Credit
Unicode
ထိုက်တန်ရင် ကိုယ့်ဆီကိုပဲ ရောက်လာမှာပါ
ကိုယ်အရမ်း ချစ်ရ တဲ့သူ ကို ဆုံးရူံးရမှာ ကြောက်နေ လား ။
မကြောက်ပါနဲ့ ။ သင်သာ အကောင်းဆုံး ထိုက်တန်သူ ဖြစ် ပါစေ သင့်ဆီ ရောက်လာ မှာပါ ။
ကိုယ်က အရမ်း တန်ဖိုးထား ရသူက ကိုယ့်အနားကနေ ရှင်ကွဲ ကွဲထားခဲ့မှာ ကြောက်နေလား ။
မကြောက်ပါနဲ့ ။ သင် အရမ်းကြီး မျှော်လင့် ထားရင် အများကြီး နာကျင် ခံစားရ တတ်ပြီး
သင်နဲ့ ထိုက်တန်တဲ့သူ ဆိုရင် သင်မောင်းထုတ်ရင်တောင် သင့်အနားက ထွက်သွားနိုင်မှာ မဟုတ် ဘူးလေ ။
တချို့သော အရာတွေ အပေါ်မှာ မျှော်လင့်ချက် သိပ်မထားပါနဲ့ ။
ဘာလို့လဲ ဆိုတော့ မျှော်လင့်တဲ့ အတိုင်း ဖြစ် မလာတာ ရှိတတ်သလို
တကယ် ထိုက်တန်ပြီ ဆိုရင် မျှော်လင့်မထားလည်း
ဘယ်လောက် ဝေးဝေး ကိုယ့်ဆီ ရောက်လာမှာ သေချာ ပါတယ် ။
မျှော်လင့်ချက် ဆိုတာက လူတယောက် အတွက် အသက် ဖြစ်တယ် လို့ ဆိုပေမယ့်
မဖြစ်နိုင် တာကို မျှော်လင့်မိ ရင်လည်း အသက် ပါမက ဘဝပါ စုတ်ပြတ် သွားနိုင် ပါ တယ် ။
တချို့သော အရာတွေက လိုက်နေ ရင် ပိုဝေးကွာ တတ်ပြီး
မလို ချင်တော့မှ ကိုယ့်ဆီ ရောက် လာ တာမျိုးလည်း ရှိ တတ် ပါတယ် ။
အရာ အားလုံး အပေါ်မှာ သင့်တင့်သော မျှော်လင့် ချက် ထားနိုင်မှ
မဖြစ် နိုင်တဲ့ အခါ ဖြေသာ ရာ ရပြီး အေးချမ်းပါ လိမ့်မယ် … ။
Credit