လူတစ္ေယာက္ကို ကိုယ့္ကိုယ္ကိုုထက္ ပိုခ်စ္ခဲ့ဖူးတယ္
သူအဆင္ေျပရဲ႕လားလုိ့ေတြးရင္း ကုိယ္အဆင္ေျပေနလားေမးဖို့ေမ့ေနတဲ့ရက္ေတြမွ အမ်ားၾကီိးပါ
သူအိပ္ေပ်ာ္ပါ့မလားေတြးရင္း ကိုယ္ အိပ္မေပ်ာ္ခဲ့တာေတြလဲ အခါခါ … သူျပံဳးေနတာျမင္ရရံုနဲ႕ ကိုယ္မပုိင္ရလဲ ေပ်ာ္ပါတယ္
တခ်ိဳ႕ရက္ေတြ အေနွာင့္အယွက္ေတြျဖစ္မွာစိုးလုိ့ တိတ္ဆိတ္ေပးလုိက္တယ္
တကယ္လုိ့သူသာ ေပ်ာ္ေနမယ္ဆိုရင္ ဘယ္သူနဲ႕မဆိုၾကည္ျဖဴပါတယ္ဆုိတဲ့အထိ ကိုယ့္မွာခ်စ္ခဲ့ဖူးတယ္
ဒါေပမယ့္ အဲ့အခ်စ္ေတြက ျဖဴပါတယ္ ပိုင္ဆိုင္ရမွဆိုတဲ့ အတၱေတြမပါခဲ့ဘူး မပိုင္ရလဲ ျဖစ္ပါတယ္ေပါ့
အဆင္မေျပဘူးဆုိတဲ့ အသံေလးၾကားတဲ့အခါေရာက္ရာအရပ္ေျပးတတ္လာခဲ့ဖူးတာလဲ ဒီေန့ဒီအခ်ိန္ထိပါပဲ
ရပ္တန့္လုိက္ေတာ့မယ္လုိ့ ဘယ္ေလာက္ပဲေတြးေတြး သူမေပ်ာ္တာျမင္ရတိုင္း
ကိုယ္က ဂ်ိဳကာျဖစ္ပါေစဆိုတဲ့ ဆုေလးေတာင္းခဲ့ဖူးတယ္ထင္ပါတယ္ အဲ့ဆုေတာင္းေတြျပည့္တယ္
ေမွ်ာ္ၾကည့္ေနရင္းနဲ႕ တစ္ေန့ေန့က်ရင္ ေ၀းရမယ္ဆိုတာမွန္းသိသိရဲ႕လဲ တကယ္ကို အတည္ၾကီးခ်စ္ခဲ့တာ ေျပာရမယ္ဆိုရင္
ကိုယ့္ကိုယ္ကိုထက္ပိုျပီးခ်စ္ေနခဲ့မိတာ အခ်ိန္ေတြ ပိုေနမွမဟုတ္ပဲ
သူလိုရင္ မအားတဲ့ၾကားက ေျပးလာခ်င္တဲ့ ေျခေထာက္ေတြ သူမေပ်ာ္ဘူးဆိုတာနဲ႕ က်တတ္တဲ့မ်က္ရည္ေတြ တစ္ေန့ေန့ေတာ့ သိေကာင္းပါရဲ႕
ကိုယ္ဟာ…တစ္ေနရာတည္းမွာရပ္ေနရင္းက ဒီေနရာေလးမွာပဲ က်န္ရစ္ျဖစ္ခဲ့ရတဲ့သူေပါ့
ဒါေပမယ့္ ဘယ္သူမွမရွိေတာ့အခ်ိန္ ဒီကမၻာမွာ ကိုယ့္ကိုယ္ကိုထက္ ပုိခ်စ္ခဲ့ဖူးတဲ့ ကိုယ္ရွိခဲ့ဖူးတဲ့အေၾကာင္း သတိရေပးရံုနဲ႕လံုေလာက္ပါတယ္
ဒီဇာတ္လမ္းေတြမွာ ခ်န္ခဲ့ရမယ့္ သူလဲမမွားဘူး က်န္ခဲ့ရမယ့္ ကိုယ့္ကံတရားေပါ့
Credit
Unicode
လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုထက် ပိုချစ်ခဲ့ဖူးတယ်
သူအဆင်ပြေရဲ့လားလို့တွေးရင်း ကိုယ်အဆင်ပြေနေလားမေးဖို့မေ့နေတဲ့ရက်တွေမှ အများကြီးပါ
သူအိပ်ပျော်ပါ့မလားတွေးရင်း ကိုယ် အိပ်မပျော်ခဲ့တာတွေလဲ အခါခါ … သူပြုံးနေတာမြင်ရရုံနဲ့ ကိုယ်မပိုင်ရလဲ ပျော်ပါတယ်
တချို့ရက်တွေ အနှောင့်အယှက်တွေဖြစ်မှာစိုးလို့ တိတ်ဆိတ်ပေးလိုက်တယ်
တကယ်လို့သူသာ ပျော်နေမယ်ဆိုရင် ဘယ်သူနဲ့မဆိုကြည်ဖြူပါတယ်ဆိုတဲ့အထိ ကိုယ့်မှာချစ်ခဲ့ဖူးတယ်
ဒါပေမယ့် အဲ့အချစ်တွေက ဖြူပါတယ် ပိုင်ဆိုင်ရမှဆိုတဲ့ အတ္တတွေမပါခဲ့ဘူး မပိုင်ရလဲ ဖြစ်ပါတယ်ပေါ့
အဆင်မပြေဘူးဆိုတဲ့ အသံလေးကြားတဲ့အခါရောက်ရာအရပ်ပြေးတတ်လာခဲ့ဖူးတာလဲ ဒီနေ့ဒီအချိန်ထိပါပဲ
ရပ်တန့်လိုက်တော့မယ်လို့ ဘယ်လောက်ပဲတွေးတွေး သူမပျော်တာမြင်ရတိုင်း
ကိုယ်က ဂျိုကာဖြစ်ပါစေဆိုတဲ့ ဆုလေးတောင်းခဲ့ဖူးတယ်ထင်ပါတယ် အဲ့ဆုတောင်းတွေပြည့်တယ်
မျှော်ကြည့်နေရင်းနဲ့ တစ်နေ့နေ့ကျရင် ဝေးရမယ်ဆိုတာမှန်းသိသိရဲ့လဲ တကယ်ကို အတည်ကြီးချစ်ခဲ့တာ ပြောရမယ်ဆိုရင်
ကိုယ့်ကိုယ်ကိုထက်ပိုပြီးချစ်နေခဲ့မိတာ အချိန်တွေ ပိုနေမှမဟုတ်ပဲ
သူလိုရင် မအားတဲ့ကြားက ပြေးလာချင်တဲ့ ခြေထောက်တွေ သူမပျော်ဘူးဆိုတာနဲ့ ကျတတ်တဲ့မျက်ရည်တွေ တစ်နေ့နေ့တော့ သိကောင်းပါရဲ့
ကိုယ်ဟာ…တစ်နေရာတည်းမှာရပ်နေရင်းက ဒီနေရာလေးမှာပဲ ကျန်ရစ်ဖြစ်ခဲ့ရတဲ့သူပေါ့
ဒါပေမယ့် ဘယ်သူမှမရှိတော့အချိန် ဒီကမ္ဘာမှာ ကိုယ့်ကိုယ်ကိုထက် ပိုချစ်ခဲ့ဖူးတဲ့ ကိုယ်ရှိခဲ့ဖူးတဲ့အကြောင်း သတိရပေးရုံနဲ့လုံလောက်ပါတယ်
ဒီဇာတ်လမ်းတွေမှာ ချန်ခဲ့ရမယ့် သူလဲမမှားဘူး ကျန်ခဲ့ရမယ့် ကိုယ့်ကံတရားပေါ့
Credit