Love

မေႏွာင့္ယွက္ျခင္းျဖင့္ မင္းကိုခ်စ္ပါတယ္

မေႏွာင့္ယွက္ျခင္းျဖင့္ မင္းကိုခ်စ္ပါတယ္

မီးစိမ္းေနတာေတြ႕သားရဲ႕သားနဲ႔ စကားေတြလာမေျပာျဖစ္ဘူးဆိုတာ

သူေတာင္မေခၚပဲေနႏိုင္ေသးတာ ငါလဲမေခၚပဲ ေနလိုက္မယ္ဆိုတဲ့မာနေလး ထားလိုက္တာမဟုတ္ဘူး …

ေအာ္ ငါကသာ စကားေျပာခ်င္ေနတာ သူက မေျပာခ်င္လို႔တိတ္ဆိတ္ေနတာေလလို႔အလိုက္သိေပးလိုက္တာပါ …

႐ိုက္လက္စစာေလးကို ဖ်က္လိုက္ၿပီး ေျပာခ်င္တဲ့စကားလုံးေတြကို ၿမိဳခ်ပစ္လိုက္ပါတယ္ …

မင္းကို ဘယ္ေန႔မွာမဆို ေပ်ာ္ခ်င္တယ္ေလ …

ဒီေန႔လဲ မေႏွာင့္ယွက္ျခင္းေတြနဲ႔မင္းကို အတတ္ႏိုင္ဆုံးခ်စ္ေပးခဲ့ပါတယ္ မင္းေပ်ာ္ပါေစ …

ကိုယ္လြမ္းေနတယ္ဆိုေပမယ့္ သူလြမ္းခ်င္မွလြမ္းမွာပါဆိုတဲ့ အေတြးေခါင္းထဲေရာက္လာတဲ့အခါ ..

ႏွိပ္ၿပီးသားဖုန္းနံပါတ္ေလးကို ဖ်က္ၿပီး ဟာသဗီဒီယိုေလးၾကည့္ေနလိုက္တယ္ အင္း မ်က္ရည္ေတြနဲ႔ ေပ်ာ္ပါတယ္ … မင္းလဲေပ်ာ္ပါေစေပါ့ ….

တစ္ခါတစ္ေလမွာ ကိုယ္က သတိတရနဲ႔ဆက္တဲ့ဖုန္းေတြဟာ ေမွ်ာ္မေနတဲ့သူ႔အတြက္ အေႏွာင့္အယွက္ေတြ ျဖစ္သြားတတ္တယ္

အရင္လို မေႏြးေထြးေတာ့ဘူးဆိုရင္ေတာင္ ဝတ္ေက်တမ္းေက်စကားလုံးေတြေၾကာင့္ ထပ္ၿပီး မနာက်င္လိုေတာ့ဘူးေလ …

ကိုယ္ခ်စ္ေပးႏိုင္တာထက္ ပိုၿပီး ခ်စ္ေပးေနမွာျဖစ္သလို ဆက္ၿပီးလဲခ်စ္ေနမိဦးမွာပါ

ဒီေန႔ေတာ့ မင္းရဲ႕လွပတဲ့ရက္ေလး ကိုယ့္ေၾကာင့္ ပ်က္စီးမသြားေစဖို႔ မေႏွာင့္ယွက္ျခင္းေတြနဲ႔ မင္းကို ခ်စ္ပါတယ္ …

မူရင္းစာေရးသားသူ သွ်င္ယြန္း(ေလးစားစြာျဖင့္)

Unicode

မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ်

မီးစိမ်းနေတာတွေ့သားရဲ့သားနဲ့ စကားတွေလာမပြောဖြစ်ဘူးဆိုတာ

သူတောင်မခေါ်ပဲနေနိုင်သေးတာ ငါလဲမခေါ်ပဲ နေလိုက်မယ်ဆိုတဲ့မာနလေး ထားလိုက်တာမဟုတ်ဘူး …

အော် ငါကသာ စကားပြောချင်နေတာ သူက မပြောချင်လို့တိတ်ဆိတ်နေတာလေလို့အလိုက်သိပေးလိုက်တာပါ …

ရိုက်လက်စစာလေးကို ဖျက်လိုက်ပြီး ပြောချင်တဲ့စကားလုံးတွေကို မြိုချပစ်လိုက်ပါတယ် …

မင်းကို ဘယ်နေ့မှာမဆို ပျော်ချင်တယ်လေ …

ဒီနေ့လဲ မနှောင့်ယှက်ခြင်းတွေနဲ့မင်းကို အတတ်နိုင်ဆုံးချစ်ပေးခဲ့ပါတယ် မင်းပျော်ပါစေ …

ကိုယ်လွမ်းနေတယ်ဆိုပေမယ့် သူလွမ်းချင်မှလွမ်းမှာပါဆိုတဲ့ အတွေးခေါင်းထဲရောက်လာတဲ့အခါ ..

နှိပ်ပြီးသားဖုန်းနံပါတ်လေးကို ဖျက်ပြီး ဟာသဗီဒီယိုလေးကြည့်နေလိုက်တယ် အင်း မျက်ရည်တွေနဲ့ ပျော်ပါတယ် … မင်းလဲပျော်ပါစေပေါ့ ….

တစ်ခါတစ်လေမှာ ကိုယ်က သတိတရနဲ့ဆက်တဲ့ဖုန်းတွေဟာ မျှော်မနေတဲ့သူ့အတွက် အနှောင့်အယှက်တွေ ဖြစ်သွားတတ်တယ်

အရင်လို မနွေးထွေးတော့ဘူးဆိုရင်တောင် ဝတ်ကျေတမ်းကျေစကားလုံးတွေကြောင့် ထပ်ပြီး မနာကျင်လိုတော့ဘူးလေ …

ကိုယ်ချစ်ပေးနိုင်တာထက် ပိုပြီး ချစ်ပေးနေမှာဖြစ်သလို ဆက်ပြီးလဲချစ်နေမိဦးမှာပါ

ဒီနေ့တော့ မင်းရဲ့လှပတဲ့ရက်လေး ကိုယ့်ကြောင့် ပျက်စီးမသွားစေဖို့ မနှောင့်ယှက်ခြင်းတွေနဲ့ မင်းကို ချစ်ပါတယ် …

မူရင်းစာရေးသားသူ သျှင်ယွန်း(လေးစားစွာဖြင့်)