Lifestyle

ရင့္က်က္တဲ့ လူတစ္ေယာက္ျဖစ္လာရန္ ေျပာင္းလဲသင့္တဲ့ အခ်က္မ်ား

ရင့္က်က္တဲ့ လူတစ္ေယာက္ျဖစ္လာရန္ ေျပာင္းလဲသင့္တဲ့ အခ်က္မ်ား

ရင့္က်က္တယ္ဆုိတာ အသက္အရြယ္နဲ႕မဆုိင္ပါဘူး။

ရင့္က်က္တယ္ဆုိတာ သင့္ကုိသင္နဲ႕ တျခားသူေတြကုိ ဘယ္လုိျပဳမူ ဆက္ဆံသလဲ၊

ဘယ္လုိေတြးသလဲဆုိတာနဲ႕ပဲ သက္ဆုိင္ပါတယ္။ရင့္က်က္တဲ့ လူတစ္ေယာက္ျဖစ္ခ်င္တယ္ဆုိရင္

သင့္ရဲ႕စိတ္ကုိ ေလ့က်င္ျပင္ဆင္ ေျပာင္းလဲရမွာျဖစ္ျပီး

အခုဒီမွာေတာ့ သင့္စိတ္ကုိ ေျပာင္းလဲဖုိ႕လုိအပ္တဲ့ အရာေတြကုိေဖာ္ျပလုိက္ပါတယ္။

၁။ ရည္မွန္းခ်က္ ပန္းတိုင္ထားရွိပါ။

ငယ္ရြယ္စဥ္ကေလးဘ၀တုန္းကေတာ့ ပန္းတုိင္ဆုိတာ ေႏြရာသီ ေက်ာင္းပိတ္ရက္ ျမန္ျမန္ေရာက္ဖုိ႕သာ ျဖစ္ေပမဲ့

သင္တစ္သက္လုံး ကေလးၾကီးလုပ္ေနလုိ႕မရပါဘူး။

အသက္ၾကီးလာတာနဲ႕အမွ် ရင့္က်က္ခ်င္တယ္ဆုိရင္ သင့္မွာေရရွည္ ပန္းတုိင္ေတြရွိဖုိ႕လုိအပ္ပါတယ္။

ရည္ရွည္ပန္းတုိင္ေတြထားရွိျပီး ဒီပန္းတုိင္သုိ႕ တစုိက္မတ္မတ္ အလုပ္လုပ္ေနျပီး ကုိယ္လမ္းေၾကာင္းကုိသြားေနဖုိ႕လုိအပ္ပါတယ္။

၂။၀ါသနာ တစ္ခုခုရွိပါေစ။

လူငယ္တုိင္းမွာေတာ့ ၀ါသနာ ကုိယ္စီရွိၾကမွာ ျဖစ္ပါတယ္။

ရင့္က်က္တဲ့ လူတစ္ေယာက္ ျဖစ္လာျပီဆုိရင္ေတာ့ သင့္ရဲ႕ ၀ါသနာကုိ ေန႕စဥ္တုိးတက္ေနေအာင္လုပ္ဖုိ႕လုိအပ္ပါတယ္။

မိမိ ၀ါသနာပါတဲ့ အရာတစ္ခုထဲမွာ စိတ္ႏွစ္ေနရျခင္းဟာ အခ်ိန္ ဘယ္လုိကုန္ဆုံးသြားသလဲဆုိတာကုိေတာင္

မသိႏုိင္ေတာ့ဘဲ သင့္ကုိသင္တန္ဖုိးထားျခင္းကုိလည္း ျမင့္တက္ေစျပီး တီထြင္မႈကိုလည္း တုိးတက္ေစပါတယ္။

သင္၀ါသနာ ပါေနတဲ့အရာေတြက အမ်ားၾကီးရွိေနႏုိင္ျပီး အားကစား ၀ါသနာပါတာလား၊

ဂီတ၀ါသနာပါတာလား၊ဘာသာစကားသင္ယူရတာ၀ါသနာပါတာလားဆုိတာ ကုိယ့္ကုိကုိယ္ ျပန္လည္ဆန္းစစ္သင့္ပါတယ္။

