Love

ဖူးစာဖက္စစ္မွန္တယ္ဆိုရင္ ေသခ်ာေပါက္ တူညီေနမယ့္အခ်က္မ်ား

ဖူးစာဖက္စစ္မွန္တယ္ဆိုရင္ ေသခ်ာေပါက္ တူညီေနမယ့္အခ်က္မ်ား

ဖူးစာဆိုတာ ေဗြမပါပါဘူး။ ဒါေပမဲ့ သင့္ ဖူးစာဖက္မွာဆိုရင္ေတာ့ သူ႔မွာ ရွိကိုရွိေနမယ့္ အခ်က္ေတြ ရွိေနမွာပါ။

အသြင္တူမွ အိမ္သူ ျဖစ္တယ္ဆိုတာ အလကားေျပာခဲ့ၾကတာ မဟုတ္ပါဘူးေနာ္။

ဖူးစာဖက္ဆိုတာမ်ိဳးက သင့္ရဲ့ ေနာက္ကိုယ္ပြားတစ္ခုပဲ ျဖစ္လို႔ သင္ရဲ့ မသိစိတ္ကေန သိနိုင္သလို ဒီအခ်က္ေတြကေနလည္း သိနိုင္ပါတယ္။

(၁) သင္နဲ႔ အမူအက်င့္တူတယ္

လူတူမရွား နာမည္တူမရွားဆိုေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ အမူအက်င့္ေတြ

တူတာကေတာ့ ေမာင္ႏွမ မဟုတ္ရင္ အေတာ့္ကို ရွားပါတယ္။

တစ္ခ်ိဳ႕ဆို ေမာင္ႏွမအခ်င္းခ်င္းေတာင္ အမူအက်င့္မတူၾကပါဘူး။ သင္က အသန႔္ႀကိဳက္ တတ္တယ္။

သန႔္ရွင္းမႈကို သတိထားၾကည့္မိတတ္တဲ့သူ ျဖစ္မယ္ဆို သူကလည္း အဲ့အက်င့္ ရွိေနတာမ်ိဳး၊

ပစၥည္းအသုံးအေဆာင္ကို ဒီလိုရည္ရြယ္ခ်က္နဲ႔ ေဆာင္ထားတတ္တာမ်ိဳးဆို

သူလည္း အဲ့လိုမ်ိဳး တူေနတာမ်ိဳး၊သင္တို႔ႏွစ္ေယာက္က တူေနတဲ့အခါ သိပ္အားနာစရာမလိုသလို

သင့္အမူအက်င့္နဲ႔ ပတ္သတ္ၿပီးလည္း သတိထားေပးေနစရာ မလိုေတာ့ပါဘူး။

(၂) ဝါသနာ နီးစပ္တယ္

အႀကိဳက္ေတြ ဝါသနာေတြပါ တူေနနိုင္သလို မတူေပမဲ့ နီးစပ္တဲ့ ဝါသနာ အသီးသီး ရွိေနတတ္ၾကပါတယ္။

အဲ့ေတာ့ သင္တို႔ႏွစ္ေယာက္ၾကား အထူးတလည္ သတိထားေပးစရာ ညႇိေပးစရာ သိပ္မရွိတတ္ပါဘူး။

(၃) ရည္မွန္းခ်က္ေတြ ထပ္တူညီသလို လက္ခံေပ်ာ္ရႊင္တယ္။

မတူတဲ့ ရည္မွန္းခ်က္ေတြ ပိုင္ဆိုင္ထားနိုင္ပါတယ္။

ဒါေပမဲ့ သူရဲ့ ရည္မွန္းခ်က္ ဆိုတာကို ကိုယ္ကလည္း ျဖစ္ေစခ်င္ၿပီး လက္ခံေနတယ္ဆိုရင္ သင္တို႔က ဖူးစာဖက္လို႔ ေျပာလို႔ရသေလာက္ ရွိပါတယ္။

