Lifestyle

ေဒါသႀကီးတတ္တဲ့ ေကာင္မေလးကို ခ်စ္မိေနတယ္ဆိုရင္ သိသင့္တာေလးမ်ား

ေဒါသႀကီးတတ္တဲ့ ေကာင္မေလးကို ခ်စ္မိေနတယ္ဆိုရင္ သိသင့္တာေလးမ်ား

ကြၽန္ေတာ့္ေကာင္မေလးကို ခ်စ္ေပမဲ့ သူစိတ္ႀကီးတာကိုေတာ့ မႀကိဳက္ဘူးဆိုတဲ့ ေကာင္ေလးေတြ ႐ွိတတ္ပါတယ္။

ေကာင္မေလး စိတ္ေက်နပ္ေအာင္ လိုက္ေလ်ာအေလ်ာ့ေပးရတာမ်ားလာရင္ ေကာင္ေလးေတြက ၿငီးေငြ႕လာတတ္ပါတယ္။

ဒီအခ်စ္ေရးကိုလည္း အဆုံးမသတ္ခ်င္ဘဲ ကိုယ့္အေပၚ မၾကာခဏ ဆူပူေအာ္ဟစ္တာ၊ အေၾကာင္း မ႐ွိအေၾကာင္း႐ွာၿပီး

ရစ္တာေတြကို အဆုံးသတ္ခ်င္တယ္ဆိုရင္ ႀကိဳးစားၾကည့္ႏိုင္မယ့္ နည္းလမ္းေလးေတြ႐ွိပါတယ္။

သူက ကိုယ့္အေပၚ အရင္ကေရာ အလိုမက်ျဖစ္ေလ့႐ွိလားဆိုတာ ဆန္းစစ္ၾကည့္ပါ။

အရင္က မျဖစ္ဘဲ အခုေနာက္ပိုင္းမွ ျဖစ္လာတာဆိုရင္ ကိုယ့္ကိုယ့္ကိုယ္ အရင္ေမးၾကည့္လိုက္ပါ။

ကိုယ္ကေရာ တကယ္ပဲ သူ႕အေပၚမွာ စေတြ႕တုန္းကအတိုင္း ခံစားခ်က္႐ွိရဲ႕လားဆိုတာ စဥ္းစားၾကည့္ပါ။

မိန္းကေလးေတြရဲ႕ မသိစိတ္က အရမ္းကို ထူးဆန္းပါတယ္။ ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚ အခ်စ္စိတ္ေတြ

႐ွိေနတယ္ဆိုရင္ မသိစိတ္က အလိုလိုခံစားမိၿပီး စိတ္ေက်နပ္မႈ ရေနတတ္ပါတယ္။

ဒါေပမဲ့ ကိုယ့္ေကာင္ေလးက ကိုယ့္ကိုယ္အရင္လိုပဲ မေျပာင္းမလဲ ခ်စ္ေနပါတယ္လို႔

မသိစိတ္က မယုံၾကည္ေတာ့တဲ့အခါမွာ အရာရာကို အျမင္ မၾကည္လင္ေတာ့ဘဲ အလိုလို ေဒါသထြက္ေနတတ္ပါတယ္။

ဒါေၾကာင့္ မိန္းကေလးတစ္ေယာက္ ေဒါသႀကီးေနရျခင္းက သူ႕ခ်စ္သူက သူ႕ေပၚခ်စ္ေနပါတယ္လို႔ မယုံၾကည္လို႔လည္း ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ ျဖစ္ေနရတာဆိုရင္ ကိုယ့္ရဲ႕ အရင္းခံအခ်စ္နဲ႔ ေႏြးေႏြးေထြးေထြးျပန္ၿပီး ခ်စ္ျပလိုက္ရင္ ေကာင္မေလးရဲ႕ စိတ္ထား ေျပာင္းလဲသြားႏိုင္ပါတယ္။

ဒီလို မဟုတ္ဘဲ ေကာင္မေလးက တျခားသူေတြနဲ႔ ဆက္ဆံတဲ့အခါမွာေရာ ေဒါသႀကီးလား၊ ဆက္ဆံေရး ဘယ္လို႐ွိသလဲ၊

စိတ္မၾကည္လင္စရာ ျပႆနာ ႀကီးႀကီးမားမား ႐ွိသလားဆိုတာေတြ ဆန္းစစ္ၾကည့္ပါ။

သူက ကိုယ့္ကိုသူ႕ရဲ႕ ေဒါသေတြကို ပုံခ်စရာေနရာ တစ္ခုလို႔ သတ္မွတ္ေနတဲ့ပုံစံျဖစ္လာရင္ အေၾကာင္းရင္းကို ပါးစပ္ကေနဖြင့္ေျပာၿပီး ေဆြးေႏြးပါ။

အတူတူ ေျဖ႐ွင္းဖို႔ ႀကိဳးစားၾကည့္တာက အေကာင္းဆုံးနည္းျဖစ္ပါတယ္။

သူ႕ကို ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးက ကိုယ့္အတြက္ ဘယ္ေလာက္အေရးပါသလဲဆိုတာ

နားလည္ေအာင္ ႐ွင္းျပမယ္ဆိုရင္ သူ႕ရဲ႕ အျပဳအမူေတြကို ဆန္းစစ္မိၿပီး သတိျပဳမိလာပါလိမ့္မယ္။