၃။ ေ၀ဖန္သံေတြ၊ခ်ီးမြမ္းသံေတြကို နားယဥ္ေအာင္ႀကဳိးစားပါ။

ငယ္စဥ္အခါက ေ၀ဖန္သံေတြဟာ နားခါးေနေပမဲ့ သင္ရင့္က်က္လာတာနဲ႕အမွ် ေ၀ဖန္သံေတြကုိ

နားယဥ္ေအာင္ ၾကဳိးစားဖို႕လုိအပ္ပါတယ္။ရင့္က်က္တဲ့ လူတစ္ေယာက္အျဖစ္ မိမိစိတ္ကုိ ေျပာင္းလဲခ်င္တယ္ဆုိရင္

လုိအပ္ေသးတဲ့ အရာ ေနာက္တစ္ခုကေတာ့ ခ်ီးမြမ္းမႈေတြထဲမွာ မသာယာသြားဖုိ႕ပါပဲ။

သင္ရဲ႕ ျဖစ္တည္မႈကို သင္ကုိယ္တုိင္သိျပီး ေ၀ဖန္သံ၊ခ်ီးမြမ္းသံေတြကို တည္တည္ျငိမ္ျငိမ္ လက္ခံတက္ဖုိ႕ လုိအပ္ပါတယ္။

၄။ မိမိကုိယ္ကုိ ယုံၾကည္မႈရွိဖုိ႕ ေလ့က်င့္ပါ။

မိမိကုိယ္ကုိ ယုံၾကည္မႈရွိဖုိ႕ဆုိတာ သင္ၾကားေပးလို႕ရတဲ့အရာမဟုတ္ပဲ ဖမ္းယူေလ့က်င့္ရတဲ့အရာတစ္ခုျဖစ္ပါတယ္။

သင့္ရဲ႕ ၀ါသနာမ်ားနဲ႕ အတတ္ပညာမ်ားကုိ ျပဳစုပ်ဳိးေထာင္ထားျခင္းဟာ အခ်ိန္တန္တဲ့အခါ သင့္ကုိသင္ယုံၾကည္မႈရွိေအာင္

အေထာက္အကူ ျပဳေပးပါလိမ့္မယ္။မိမိကုိယ္ကုိ ယုံၾကည္မႈရွိေစရန္ ျပဳစုပ်ဳိးေထာင္သင့္တဲ့ အေလ့အက်င့္ေတြကေတာ့

သင္စိတ္ရဲ႕ အႏုတ္လကၡဏာ အေတြးေတြကုိ ခ်ေရးထားဖုိ႕ပါပဲ။ ကုိယ္ကုိကုိယ့္ စိတ္ထဲက ေျပာတဲ့ စကားေတြဟာ

မိမိကုိကိုယ္ယုံၾကည္မႈတည္ေဆာက္ရာမွာလည္း အေနွာင့္အယွက္ျဖစ္ေစတတ္ပါတယ္။

၅။ မိမိကုိယ္ကုိ တာ၀န္ယူမႈရွိပါ။

ကေလးေလးတစ္ေယာက္ဟာ သူအရပ္နဲ႕ မမွီတဲ့ အျမင့္ကသၾကားလုံးဗူးကုိ ယူခ်င္တဲ့အတြက္

ေခြးေျခခုံေလးတစ္ခု ေပၚတက္ျပီး ယူပါတယ္။သူ႕ရဲ႕အရပ္က မမွီမကန္း ျဖစ္ေနတဲ့အတြက္ ေခြးေျခေခ်ာ္ျပီး

လဲက်သြားလို႕ ဒူးေပါက္သြားတဲ့အခါ ထုိကေလးက ” ဒီေခြးေျခၾကီးက အသုံးလည္းမက်ဘူးကြာ ” ဆုိျပီး ေခြးေျခေပၚကုိ အျပစ္ပုံခ်တတ္ပါတယ္တဲ့။