(၄) တစ္ေယာက္နဲ႔တစ္ေယာက္ ပံ့ပိုးနိုင္တယ္

ပံ့ပိုးတယ္ဆိုတာမ်ိဳးက ေငြေရးေၾကးေရးကို အဓိက ဆိုလိုတာ မဟုတ္ဘူးေနာ္။

သင္ လုပ္ခ်င္တဲ့အရာေတြ၊ ရည္မွန္းခ်က္ေတြ၊ အေတြးအျမင္ေတြ စတာေတြအတြက္

စိတ္အား လူအား အေတြးအေခၚအားနဲ႔ေရာ ပံ့ပိုးနိုင္တာမ်ိဳးကို ဆိုလိုတာပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ အဲ့လို ပံ့ပိုးနိုင္တဲ့သူေတြဆိုရင္ သင္တို႔က အေတာ္ လိုက္ဖက္ညီေနပါၿပီ။

(၅) အယူအဆေတြ နီးစပ္သလို စိတ္ထားတူညီတယ္

သင္က လမ္းေပၚက ကေလးသူငယ္ေတြကို စာနာသနားတတ္သလို

သူကလည္း စာနာတာမ်ိဳး၊သင္က လူတိုင္းအေပၚ လူတန္းစားမခြဲပဲ

ဆက္ဆံတာမ်ိဳးကို ႀကိဳက္တာဆိုရင္ သူလည္း အဲ့လို ျဖစ္ေနတတ္ပါတယ္။

ဒါမွမဟုတ္ သင္က အေပ်ာ္အပါးမက္တဲ့သူဆို သူလည္း အေပ်ာ္အပါးမက္ေနပါလိမ့္မယ္။

သင္က ေငြမက္သလို ေလာဘႀကီးသလို သူလည္း ေလာဘႀကီးၿပီး ေငြရွာနိုင္တဲ့သူ ေငြရွာဖို႔ ဆႏၵရွိသူေတြ ျဖစ္ေနပါလိမ့္မယ္။

ဖူးစာဖက္စစ္ မွန္တယ္ဆိုရင္ေတာ့ တစ္ေယာက္နဲ ႔တစ္ေယာက္ သိပ္သတိ ထားေပးစရာမလိုေလာက္ေအာင္ အမူအက်င့္ေတြ၊

စိတ္သေဘာထားေတြ တူေနမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ သင္လည္း သင့္ဖူးစာဖက္နဲ႔အတူ ေပ်ာ္ရႊင္နိုင္ ပါေစေနာ္

Credit

Unicode

ဖူးစာဖက်စစ်မှန်တယ်ဆိုရင် သေချာပေါက် တူညီနေမယ့်အချက်များ

ဖူးစာဆိုတာ ဗွေမပါပါဘူး။ ဒါပေမဲ့ သင့် ဖူးစာဖက်မှာဆိုရင်တော့ သူ့မှာ ရှိကိုရှိနေမယ့် အချက်တွေ ရှိနေမှာပါ။

အသွင်တူမှ အိမ်သူ ဖြစ်တယ်ဆိုတာ အလကားပြောခဲ့ကြတာ မဟုတ်ပါဘူးနော်။

ဖူးစာဖက်ဆိုတာမျိုးက သင့်ရဲ့ နောက်ကိုယ်ပွားတစ်ခုပဲ ဖြစ်လို့ သင်ရဲ့ မသိစိတ်ကနေ သိနိုင်သလို ဒီအချက်တွေကနေလည်း သိနိုင်ပါတယ်။

(၁) သင်နဲ့ အမူအကျင့်တူတယ်

လူတူမရှား နာမည်တူမရှားဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမူအကျင့်တွေ

တူတာကတော့ မောင်နှမ မဟုတ်ရင် အတော့်ကို ရှားပါတယ်။

တစ်ချို့ဆို မောင်နှမအချင်းချင်းတောင် အမူအကျင့်မတူကြပါဘူး။ သင်က အသန့်ကြိုက် တတ်တယ်။

