ဘယ္လို အခ်ိန္မွာ ျဖစ္ျဖစ္ ကိုယ့္ကို စိတ္သက္သာရာ ရေစတဲ့သူဆိုတာ ဒီလိုမ်ိဳးပါ
အေပါင္းအသင္းေတြ မ်ားတဲ့သူဆိုရင္ေတာင္မွ
ကိုယ့္ကို စိတ္သက္သာေစတဲ့သူမ်ိဳးေတြ ပါသလားဆိုတာကို အေတာ္ ေျပာရခက္ပါတယ္။
ကိုယ့္စိတ္ကို သက္သာရာရေစတဲ့ သူေတြ ဆိုတာ ကိုယ့္မိဘ ျဖစ္ေနနိုင္သလို
ကိုယ့္ ခ်စ္သူ သို႔မဟုတ္ သူငယ္ခ်င္းလည္း ျဖစ္ေနနိုင္ပါတယ္။
ေသခ်ာတာကေတာ့ ကိုယ့္ကို စိတ္သက္သာရာ ရေစတတ္တဲ့ သူေတြကေတာ့ အခုလို အခ်က္ေတြ ရွိေနတတ္ပါတယ္။
နားလည္ေပးတယ္
သူတို႔ေတြကေတာ့ ဘယ္လို အေၾကာင္းအရာပဲ ျဖစ္ေစ ျဖစ္တတ္တဲ့သဘာဝပဲဆိုတဲ့ပုံစံနဲ႕ နားလည္မႈ ေပးတတ္ၾကပါတယ္။
ဒါ့အျပင္ ကိုယ္ ဘာပဲျဖစ္ေနေန အဲ့သည့္ပုံစံကို နားလည္မႈ ေပးေနတတ္တာလည္း သူတို႔ပါပဲ။
မေက်နပ္မႈေတြနဲ႕ ေဒါသေတြကိုလည္း သူ႕ေရွ႕မွာဆို သင္ ဟန္ေဆာင္ဖို႔ မႀကိဳးစားဘဲ
စိတ္ရွင္းရွင္း ေျပာျပလို႔ ရေနတယ္ဆိုရင္ သူက နားလည္ေပးတတ္တဲ့သူမို႔ပါပဲ။
မလိုအပ္ပဲ ဖိအား မေပးဘူး
သင့္ကို နားလည္တဲ့သူ ျဖစ္သလို သင့္ကို မေကာင္းတဲ့ အရာေတြထဲ ႏွစ္မထားတတ္တဲ့ သူမ်ိဳးလည္း ျဖစ္ပါတယ္။
အရာရာကို နားလည္ေပးတယ္ ဆိုေပမယ့္ သင္က ကိုယ့္စိတ္ကိုပိုၿပီး ပူေလာင္ေအာင္ လုပ္မိတာမ်ိဳး၊
ေပေတၿပီး ကိုယ့္ကိုယ္ကို ႏွိပ္စက္တာမ်ိဳးကိုဆို ၾကည့္မေနနိုင္တဲ့သူေတြ ျဖစ္ပါတယ္။
ဒီလို မေကာင္းတာေတြ ျဖစ္ေနရင္ေတာ့ သင္ ေျပာင္းလဲဖို႔ သူတို႔က စကားလုံးအရေရာ၊ အျပဳအမူအရပါ ဖိအားေပးတတ္ၾကပါတယ္။
ေျပာသမွ်အကုန္ နားေထာင္ေပးတယ္
သင္ ဘာပဲေျပာေျပာ၊ သင့္ကို ဘယ္လိုလူပါဆိုၿပီး မေဝဖန္၊ အကဲမျဖတ္တဲ့သူေတြလည္း ျဖစ္ပါတယ္။
ဒီအခ်က္ေၾကာင့္ သင္ ေပ်ာ္တာျဖစ္ျဖစ္၊ ဝမ္းနည္းတာ ျဖစ္ျဖစ္ သူ႕ကို ေျပာလို႔ ရပါတယ္။
သူ႕ကို ဘာပဲျဖစ္ျဖစ္ ေျပာလိုက္တိုင္းမွာ သင္ကိုယ္တိုင္လည္း စိတ္သက္သက္သာသာ ျဖစ္သြားတတ္ပါတယ္။
အေဖာ္အျဖစ္ ရွိေပးတယ္
