မိန္းကေလး တို႔ သတိထားသင့္ေသာ ေယာက်ၤားမ်ား ၏ ထိုခဏ
၁ ။ ခဏေလးပါကြာ …. မေၾကာက္ပါနဲ႔ .. တကယ္ကိုခဏေလး ပါပဲ
ခပ္တိုးတိုး နဲ႔ ေလသံကခြၽဲပစ္ၿပီး ၾကက္သီးထဖြယ္ေကာင္းေလာက္ေအာင္
သာမက ရင္ေတြ တစ္ဒိုင္းဒိုင္း ခုန္ လာေစေသာ ထိုစကားသံ ႏွင့္အတူ
တစ္ဆတ္ဆတ္တုန္ရီေနတဲ့ အပ်ိဳစင္မေလး ရဲ႕ ခႏၵာေပၚက စုန္ဆန္ခ်ည္ အလုပ္မ်ားေနတဲ့
လက္တစ္စုံ ပိုင္႐ွင္ ရဲ႕ စကားေလး တစ္ခြန္းကညီမ တို႔ ဘဝတစ္ခုလုံးကို စုတ္ျပတ္ေၾကမြ သြားေစႏိုင္တယ္ ဆိုတာ သတိထားေစ လိုပါတယ္။
တစ္သက္စာ ထိန္းသိမ္းလာခဲ့ရတဲ့ အပ်ိဳစင္ ဘဝ ဟာ ထို ပုရိသ ရဲ႕ ခြင့္ေတာင္းလိုဟန္ေႏွာေပမယ့္ အမိန္႔ ေပးသံေပ်ာ့ေပ်ာ့ ရဲ႕
ထို ခဏ ေအာက္မွာ တစ္သက္စာ ေၾကမြ ပ်က္သုန္းသြား ႏိုင္တယ္။
တစ္မိနစ္ အတြင္းမွာတင္ အပ်ိဳစင္ဘဝ ေပ်ာက္ကြယ ္ပ်က္စီးသြားႏိုင္တယ္ဆိုတာ သတိခ်ပ္ေစလိုပါတယ္။
မိန္းကေလး တို႔ သိထားဖို႔ က အပ်ိဳစင္ဘဝ ကို မဂၤလာ႐ွိေသာ မဂၤလာဦးည တိုင္ ထိန္းသိမ္းဖို႔ ၊
တန္ဖိုးထားဖို႔ အင္မတန္ ခ်ဳပ္တည္း ထိန္းသိမ္းခဲ့ရ တာ ကိုက ဘဝ တစ္သက္စာ အတြက္ တန္ဖိုး႐ွိေသာ၊
မဂၤလာ႐ွိေသာ သတို႔ သမီးအျဖစ္ ခင္ပြန္းသည္ရဲ႕ တန္ဖိုးထားမႈ၊ျမတ္ႏိုးမႈ ၊ ေလးစားမႈ ကို တစ္သက္စာ ပိုင္ဆိုင္ႏိုင္ဖို႔ ျဖစ္ပါတယ္။
မိမိကို လက္ထပ္မည္၊ လက္မထပ္မည္ မေသခ်ာ ေသးတဲ့ ခ်စ္သူရည္းစား တစ္ေယာက္ ရဲ႕
ခဏေလး ပါကြာ ဆိုတဲ့ အေလးမထားတဲ့စကား တစ္ခြန္းေအာက္မွာ သင္အရည္ေပ်ာ္နစ္မြန္းခဲ့ မိရင္ေတာ့..