သန့်ရှင်းမှုကို သတိထားကြည့်မိတတ်တဲ့သူ ဖြစ်မယ်ဆို သူကလည်း အဲ့အကျင့် ရှိနေတာမျိုး၊

ပစ္စည်းအသုံးအဆောင်ကို ဒီလိုရည်ရွယ်ချက်နဲ့ ဆောင်ထားတတ်တာမျိုးဆို

သူလည်း အဲ့လိုမျိုး တူနေတာမျိုး၊သင်တို့နှစ်ယောက်က တူနေတဲ့အခါ သိပ်အားနာစရာမလိုသလို

သင့်အမူအကျင့်နဲ့ ပတ်သတ်ပြီးလည်း သတိထားပေးနေစရာ မလိုတော့ပါဘူး။

(၂) ဝါသနာ နီးစပ်တယ်

အကြိုက်တွေ ဝါသနာတွေပါ တူနေနိုင်သလို မတူပေမဲ့ နီးစပ်တဲ့ ဝါသနာ အသီးသီး ရှိနေတတ်ကြပါတယ်။

အဲ့တော့ သင်တို့နှစ်ယောက်ကြား အထူးတလည် သတိထားပေးစရာ ညှိပေးစရာ သိပ်မရှိတတ်ပါဘူး။

(၃) ရည်မှန်းချက်တွေ ထပ်တူညီသလို လက်ခံပျော်ရွှင်တယ်။

မတူတဲ့ ရည်မှန်းချက်တွေ ပိုင်ဆိုင်ထားနိုင်ပါတယ်။

ဒါပေမဲ့ သူရဲ့ ရည်မှန်းချက် ဆိုတာကို ကိုယ်ကလည်း ဖြစ်စေချင်ပြီး လက်ခံနေတယ်ဆိုရင် သင်တို့က ဖူးစာဖက်လို့ ပြောလို့ရသလောက် ရှိပါတယ်။

(၄) တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးနိုင်တယ်

ပံ့ပိုးတယ်ဆိုတာမျိုးက ငွေရေးကြေးရေးကို အဓိက ဆိုလိုတာ မဟုတ်ဘူးနော်။

သင် လုပ်ချင်တဲ့အရာတွေ၊ ရည်မှန်းချက်တွေ၊ အတွေးအမြင်တွေ စတာတွေအတွက်

စိတ်အား လူအား အတွေးအခေါ်အားနဲ့ရော ပံ့ပိုးနိုင်တာမျိုးကို ဆိုလိုတာပါ။

တစ်ယောက်နဲ့တစ်ယောက် အဲ့လို ပံ့ပိုးနိုင်တဲ့သူတွေဆိုရင် သင်တို့က အတော် လိုက်ဖက်ညီနေပါပြီ။

(၅) အယူအဆတွေ နီးစပ်သလို စိတ်ထားတူညီတယ်

သင်က လမ်းပေါ်က ကလေးသူငယ်တွေကို စာနာသနားတတ်သလို

သူကလည်း စာနာတာမျိုး၊သင်က လူတိုင်းအပေါ် လူတန်းစားမခွဲပဲ

ဆက်ဆံတာမျိုးကို ကြိုက်တာဆိုရင် သူလည်း အဲ့လို ဖြစ်နေတတ်ပါတယ်။

ဒါမှမဟုတ် သင်က အပျော်အပါးမက်တဲ့သူဆို သူလည်း အပျော်အပါးမက်နေပါလိမ့်မယ်။

သင်က ငွေမက်သလို လောဘကြီးသလို သူလည်း လောဘကြီးပြီး ငွေရှာနိုင်တဲ့သူ ငွေရှာဖို့ ဆန္ဒရှိသူတွေ ဖြစ်နေပါလိမ့်မယ်။

ဖူးစာဖက်စစ် မှန်တယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သိပ်သတိ ထားပေးစရာမလိုလောက်အောင် အမူအကျင့်တွေ၊

စိတ်သဘောထားတွေ တူနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်လည်း သင့်ဖူးစာဖက်နဲ့အတူ ပျော်ရွှင်နိုင် ပါစေနော်

Credit