Love







































Credit

Unicode

လွမ်းတာရှိရင် နာတာလေးနဲ့ဖြေဆိုတာ အမှန်ဘဲ

မလွမ်းဘူးမဟုတ်ဘူး လွမ်းတယ် သတိမရတာ မဟုတ်ဘူး မရအောင်နေတာ မတွေ့ချင်တာ မဟုတ်ဘူး

တွေ့ဖို့မှ မဖြစ်နိုင်ကြတာ အဲ့တော့ ကိုယ့် ဘဝနဲ့ကိုယ် အတတ်နိုင်ဆုံး အဆင်ပြေအောင် နေနေရမယ်

ကိုယ်ကလည်း သူ့အပေါ်မှားတာ ရှိခဲ့ဖူးသလို သူကလည်း ကိုယ့်အပေါ် နာကျင်အောင် လုပ်ခဲ့ဘူးတယ်

မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ရင်တောင် မေ့ပစ်လိုက်တာမျိုး မဟုတ်ဘူး

မေ့လို့ မရခဲ့ ချစ်ခဲ့ကြတာကိုး တစ်နေ့ သူ့wallထဲ အခါ ၁၉၆ခါမက ရောက်ဖြစ်တယ်

ဘယ်သူဘယ်လို cmtရေးတယ် ဘယ်သူ့ကိုတော့

ဘယ်လိုreactပြန်ပေးတယ် စသဖြင့်ပေါ့ အကုန်ကြည့်ဖြစ်တယ်

Hiလို့ရေးပီး ပြန်ပြန်ဖျက်ခဲ့တဲ့ messagesတွေက လည်းမနည်းခဲ့

သူတင်တဲ့ My dayမှာ Othersတွေထဲက တစ်ယောက်ကလည်း

ကိုယ်မပါမဖြစ် ကိုယ့်မှာလည်း ကိုယ့်မာနနဲ့ကိုယ်

သူနဲ့ကိုယ် စလမ်းခွဲတော့ သူကိုယ့်ကို ဘယ်လိုပြောခဲ့တာ စာပို့ဖြစ်တော့မယ်

သတိရတော့မယ်ဆိုရင် အမြဲ ကိုယ့်ကိုကိုယ် ပြန်သတိပေးခဲ့တယ်…

ဘာလို့ဆို ပတ်သတ်ခွင့်မှ မရှိတော့တာ သူလည်း ခုချိန်မှာ သူ့ကောင်မလေးရှိနေပီဖြစ်သလို

သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်နေပီလေ နေရာဒေသတွေ ဘယ်လောက်ဝေးဝေး

သက္ကရာဇ်တွေဘယ်လောက်ပြောင်းပြောင်း ကိုယ်တကယ်ချစ်ခဲ့ဖူးတဲ့ သူကိုတော့ ဘယ်တော့မှ မေ့ပစ်လို့ ရမှာမဟုတ်ဘူး

ဒါကတော့ အသေအချာဘဲ ဘဝနဲ့ရင်းပီး ရတဲ့ သင်ခန်းစာပေါ့နော်

ဒါကြောင့် ကိုယ်တကယ်ချစ်ပီဆိုရင် ဘယ်လိုအတားအဆီး အနှောက်အယှက်တွေရှိရှိ

ရွေးချယ်မှု မှန်ကန်စေချင်တယ် နောင်မှ နောင်တရတာမျိုး မဖြစ်စေချင်ဘူး

ချစ်တိုင်းမညားဘူးဆိုတာလည်း ကိုယ်ကဘဲ လုပ်တာ

ကြာရင်မေ့သွားမယ်ဆိုတာ အပိုတွေပါနော်😌

(အေ တကယ်မချစ်ခဲ့ရင်တော့ မပြောတတ်ဘူးပေါ့နော်)စိတ်နာတတ်လားဆိုနာတတ်တယ်

ပစ်ပစ်ခါခါ ပြောသွားခဲ့တဲ့ စကားတွေအတွက်

(ကိုယ့်ကို ချစ်လှပါရဲ့ဆိုတဲ့ ကိုယ့်ကောင်လေးက ကိုယ့်မကောင်းကြောင်း သူများကိုဖောက်သည်ချနေတာ မျက်မြင်ပြန်တွေ့ခဲ့ရ)😥

ဒါပေမယ့်လည်း ချစ်တယ် ပန်မရနိုင်မှန်းသိလည်းချစ်တယ် မဖြစ်နိုင်မှန်းသိလည်းချစ်တယ်

ကိုယ့်အချစ်ကြောင့်လည်း သူ့ကိုမပူလောင်စေချင်ဘူး သူသိရင်လည်း သူ့အတွက် ခက်ခဲနေမှာ မလိုလားဘူး

အဲ့တော့ ကိုယ့်အချစ်ဒဏ်တွေကို ကျေကျေနပ်နပ်ကြီး ခံယူရင်း တစ်ယောက်ထဲ လူမသိသူမသိ ချစ်နေလိုက်တယ်….

ကိုယ်နာကျင်ပေမယ့် သူပျော်နေတာတွေ့တော့ အဆင်ပြေပါတယ်နော် သူလည်းသူချစ်တဲ့သူနဲ့ပျော်ရွှင်ပါစေ

ကျွန်မကတော့ ကိုယ့်ဇာတ်ကိုယ်နိုင်အောင် ကရတော့မှာပေါ့ ဘဝဆိုတာ ဒီလိုပါဘဲ

ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာ ကိုယ် ရွေးချယ် ရမယ်…ကိုယ့်ကြောင့်….ကိုယ့်တစ်ယောက်ထဲကြောင့်

သူ့ဘဝတက်လမ်းလေးကို ပိတ်ပစ်လို့ မဖြစ်ဘူးမှတ်လာ ?😊

ကျွန်မအချစ်ကတော့ အများပြောသလို စွန့်လွှတ်ခြင်းပေါ့နော်

အသဲတွေကြေမွ သေချင်လောက်အောင်ဖြစ်လည်း ပြန်မပတ်သတ်ဘူး ဘာလို့ဆို (ကျွန်မ အရမ်းချစ်လို့…..)

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲကပေါ့နော် မေ့ဖို့ကြိုးစားခဲ့တာ ခုထိဘဲ တစ်ရက်မှ မေ့လို့မရခဲ့ဘူး

အဲ့ထဲက ခက်ခက်ခဲခဲ မေ့ပစ်ဖို့မကြိုးစားဖြစ်တော့ဘူး အရမ်းတွေသတိရလို့

ခက်ခဲနေရင်တော့ စာတွေပို့ချင်နေရင်တော့ ကျွန်မရဲ့ နာကျင်ခဲ့ရမှုတွေကိုတော့ သတိပေးလိုက်တယ်

ကျွန်မလွမ်းတာရှိရင်တော့ နာတာလေးနဲ့ ဖြေလိုက်တယ်….. ကျွန်မအချစ်က ဒီလောက်ပါပဲ..🙂

Credit