သင္ေပးဆပ္ရမယ့္ တန္ဖိုးက ထိုခဏေလး အတြက္ တန္ပါရဲ႕ လား လို႔ ထိုစကားၾကားစဥ္ ခဏမွာ ေတြးမိ စဥ္းစားမိေစခ်င္ပါတယ္။
၂ ။ ခဏေလး လိုက္ခဲ့ပါကြာေနာ္
ခဏေလး ဟိုနားလိုက္ခဲ့ပါ ။ ဒီနားလာခဲ့ပါဆိုတဲ့ ခ်ိန္းဆိုမႈ ေတြ ေအာက္မွာ အပ်ိဳစင္ဘယ္ႏွစ္ေယာက္ ေလာက္ လမ္းေပ်ာက္ခဲ့ၾက ၿပီးၿပီလဲ ။
ခဏေလး လိုက္ခဲ့ပါ ကြာ ေနာ္ ဆိုတဲ့စကားေနာက္မွာ ေကာက္ေကာက္ပါေအာင္ လိုက္ခဲ့မိတဲ့ အပ်ိဳမေလး တို႔ ေရာက္သြားႏိုင္တဲ့
အေပါစားတည္းခိုခန္း ေတြ၊ထူထပ္တဲ့ျခဳံဖုတ္ေတြ၊လူျပတ္တဲ့လမ္းၾကားေတြ၊စသည္စသည္ ေနရာမ်ား ကို
အလြယ္တကူ အေလ်ာ့ေပးအလိုမလိုက္ အားမနာပဲျငင္းဆန္ႏိုင္တဲ့သတၱိ နဲ႔ ခြန္းအား ျပည့္ဝ ေနေစလိုပါတယ္။
မိမိ ယုံၾကည္ေလးစားရတဲ့ ခ်စ္သူ ပင္ျဖစ္လင့္ကစား ပုံမမွန္တဲ့ ေနရာေဒသေတြ ကို ခ်ိန္းဆိုေခၚေဆာင္သြားတဲ့အခါ
မိမိတန္းဖိုးထား ရတဲ့ အပ်ိဳစင္ဘဝကို အစြမ္းကုန္ထိန္းသိမ္းကာကြယ္ဖို႔ သတိေလးကပ္ၿပီး
အလိမၼာစကားႏွင့္ျငင္းပယ္ ႏိုင္ဖို႔ ႀကိဳတင္စဥ္းစား ျပင္ဆင္ထားသင့္ပါတယ္။
၃ ။ ခဏေတာ့ ေစာင့္ပါကြာ
တစ္ခ်ိဳ႕ ေယာက်ၤားေတြဟာ ရည္မွန္းခ်က္တစ္စုံတစ္ရာ အတြက္ ႀကိဳးပန္းခ်ိန္မွာ ၎တို႔ရဲ႕
ခ်စ္သူ မိန္းကေလးမ်ားကို စိတ္႐ွည္လက္႐ွည္ေစာင့္စား ေနဖို႔ ခြင့္ပန္ေလ့႐ွိပါတယ္။
သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ ကတိမတည္တဲ့ေယာက်ၤားအခ်ိဳ႕ ကို ေစာင့္ေမွ်ာ္ရင္း
တန္ဖိုး႐ွိတဲ့ ပ်ိဳျမစ္ျခင္းေတြ ကိုေပးဆပ္လိုက္ရတဲ့ အညာခံ အပ်ိဳႀကီးေတြ လဲအမ်ားႀကီး ႐ွိေနတယ္ဆိုတာ ေတာ့မေမ့ေစခ်င္ဘူး။
ဒါဆို မေစာင့္ပဲေနဖို႔ လားဆိုေတာ့လဲ မဟုတ္ပါဘူး။ေစာင့္ေမွ်ာ္ပါ ။
မိမိခ်စ္သူ ရည္မွန္းခ်က္ပန္းတိုင္ေရာက္သည္အထိ တတ္ႏိုင္ရင္ ပါရမီျဖည့္သင့္ရင္ျဖည့္ၿပီးေစာင့္ေမွ်ာ္ပါ။
ဒါေပမယ့္ ညီမတို႔ ရဲ႕ ႏွလုံးသားတံခါး ကိုသာ ခ်စ္သူအတြက္ေသာ့ခတ္ ထားေပးၿပီး
ညီမတို႔ မ်က္လုံးေတြကိုဖြင့္၊ နားေတြကို စြင့္ ၿပီး အေဝးေရာက္ခ်စ္သူကို မ်က္ေခ်မျပတ္ဖို႔ လဲလိုတယ္ဆိုတာ မေမ့ေစခ်င္ဘူး။
မိမိတို႔ ခ်စ္သူရဲ႕ ခဏေလာက္ေစာင့္ ေပးပါကြာ ဆိုတဲ့စကားကို နာခံေနစဥ္ ထိုခဏ မွာလဲ