သင့္အတြက္ သူက အားရင္ အားသလို အေဖာ္အျဖစ္ ရွိေနေပးတတ္ပါတယ္။
သင္ ဝမ္းနည္းေနရင္လည္း သင္ေျပာတာေတြ နားေထာင္ၿပီး ႏွစ္သိမ့္ေပးတတ္သလို သင္ ေဒါသထြက္ေနရင္လည္း
စိတ္သက္သာသြားေအာင္ ေျပာတတ္ၾကပါတယ္။
စိတ္ေျပလက္ေပ်ာက္ ျဖစ္ေအာင္ စကားအတူေျပာေပးတာ၊
မုန့္အတူစားတာ စတာေတြကိုလည္း ျပဳလုပ္ေပးတတ္ၾကပါေသးတယ္။
သူ တကယ္ မအားမွပဲ မအားေသးေၾကာင္း ေျပာတတ္တာပါ။
အျပစ္ ေျပာစရာရွိရင္ ေျပာတယ္
သင္ ဘာေျပာေျပာ နားေထာင္တဲ့သူဆိုေပမယ့္ သင့္ကို ဒီအတိုင္း ၾကည့္ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။
တျခားသူဘက္က လြန္တာ မဟုတ္ဘဲ သင့္ဘက္က လြန္တာမ်ိဳးကိုဆိုရင္
သူတို႔က သင့္အျမင္ေတြကို တည့္မတ္ေပးၿပီး စိတ္သက္သာေအာင္ ျပဳလုပ္ေပးတတ္ၾကပါတယ္။
အျပစ္ ေျပာစရာ ရွိတာ ေျပာေပမယ့္ သင့္ကိုေတာ့ စိတ္သက္သာေအာင္ ျပဳလုပ္ေပးနိုင္ၾကပါေသးတယ္။
Credit
Unicode
ဘယ်လို အချိန်မှာ ဖြစ်ဖြစ် ကိုယ့်ကို စိတ်သက်သာရာ ရစေတဲ့သူဆိုတာ ဒီလိုမျိုးပါ
အပေါင်းအသင်းတွေ များတဲ့သူဆိုရင်တောင်မှ
ကိုယ့်ကို စိတ်သက်သာစေတဲ့သူမျိုးတွေ ပါသလားဆိုတာကို အတော် ပြောရခက်ပါတယ်။
ကိုယ့်စိတ်ကို သက်သာရာရစေတဲ့ သူတွေ ဆိုတာ ကိုယ့်မိဘ ဖြစ်နေနိုင်သလို
ကိုယ့် ချစ်သူ သို့မဟုတ် သူငယ်ချင်းလည်း ဖြစ်နေနိုင်ပါတယ်။
သေချာတာကတော့ ကိုယ့်ကို စိတ်သက်သာရာ ရစေတတ်တဲ့ သူတွေကတော့ အခုလို အချက်တွေ ရှိနေတတ်ပါတယ်။
နားလည်ပေးတယ်
သူတို့တွေကတော့ ဘယ်လို အကြောင်းအရာပဲ ဖြစ်စေ ဖြစ်တတ်တဲ့သဘာဝပဲဆိုတဲ့ပုံစံနဲ့ နားလည်မှု ပေးတတ်ကြပါတယ်။
ဒါ့အပြင် ကိုယ် ဘာပဲဖြစ်နေနေ အဲ့သည့်ပုံစံကို နားလည်မှု ပေးနေတတ်တာလည်း သူတို့ပါပဲ။
မကျေနပ်မှုတွေနဲ့ ဒေါသတွေကိုလည်း သူ့ရှေ့မှာဆို သင် ဟန်ဆောင်ဖို့ မကြိုးစားဘဲ
စိတ်ရှင်းရှင်း ပြောပြလို့ ရနေတယ်ဆိုရင် သူက နားလည်ပေးတတ်တဲ့သူမို့ပါပဲ။