ကေလးဘ၀က ဒီလုိေခြးေျခေပၚကုိ အျပစ္ပုံခ်တာဟာ ဘာျပႆနာမွ မရွိေပမဲ့ ၾကီးလာတဲ့အထိ ေခြးေျခကုိ ကန္ျပီး အျပစ္ပုံခ်ေနတုန္းဆုိရင္ေတာ့

သင္ဟာ အသက္ပဲ ၾကီးလာတာပဲလုိ႕ ယူဆရမွာပါ။ဒါေၾကာင့္ သင့္ရဲ႕ အျပဳအမူတုိင္းနဲ႕ စကားလုံးတုိင္းကုိ သင့္အေနနဲ႕ တာ၀န္ယူဖုိ႕လုိအပ္ပါတယ္။

သင္သာလွ်င္ သင့္ဘ၀ရဲ႕ ပဲ့ကုိင္ရွင္ျဖစ္ျပီး သင္လုပ္သမွ်ကိစၥတုိင္းမွာ သင္ဟာ ၁၀၀% အျပည့္အ၀တာ၀န္ရွိပါတယ္။

၆။ သင့္ရဲ႕ စိတ္ကုိ ႏုိင္ေအာင္ထိန္းပါ။

ေဒါသထြက္ျခင္းဟာ လူသားတစ္ေယာက္အေနနဲ႕ ေရွာင္လႊဲလို႕မရေပမဲ့ သင္အေရးမၾကီးတဲ့ ကိစၥေတြကအစ

အေဒါသ အျပင္းအထန္ထြက္တတ္တယ္ဆုိရင္ သင့္ဟာရင့္က်က္တဲ့ လူတစ္ေယာက္မျဖစ္ေသးဘူးလုိ႕ဆုိရမွာပါ။

ဒါေၾကာင့္ စိတ္အလုိလုိက္ျပီး စိတ္လက္မာန္ပါ ျပဳမူတဲ့ အက်င့္ကုိ ေဖ်ာက္ျပီး သင့္ရဲ႕ စိတ္ကုိ ထိန္းခ်ဳပ္ဖုိ႕လုိအပ္ပါတယ္။

၇။ ကူညီတတ္တဲ့ အက်င့္ရွိပါ။

အေလးအပင္ပစၥည္ေးတြမေပးတာတုိ႕ သက္ၾကီးရြယ္အုိမ်ားကုိ ကူညီေပးျခင္းတုိ႕ဟာရင့္က်က္တဲ့ လူေတြရဲ႕ အျပဳအမူတစ္ခုျဖစ္ပါတယ္။

တျခားေသာသူတစ္ေယာက္ကုိ ကူညီလုိက္တဲ့အခါမွာ ကၽြန္ေတာ္တုိ႕ တျခားသူမ်ားကုိ ျပီးေျမာက္ေအာင္ကူညီလုိက္ရတဲ့အတြက္

ေပ်ာ္ရႊင္တဲ့ခံစားခ်က္နဲ႕ မိမိလုပ္ခဲ့တဲ့အရာအေပၚဂုဏ္ယူတဲ့ ခံစားခ်က္မ်ား ျဖစ္ေပၚလာမွာျဖစ္ပါတယ္။

Credit

ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လာရန် ပြောင်းလဲသင့်တဲ့ အချက်များ

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ သင့်ကိုသင်နဲ့ တခြားသူတွေကို ဘယ်လိုပြုမူ ဆက်ဆံသလဲ၊

ဘယ်လိုတွေးသလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်

သင့်ရဲ့စိတ်ကို လေ့ကျင်ပြင်ဆင် ပြောင်းလဲရမှာဖြစ်ပြီး

အခုဒီမှာတော့ သင့်စိတ်ကို ပြောင်းလဲဖို့လိုအပ်တဲ့ အရာတွေကိုဖော်ပြလိုက်ပါတယ်။

၁။ ရည်မှန်းချက် ပန်းတိုင်ထားရှိပါ။

ငယ်ရွယ်စဉ်ကလေးဘဝတုန်းကတော့ ပန်းတိုင်ဆိုတာ နွေရာသီ ကျောင်းပိတ်ရက် မြန်မြန်ရောက်ဖို့သာ ဖြစ်ပေမဲ့