မိမိတို႔ တတ္စြမ္းသေလာက္ ကိုယ္ေရကိုယ္ေသြးျပည့္ဝေနေအာင္လဲ ႀကိဳးစားထားဖို႔ လိုတယ္။
တစ္ခ်ိဳ႕ က႐ွိတတ္တယ္။ ကိုယ့္ခ်စ္သူက ႏိုင္ငံျခားမွာပါရဂူဘြဲ႕ ၊ သို႔ ၊ စီးပြားေရးအတြက္ အတြက္ႀကိဳးပန္းေနစဥ္ခဏမွာ
ျပန္လာရင္ ပါရဂူႀကီး ပေရာ္ဖက္ဆာႀကီး ၊ သူေဌးႀကီး ျဖစ္မွာမို႔ ငါကေတာ့ အလွအပပဲ ျပင္ထားမယ္
က်န္တဲ့အရည္အခ်င္းေတြ ႐ွိစရာမလိုဘူးလို႔ ေတြးရင္း အခ်ိန္ေတြျဖဳန္းတီးေနတဲ့ မိန္းမငယ္တစ္ခ်ိဳ႕အတြက္ ေတာ့ ရင္ေလးစရာပါပဲ။
႐ုပ္ခႏၵာ အလွအပ သည္ ၾကာ႐ွည္ မတည္ၿမဲ ၊ ပညာအလွသည္သာ ထာဝရ ၿမဲျမံပါတယ္။
တစ္ခ်ိဳ႕ ေယာက်ၤားေတြ မ်ားက်ေတာ့လည္း ခဏေတာ့ေစာင့္ပါကြာ ဆိုတဲ့စကားေနာက္မွာ
စုန္းစုန္းျမဳတ္ေပ်ာက္ကြယ္ရင္း အိပ္မက္ေတြ အဖန္ဖန္ေပး ေၾကေအးဖို႔ေတးေတြ ခဏခဏ ဆိုေနဆဲပဲေပါ့။
ဘာပဲျဖစ္ျဖစ္ ပါ…လူ႕ ဘဝက သိပ္တိုပါတယ္။ တကယ္ကို ခဏေလး ပါပဲ။
ထိုခဏေလး မ်ားစြာေတြထဲမွာ မွ ေယာက်ၤားမ်ားရဲ႕ ထိုခဏ အတြက္ေတာ့ ညီမတို႔ ရဲ႕ အပ်ိဳစင္ဘဝနဲ႔
မိမိတို႔ ကိုယ္ပိုင္ဖန္းတီးတည္ေဆာက္ႏိုင္စြမ္းေတြကို အယုံမလြယ္ပဲ အေလးအနက္ထား ႀကိဳးပမ္းထိန္းသိမ္းသင့္တယ္ လို႔ အၾကံျပဳ လိုက္ပါရေစေနာ္။
ေလးစားခ်စ္ခင္လ်က္
Credit
Unicode
မိန်းကလေး တို့ သတိထားသင့်သော ယောင်္ကျားများ ၏ ထိုခဏ
၁ ။ ခဏလေးပါကွာ …. မကြောက်ပါနဲ့ .. တကယ်ကိုခဏလေး ပါပဲ
ခပ်တိုးတိုး နဲ့ လေသံကချွဲပစ်ပြီး ကြက်သီးထဖွယ်ကောင်းလောက်အောင်
သာမက ရင်တွေ တစ်ဒိုင်းဒိုင်း ခုန် လာစေသော ထိုစကားသံ နှင့်အတူ
တစ်ဆတ်ဆတ်တုန်ရီနေတဲ့ အပျိုစင်မလေး ရဲ့ ခန္ဒာပေါ်က စုန်ဆန်ချည် အလုပ်များနေတဲ့
လက်တစ်စုံ ပိုင်ရှင် ရဲ့ စကားလေး တစ်ခွန်းကညီမ တို့ ဘဝတစ်ခုလုံးကို စုတ်ပြတ်ကြေမွ သွားစေနိုင်တယ် ဆိုတာ သတိထားစေ လိုပါတယ်။
တစ်သက်စာ ထိန်းသိမ်းလာခဲ့ရတဲ့ အပျိုစင် ဘဝ ဟာ ထို ပုရိသ ရဲ့ ခွင့်တောင်းလိုဟန်နှောပေမယ့် အမိန့် ပေးသံပျော့ပျော့ ရဲ့
ထို ခဏ အောက်မှာ တစ်သက်စာ ကြေမွ ပျက်သုန်းသွား နိုင်တယ်။
