင္ေတာင္ သူသြားခ်င္တဲ့ ေနရာ၊
သူျဖစ္ခ်င္တဲ့ အရာေတြကိုပဲ ဦးစားေပးတတ္တာ မ်ိဳးေပါ့။ ဒါက တကယ္ေတာ့ သင့္ကို ခ်စ္ေနတာမ်ိဳးမဟုတ္ပဲ သူ႔ကိုယ္သူပဲ
ပိုခ်စ္ေနတဲဲ့ ကိုယ့္အတြက္ပဲ သိတဲ့ သူမ်ိဳးျဖစ္ပါတယ္။
ဒီလုိလူမ်ိဳးေတြက ကိုယ့္အတြက္ကလြဲရင္ ဘယ္သူ႔အတြက္မွ သိတဲ့ သူမ်ိဳးေတြ မဟုတ္ပါဘူးေနာ္ …။ ။
Credit
Unicode
သင့်အတွက်သူ ဘယ်တော့မှပြောင်းလဲပေးမှာ မဟုတ်ကြောင်း ပြသနေတဲ့အချက်များ
လူတွေဟာ ကိုယ်တကယ် မြတ်မြတ်နိုးနိုး ချစ်တဲ့သူနဲ့ ဆုံမိတဲ့အခါ ပြောင်းလဲလာတတ်ပါတယ်။
ဒါပေမယ့် တစ်ချို့လူတွေက ကိုယ့်ကိုယ် တကယ်ချစ်တယ်လို့ ထင်မိပေမယ့် တကယ်တမ်းမှာတော့
အထင်နဲ့ လက်တွေ့ တစ်ခြားစီ ဖြစ်နေတတ်တာမျိုးလည်း ရှိနေတတ်ပါတယ်။
ဒီအချက်တွေက သူ သင်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ဘူးဆိုတာကို ဖော်ပြလို့ နေပါတယ်နော် …။
ကိုယ့်အမှားကို ဘယ်တော့မှမမြင်တတ်ဘူး
ကိုယ့်အမှားကို ကိုယ်မြင်တတ်တဲ့သူဟာ လူတော်တစ်ယောက် ဖြစ်သလို ကိုယ့်အမှားကို
သူများပြောပြလို့ နားလည်လက်ခံတဲ့ သူဟာလည်း ထက်မြက်တဲ့သူ တစ်ယောက်ပါပဲ။
ဒါပေမယ့် သင့်ချစ်သူက ဘာကိစ္စပဲ ဖြစ်ဖြစ် သူ့အမှားကိုတော့ မမြင်တတ်သလို သင်ထောက်ပြတာကိုလည်း
လက်မခံတတ်သူ တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲနိုင်တဲ့ လက္ခဏာရပ်ပါ။
နောက်ပြီး တစ်ခုခုဆို သင့်ကိုပဲ အပြစ်ဖို့မယ်။ နာကျင်စေမယ်။
ကတိတွေ ထပ်တလဲလဲ မတည်ဘူးဆိုတာတွေက သင့်အတွက်ကြောင့်နဲ့ သူ ဘယ်အရာမှ ပြောင်းလဲမလာဘူး ဆိုတာကို ဖော်ပြနေပါတယ် …။
ညှိနှိုင်းခြင်းဆိုတာကို နားမလည်ဘူး
ချစ်သူအချင်းချင်း စိတ်အခန့်မသင့်မှုတွေနဲ့ ပြသနာလေးတွေ ဖြစ်လာတဲ့အခါ ညှိနှိုင်းတတ်ဖို့ လိုအပ်ပါတယ်။
တကယ်လို့ သင်ချစ်သူက ညှိနှိုင်းခြင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်ဘူး၊
ညှိနှိုင်းချင်စိတ်မရှိပဲ တစ်ခုခုဆို ဒေါသပဲ ကြီးတတ်တဲ့ သူမျိုးတွေက အမှားအမှန်ကို ခွဲခြားနိုင်စွမ်း နည်းကြပါတယ်။
နောက်ပြီး ဒါဟာ သင့်အတွက် နဲ့ သူ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ် …။
သင့်ဘက်ကို ဘယ်တော့မှ မကြည့်တတ်ဘူး
ကိုယ်အဆင်ပြေဖို့ တစ်ခုတည်း ကြည့်ပြီး တစ်ဖက်လူရဲ့ အခြေအနေကို
မကြည့်တတ်တဲ့ သူတွေကို တစ်ကိုယ်ကောင်းဆန်တတ်တဲ့ သူအဖြစ် သတ်မှတ်ကြပါတယ်။
သင့်ချစ်သူက သူအဆင်ပြေဖို့ တစ်ခုတည်းကို ပဲ ကြည့်ပြီး သင်ဘာကြီးပဲ ဖြစ်နေနေ အရေးမစိုက်ဘူး
ဆိုရင်တော့ ဒါကို အချစ်လို့ ခေါ်လို့မရနိုင်ပါဘူး။ ဒီလိုလူတွေဟာ ပြောင်းလဲဖို့ အတော်လေး ခက်ခဲတတ်ပါတယ် …။
သင့်ကို ဂရုမစိုက်ဘူး
သူရဲ့ စိတ်ကိုပဲ အဓိက ဦးစားပေးတတ်တဲ့ သူဖြစ်ပြီး တစ်ခါတစ်လေ အချိန်အကြာကြီး အဆက်အသွယ် မလုပ်ပဲ နေနေပြီး
သူလိုအပ်တဲ့ အချိန်မှ ပေါ်လာတတ်တာမျိုး၊ သင်နဲ့အတူ အပြင်တွေ ဘာတွေ သွားရင်တောင် သူသွားချင်တဲ့ နေရာ၊
သူဖြစ်ချင်တဲ့ အရာတွေကိုပဲ ဦးစားပေးတတ်တာ မျိုးပေါ့။ ဒါက တကယ်တော့ သင့်ကို ချစ်နေတာမျိုးမဟုတ်ပဲ သူ့ကိုယ်သူပဲ
ပိုချစ်နေတဲ့ ကိုယ့်အတွက်ပဲ သိတဲ့ သူမျိုးဖြစ်ပါတယ်။
ဒီလိုလူမျိုးတွေက ကိုယ့်အတွက်ကလွဲရင် ဘယ်သူ့အတွက်မှ သိတဲ့ သူမျိုးတွေ မဟုတ်ပါဘူးနော် …။ ။
Credit