သင်တစ်သက်လုံး ကလေးကြီးလုပ်နေလို့မရပါဘူး။

အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်ချင်တယ်ဆိုရင် သင့်မှာရေရှည် ပန်းတိုင်တွေရှိဖို့လိုအပ်ပါတယ်။

ရည်ရှည်ပန်းတိုင်တွေထားရှိပြီး ဒီပန်းတိုင်သို့ တစိုက်မတ်မတ် အလုပ်လုပ်နေပြီး ကိုယ်လမ်းကြောင်းကိုသွားနေဖို့လိုအပ်ပါတယ်။

၂။ဝါသနာ တစ်ခုခုရှိပါစေ။

လူငယ်တိုင်းမှာတော့ ဝါသနာ ကိုယ်စီရှိကြမှာ ဖြစ်ပါတယ်။

ရင့်ကျက်တဲ့ လူတစ်ယောက် ဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့ ဝါသနာကို နေ့စဉ်တိုးတက်နေအောင်လုပ်ဖို့လိုအပ်ပါတယ်။

မိမိ ဝါသနာပါတဲ့ အရာတစ်ခုထဲမှာ စိတ်နှစ်နေရခြင်းဟာ အချိန် ဘယ်လိုကုန်ဆုံးသွားသလဲဆိုတာကိုတောင်

မသိနိုင်တော့ဘဲ သင့်ကိုသင်တန်ဖိုးထားခြင်းကိုလည်း မြင့်တက်စေပြီး တီထွင်မှုကိုလည်း တိုးတက်စေပါတယ်။

သင်ဝါသနာ ပါနေတဲ့အရာတွေက အများကြီးရှိနေနိုင်ပြီး အားကစား ဝါသနာပါတာလား၊

ဂီတဝါသနာပါတာလား၊ဘာသာစကားသင်ယူရတာဝါသနာပါတာလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်သင့်ပါတယ်။

၃။ ဝေဖန်သံတွေ၊ချီးမွမ်းသံတွေကို နားယဉ်အောင်ကြိုးစားပါ။

ငယ်စဉ်အခါက ဝေဖန်သံတွေဟာ နားခါးနေပေမဲ့ သင်ရင့်ကျက်လာတာနဲ့အမျှ ဝေဖန်သံတွေကို

နားယဉ်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ် မိမိစိတ်ကို ပြောင်းလဲချင်တယ်ဆိုရင်

လိုအပ်သေးတဲ့ အရာ နောက်တစ်ခုကတော့ ချီးမွမ်းမှုတွေထဲမှာ မသာယာသွားဖို့ပါပဲ။

သင်ရဲ့ ဖြစ်တည်မှုကို သင်ကိုယ်တိုင်သိပြီး ဝေဖန်သံ၊ချီးမွမ်းသံတွေကို တည်တည်ငြိမ်ငြိမ် လက်ခံတက်ဖို့ လိုအပ်ပါတယ်။

၄။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လေ့ကျင့်ပါ။

မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာ သင်ကြားပေးလို့ရတဲ့အရာမဟုတ်ပဲ ဖမ်းယူလေ့ကျင့်ရတဲ့အရာတစ်ခုဖြစ်ပါတယ်။

သင့်ရဲ့ ဝါသနာများနဲ့ အတတ်ပညာများကို ပြုစုပျိုးထောင်ထားခြင်းဟာ အချိန်တန်တဲ့အခါ သင့်ကိုသင်ယုံကြည်မှုရှိအောင်

အထောက်အကူ ပြုပေးပါလိမ့်မယ်။မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် ပြုစုပျိုးထောင်သင့်တဲ့ အလေ့အကျင့်တွေကတော့