တစ်မိနစ် အတွင်းမှာတင် အပျိုစင်ဘဝ ပျောက်ကွယ်ပျက်စီးသွားနိုင်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။
မိန်းကလေး တို့ သိထားဖို့ က အပျိုစင်ဘဝ ကို မင်္ဂလာရှိသော မင်္ဂလာဦးည တိုင် ထိန်းသိမ်းဖို့ ၊
တန်ဖိုးထားဖို့ အင်မတန် ချုပ်တည်း ထိန်းသိမ်းခဲ့ရ တာ ကိုက ဘဝ တစ်သက်စာ အတွက် တန်ဖိုးရှိသော၊
မင်္ဂလာရှိသော သတို့ သမီးအဖြစ် ခင်ပွန်းသည်ရဲ့ တန်ဖိုးထားမှု၊မြတ်နိုးမှု ၊ လေးစားမှု ကို တစ်သက်စာ ပိုင်ဆိုင်နိုင်ဖို့ ဖြစ်ပါတယ်။
မိမိကို လက်ထပ်မည်၊ လက်မထပ်မည် မသေချာ သေးတဲ့ ချစ်သူရည်းစား တစ်ယောက် ရဲ့
ခဏလေး ပါကွာ ဆိုတဲ့ အလေးမထားတဲ့စကား တစ်ခွန်းအောက်မှာ သင်အရည်ပျော်နစ်မွန်းခဲ့ မိရင်တော့..
သင်ပေးဆပ်ရမယ့် တန်ဖိုးက ထိုခဏလေး အတွက် တန်ပါရဲ့ လား လို့ ထိုစကားကြားစဉ် ခဏမှာ တွေးမိ စဉ်းစားမိစေချင်ပါတယ်။
၂ ။ ခဏလေး လိုက်ခဲ့ပါကွာနော်
ခဏလေး ဟိုနားလိုက်ခဲ့ပါ ။ ဒီနားလာခဲ့ပါဆိုတဲ့ ချိန်းဆိုမှု တွေ အောက်မှာ အပျိုစင်ဘယ်နှစ်ယောက် လောက် လမ်းပျောက်ခဲ့ကြ ပြီးပြီလဲ ။
ခဏလေး လိုက်ခဲ့ပါ ကွာ နော် ဆိုတဲ့စကားနောက်မှာ ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ အပျိုမလေး တို့ ရောက်သွားနိုင်တဲ့
အပေါစားတည်းခိုခန်း တွေ၊ထူထပ်တဲ့ခြုံဖုတ်တွေ၊လူပြတ်တဲ့လမ်းကြားတွေ၊စသည်စသည် နေရာများ ကို
အလွယ်တကူ အလျော့ပေးအလိုမလိုက် အားမနာပဲငြင်းဆန်နိုင်တဲ့သတ္တိ နဲ့ ခွန်းအား ပြည့်ဝ နေစေလိုပါတယ်။
မိမိ ယုံကြည်လေးစားရတဲ့ ချစ်သူ ပင်ဖြစ်လင့်ကစား ပုံမမှန်တဲ့ နေရာဒေသတွေ ကို ချိန်းဆိုခေါ်ဆောင်သွားတဲ့အခါ
မိမိတန်းဖိုးထား ရတဲ့ အပျိုစင်ဘဝကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်ဖို့ သတိလေးကပ်ပြီး
အလိမ္မာစကားနှင့်ငြင်းပယ် နိုင်ဖို့ ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါတယ်။
၃ ။ ခဏတော့ စောင့်ပါကွာ
တစ်ချို့ ယောင်္ကျားတွေဟာ ရည်မှန်းချက်တစ်စုံတစ်ရာ အတွက် ကြိုးပန်းချိန်မှာ ၎င်းတို့ရဲ့
ချစ်သူ မိန်းကလေးများကို စိတ်ရှည်လက်ရှည်စောင့်စား နေဖို့ ခွင့်ပန်လေ့ရှိပါတယ်။