အဲ့ဒီလိုပဲ ကိုယ္ကလည္း သူ႕ခံစားခ်က္နဲ႔ သူၾကဳံေနရတဲ့ ျပႆနာေတြကို နားလည္ေအာင္ ႀကိဳးစားၾကည့္မယ္ဆိုရင္

အရမ္းခ်စ္ၾကေပမဲ့လည္း ေဒါသေၾကာင့္ လြယ္လြယ္နဲ႔ လမ္းခြဲရတဲ့ ျပႆနာမ်ိဳးေတြ ကင္းေဝးတဲ့ ခ်စ္သူေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။

Credit

Unicode

ဒေါသကြီးတတ်တဲ့ ကောင်မလေးကို ချစ်မိနေတယ်ဆိုရင် သိသင့်တာလေးများ

ကျွန်တော့်ကောင်မလေးကို ချစ်ပေမဲ့ သူစိတ်ကြီးတာကိုတော့ မကြိုက်ဘူးဆိုတဲ့ ကောင်လေးတွေ ရှိတတ်ပါတယ်။

ကောင်မလေး စိတ်ကျေနပ်အောင် လိုက်လျောအလျော့ပေးရတာများလာရင် ကောင်လေးတွေက ငြီးငွေ့လာတတ်ပါတယ်။

ဒီအချစ်ရေးကိုလည်း အဆုံးမသတ်ချင်ဘဲ ကိုယ့်အပေါ် မကြာခဏ ဆူပူအော်ဟစ်တာ၊ အကြောင်း မရှိအကြောင်းရှာပြီး

ရစ်တာတွေကို အဆုံးသတ်ချင်တယ်ဆိုရင် ကြိုးစားကြည့်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။

သူက ကိုယ့်အပေါ် အရင်ကရော အလိုမကျဖြစ်လေ့ရှိလားဆိုတာ ဆန်းစစ်ကြည့်ပါ။

အရင်က မဖြစ်ဘဲ အခုနောက်ပိုင်းမှ ဖြစ်လာတာဆိုရင် ကိုယ့်ကိုယ့်ကိုယ် အရင်မေးကြည့်လိုက်ပါ။

ကိုယ်ကရော တကယ်ပဲ သူ့အပေါ်မှာ စတွေ့တုန်းကအတိုင်း ခံစားချက်ရှိရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။

မိန်းကလေးတွေရဲ့ မသိစိတ်က အရမ်းကို ထူးဆန်းပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် အချစ်စိတ်တွေ

ရှိနေတယ်ဆိုရင် မသိစိတ်က အလိုလိုခံစားမိပြီး စိတ်ကျေနပ်မှု ရနေတတ်ပါတယ်။

ဒါပေမဲ့ ကိုယ့်ကောင်လေးက ကိုယ့်ကိုယ်အရင်လိုပဲ မပြောင်းမလဲ ချစ်နေပါတယ်လို့

မသိစိတ်က မယုံကြည်တော့တဲ့အခါမှာ အရာရာကို အမြင် မကြည်လင်တော့ဘဲ အလိုလို ဒေါသထွက်နေတတ်ပါတယ်။

ဒါကြောင့် မိန်းကလေးတစ်ယောက် ဒေါသကြီးနေရခြင်းက သူ့ချစ်သူက သူ့ပေါ်ချစ်နေပါတယ်လို့ မယုံကြည်လို့လည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ဖြစ်နေရတာဆိုရင် ကိုယ့်ရဲ့ အရင်းခံအချစ်နဲ့ နွေးနွေးထွေးထွေးပြန်ပြီး ချစ်ပြလိုက်ရင် ကောင်မလေးရဲ့ စိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။

ဒီလို မဟုတ်ဘဲ ကောင်မလေးက တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာရော ဒေါသကြီးလား၊ ဆက်ဆံရေး ဘယ်လိုရှိသလဲ၊

စိတ်မကြည်လင်စရာ ပြဿနာ ကြီးကြီးမားမား ရှိသလားဆိုတာတွေ ဆန်းစစ်ကြည့်ပါ။

သူက ကိုယ့်ကိုသူ့ရဲ့ ဒေါသတွေကို ပုံချစရာနေရာ တစ်ခုလို့ သတ်မှတ်နေတဲ့ပုံစံဖြစ်လာရင် အကြောင်းရင်းကို ပါးစပ်ကနေဖွင့်ပြောပြီး ဆွေးနွေးပါ။

အတူတူ ဖြေရှင်းဖို့ ကြိုးစားကြည့်တာက အကောင်းဆုံးနည်းဖြစ်ပါတယ်။

သူ့ကို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ရေးက ကိုယ့်အတွက် ဘယ်လောက်အရေးပါသလဲဆိုတာ

နားလည်အောင် ရှင်းပြမယ်ဆိုရင် သူ့ရဲ့ အပြုအမူတွေကို ဆန်းစစ်မိပြီး သတိပြုမိလာပါလိမ့်မယ်။

အဲ့ဒီလိုပဲ ကိုယ်ကလည်း သူ့ခံစားချက်နဲ့ သူကြုံနေရတဲ့ ပြဿနာတွေကို နားလည်အောင် ကြိုးစားကြည့်မယ်ဆိုရင်

အရမ်းချစ်ကြပေမဲ့လည်း ဒေါသကြောင့် လွယ်လွယ်နဲ့ လမ်းခွဲရတဲ့ ပြဿနာမျိုးတွေ ကင်းဝေးတဲ့ ချစ်သူတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

Credit