သင်စိတ်ရဲ့ အနုတ်လက္ခဏာ အတွေးတွေကို ချရေးထားဖို့ပါပဲ။ ကိုယ်ကိုကိုယ့် စိတ်ထဲက ပြောတဲ့ စကားတွေဟာ

မိမိကိုကိုယ်ယုံကြည်မှုတည်ဆောက်ရာမှာလည်း အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။

၅။ မိမိကိုယ်ကို တာဝန်ယူမှုရှိပါ။

ကလေးလေးတစ်ယောက်ဟာ သူအရပ်နဲ့ မမှီတဲ့ အမြင့်ကသကြားလုံးဗူးကို ယူချင်တဲ့အတွက်

ခွေးခြေခုံလေးတစ်ခု ပေါ်တက်ပြီး ယူပါတယ်။သူ့ရဲ့အရပ်က မမှီမကန်း ဖြစ်နေတဲ့အတွက် ခွေးခြေချော်ပြီး

လဲကျသွားလို့ ဒူးပေါက်သွားတဲ့အခါ ထိုကလေးက ” ဒီခွေးခြေကြီးက အသုံးလည်းမကျဘူးကွာ ” ဆိုပြီး ခွေးခြေပေါ်ကို အပြစ်ပုံချတတ်ပါတယ်တဲ့။

ကလေးဘဝက ဒီလိုခွေးခြေပေါ်ကို အပြစ်ပုံချတာဟာ ဘာပြဿနာမှ မရှိပေမဲ့ ကြီးလာတဲ့အထိ ခွေးခြေကို ကန်ပြီး အပြစ်ပုံချနေတုန်းဆိုရင်တော့

သင်ဟာ အသက်ပဲ ကြီးလာတာပဲလို့ ယူဆရမှာပါ။ဒါကြောင့် သင့်ရဲ့ အပြုအမူတိုင်းနဲ့ စကားလုံးတိုင်းကို သင့်အနေနဲ့ တာဝန်ယူဖို့လိုအပ်ပါတယ်။

သင်သာလျှင် သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်ဖြစ်ပြီး သင်လုပ်သမျှကိစ္စတိုင်းမှာ သင်ဟာ ၁၀၀% အပြည့်အဝတာဝန်ရှိပါတယ်။

၆။ သင့်ရဲ့ စိတ်ကို နိုင်အောင်ထိန်းပါ။

ဒေါသထွက်ခြင်းဟာ လူသားတစ်ယောက်အနေနဲ့ ရှောင်လွှဲလို့မရပေမဲ့ သင်အရေးမကြီးတဲ့ ကိစ္စတွေကအစ

အဒေါသ အပြင်းအထန်ထွက်တတ်တယ်ဆိုရင် သင့်ဟာရင့်ကျက်တဲ့ လူတစ်ယောက်မဖြစ်သေးဘူးလို့ဆိုရမှာပါ။

ဒါကြောင့် စိတ်အလိုလိုက်ပြီး စိတ်လက်မာန်ပါ ပြုမူတဲ့ အကျင့်ကို ဖျောက်ပြီး သင့်ရဲ့ စိတ်ကို ထိန်းချုပ်ဖို့လိုအပ်ပါတယ်။

၇။ ကူညီတတ်တဲ့ အကျင့်ရှိပါ။

အလေးအပင်ပစ္စည်ေးတွမပေးတာတို့ သက်ကြီးရွယ်အိုများကို ကူညီပေးခြင်းတို့ဟာရင့်ကျက်တဲ့ လူတွေရဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။

တခြားသောသူတစ်ယောက်ကို ကူညီလိုက်တဲ့အခါမှာ ကျွန်တော်တို့ တခြားသူများကို ပြီးမြောက်အောင်ကူညီလိုက်ရတဲ့အတွက်

ပျော်ရွှင်တဲ့ခံစားချက်နဲ့ မိမိလုပ်ခဲ့တဲ့အရာအပေါ်ဂုဏ်ယူတဲ့ ခံစားချက်များ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

Credit