သိပ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ချို့သော ကတိမတည်တဲ့ယောင်္ကျားအချို့ ကို စောင့်မျှော်ရင်း
တန်ဖိုးရှိတဲ့ ပျိုမြစ်ခြင်းတွေ ကိုပေးဆပ်လိုက်ရတဲ့ အညာခံ အပျိုကြီးတွေ လဲအများကြီး ရှိနေတယ်ဆိုတာ တော့မမေ့စေချင်ဘူး။
ဒါဆို မစောင့်ပဲနေဖို့ လားဆိုတော့လဲ မဟုတ်ပါဘူး။စောင့်မျှော်ပါ ။
မိမိချစ်သူ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ တတ်နိုင်ရင် ပါရမီဖြည့်သင့်ရင်ဖြည့်ပြီးစောင့်မျှော်ပါ။
ဒါပေမယ့် ညီမတို့ ရဲ့ နှလုံးသားတံခါး ကိုသာ ချစ်သူအတွက်သော့ခတ် ထားပေးပြီး
ညီမတို့ မျက်လုံးတွေကိုဖွင့်၊ နားတွေကို စွင့် ပြီး အဝေးရောက်ချစ်သူကို မျက်ချေမပြတ်ဖို့ လဲလိုတယ်ဆိုတာ မမေ့စေချင်ဘူး။
မိမိတို့ ချစ်သူရဲ့ ခဏလောက်စောင့် ပေးပါကွာ ဆိုတဲ့စကားကို နာခံနေစဉ် ထိုခဏ မှာလဲ
မိမိတို့ တတ်စွမ်းသလောက် ကိုယ်ရေကိုယ်သွေးပြည့်ဝနေအောင်လဲ ကြိုးစားထားဖို့ လိုတယ်။
တစ်ချို့ ကရှိတတ်တယ်။ ကိုယ့်ချစ်သူက နိုင်ငံခြားမှာပါရဂူဘွဲ့ ၊ သို့ ၊ စီးပွားရေးအတွက် အတွက်ကြိုးပန်းနေစဉ်ခဏမှာ
ပြန်လာရင် ပါရဂူကြီး ပရော်ဖက်ဆာကြီး ၊ သူဌေးကြီး ဖြစ်မှာမို့ ငါကတော့ အလှအပပဲ ပြင်ထားမယ်
ကျန်တဲ့အရည်အချင်းတွေ ရှိစရာမလိုဘူးလို့ တွေးရင်း အချိန်တွေဖြုန်းတီးနေတဲ့ မိန်းမငယ်တစ်ချို့အတွက် တော့ ရင်လေးစရာပါပဲ။
ရုပ်ခန္ဒာ အလှအပ သည် ကြာရှည် မတည်မြဲ ၊ ပညာအလှသည်သာ ထာဝရ မြဲမြံပါတယ်။
တစ်ချို့ ယောင်္ကျားတွေ များကျတော့လည်း ခဏတော့စောင့်ပါကွာ ဆိုတဲ့စကားနောက်မှာ
စုန်းစုန်းမြုတ်ပျောက်ကွယ်ရင်း အိပ်မက်တွေ အဖန်ဖန်ပေး ကြေအေးဖို့တေးတွေ ခဏခဏ ဆိုနေဆဲပဲပေါ့။
ဘာပဲဖြစ်ဖြစ် ပါ…လူ့ ဘဝက သိပ်တိုပါတယ်။ တကယ်ကို ခဏလေး ပါပဲ။
ထိုခဏလေး များစွာတွေထဲမှာ မှ ယောင်္ကျားများရဲ့ ထိုခဏ အတွက်တော့ ညီမတို့ ရဲ့ အပျိုစင်ဘဝနဲ့
မိမိတို့ ကိုယ်ပိုင်ဖန်းတီးတည်ဆောက်နိုင်စွမ်းတွေကို အယုံမလွယ်ပဲ အလေးအနက်ထား ကြိုးပမ်းထိန်းသိမ်းသင့်တယ် လို့ အကြံပြု လိုက်ပါရစေနော်။
လေးစားချစ်ခင်လျက်
Credit