မလိုအပ်ပဲ ဖိအား မပေးဘူး
သင့်ကို နားလည်တဲ့သူ ဖြစ်သလို သင့်ကို မကောင်းတဲ့ အရာတွေထဲ နှစ်မထားတတ်တဲ့ သူမျိုးလည်း ဖြစ်ပါတယ်။
အရာရာကို နားလည်ပေးတယ် ဆိုပေမယ့် သင်က ကိုယ့်စိတ်ကိုပိုပြီး ပူလောင်အောင် လုပ်မိတာမျိုး၊
ပေတေပြီး ကိုယ့်ကိုယ်ကို နှိပ်စက်တာမျိုးကိုဆို ကြည့်မနေနိုင်တဲ့သူတွေ ဖြစ်ပါတယ်။
ဒီလို မကောင်းတာတွေ ဖြစ်နေရင်တော့ သင် ပြောင်းလဲဖို့ သူတို့က စကားလုံးအရရော၊ အပြုအမူအရပါ ဖိအားပေးတတ်ကြပါတယ်။
ပြောသမျှအကုန် နားထောင်ပေးတယ်
သင် ဘာပဲပြောပြော၊ သင့်ကို ဘယ်လိုလူပါဆိုပြီး မဝေဖန်၊ အကဲမဖြတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။
ဒီအချက်ကြောင့် သင် ပျော်တာဖြစ်ဖြစ်၊ ဝမ်းနည်းတာ ဖြစ်ဖြစ် သူ့ကို ပြောလို့ ရပါတယ်။
သူ့ကို ဘာပဲဖြစ်ဖြစ် ပြောလိုက်တိုင်းမှာ သင်ကိုယ်တိုင်လည်း စိတ်သက်သက်သာသာ ဖြစ်သွားတတ်ပါတယ်။
အဖော်အဖြစ် ရှိပေးတယ်
သင့်အတွက် သူက အားရင် အားသလို အဖော်အဖြစ် ရှိနေပေးတတ်ပါတယ်။
သင် ဝမ်းနည်းနေရင်လည်း သင်ပြောတာတွေ နားထောင်ပြီး နှစ်သိမ့်ပေးတတ်သလို သင် ဒေါသထွက်နေရင်လည်း
စိတ်သက်သာသွားအောင် ပြောတတ်ကြပါတယ်။
စိတ်ပြေလက်ပျောက် ဖြစ်အောင် စကားအတူပြောပေးတာ၊
မုန့်အတူစားတာ စတာတွေကိုလည်း ပြုလုပ်ပေးတတ်ကြပါသေးတယ်။
သူ တကယ် မအားမှပဲ မအားသေးကြောင်း ပြောတတ်တာပါ။
အပြစ် ပြောစရာရှိရင် ပြောတယ်
သင် ဘာပြောပြော နားထောင်တဲ့သူဆိုပေမယ့် သင့်ကို ဒီအတိုင်း ကြည့်နေတာမျိုးတော့ မဟုတ်ပါဘူး။
တခြားသူဘက်က လွန်တာ မဟုတ်ဘဲ သင့်ဘက်က လွန်တာမျိုးကိုဆိုရင်
သူတို့က သင့်အမြင်တွေကို တည့်မတ်ပေးပြီး စိတ်သက်သာအောင် ပြုလုပ်ပေးတတ်ကြပါတယ်။
အပြစ် ပြောစရာ ရှိတာ ပြောပေမယ့် သင့်ကိုတော့ စိတ်သက်သာအောင် ပြုလုပ်ပေးနိုင်ကြပါသေးတယ်။
Credit