အသက္ငယ္တဲ့ ေမာင္ေလးေတြကို ခ်စ္သူေတာ္ထားတဲ့ မမေတြသာ ရရွိမယ့္ ေကာင္းက်ိဳးမ်ား
အခ်စ္ဆိုတာ အခ်ိန္ေနရာမေရြး အသက္အရြယ္မေရြးျဖစ္ေပၚနုိင္တဲ့အရာပါ။
ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႔ ကိုယ့္ထက္ငယ္တဲ့ေကာင္ေလးမို႔ မျဖစ္ဘူးဆိုျပီ းနွလံုးသားကို မျငင္းဆန္လိုက္ပါနဲ႕။
ကိုယ့္ထက္ ငယ္တဲ့ေကာင္ေလးကို ႀကိဳက္မိတာဟာ အမွားမဟုတ္ပါဘူး။
သူမ်ားေတြေျပာသလို မိန္းကေလးဆိုတာ
ကိုယ့္ထက္ၾကီးတဲ့သူကိုပဲ ေရြးရမယ္ဆိုတဲ့ အေတြးမ်ိဳးကိုေခါင္းထဲက ထုတ္လုိက္ပါ။
ငယ္တဲ့သူတုိင္းလည္း ဆုိးတာ မဟုတ္ဘဲ ေကာင္းတဲ့အခ်က္ေလးေတြလည္း ရွိနုိ္င္တာမို႔
ေမာင္ေလးေတြနဲ႔တြဲရင္ ဘယ္လိုေပ်ာ္ရႊင္ရမလဲဆုိတာ ဖတ္ၾကည့္လိုက္ပါ။
(၁) ကိုယ့္ကိုအျမဲရင္ခုန္ရေအာင္လုပ္ေပးမွာပါ
အသက္ငယ္တဲ့သူရဲ႕အားသာခ်က္ကေတာ့ ကိုကိုေတြလို ရုပ္တည္ၾကီးေတြနဲ႔ မဟုတ္တာေၾကာင့္
စကားအသစ္အဆန္းေတြနဲ႔ ရင္ခုန္ေအာင္ ခဏခဏလုပ္မွာပါ။
ခ်စ္စရာေကာင္းတဲ့အေျပာေလးေတြ အျပဳအမူေလးေတြနဲ႔ မမေတြကို ဆြဲေဆာင္ထားမွာပါ။
ကိုကိုေတြဆိုရင္ အဲ့လိုလုပ္ရတာရွက္တယ္လို႔ေျပာျပီး ခပ္တည္တည္ပဲေနပါလိမ့္မယ္။
(၂) ပံုစံနွစ္မ်ိဳးနဲ႔ခ်စ္လို႔ရတယ္
ေမာင္ေလးဆိုမွေတာ့ မမေတြကိုအေသခၽြဲျပီး ကေလးလိုလည္းဆုိးေတာ့
ကေလးတစ္ေယာက္လိုလည္း ခ်စ္လို႔ရသလို
ကိုယ့္မွာ အခက္အခဲၾကံဳလာရင္လည္း အားကိုးလို႔ရတယ္ေနာ္။
ကိုကိုေတြကေတာ့ ခၽြဲတတ္မွာမဟုတ္လို႔ ကိုကိုေတြဆီကေတာ့ ဒီလုိအေတြ႔အၾကံဳရမွာမဟုတ္ပါဘူး။
(၃) ေမာင္ေလးေၾကာင့္ကိုယ္ပါနုပ်ိဳလာမယ္
မိန္းကေလးေတြက ကိုယ့္ထက္ငယ္တဲ့သူနဲ႔တြဲတဲ့အခါ
ကိုယ္အသက္ၾကီးတာ ပိုေပၚလြင္လိမ့္မယ္လုိ႔ထင္ရင္ မွားပါလိမ့္မယ္။
ေမာင္ေလးေတြနဲ႔ တြဲ႔တဲ့အခါ သူနဲ႔လိုက္ဖက္ေအာင္
ကိုယ့္ကိုကိုယ္ျပင္ဆင္ရင္း ရြယ္တူေတြၾကားထဲမွာ ကိုယ္က အလန္းဆံုးျဖစ္ေနမွာပါ။
(၄) ငယ္ရြယ္စဥ္ကမလုပ္ခဲ့ရတဲ့အရာေတြလုပ္ဖို႔အခြင့္အေရးရမယ္
ငယ္စဥ္က အေပါင္းအသင္းမေကာင္းလို႔ပဲျဖစ္ျဖစ္ အိမ္ကခြင့္မျပဳလို႔ပဲျဖစ္ျဖစ္ မသြားခဲ့ရတဲ့ေနရာေတြ
မလုပ္ခဲ့ရတဲအေပ်ာ္အပါးေတြကို ေမာင္ေလးနဲ႔တြဲျပီး တူတူလုပ္လုိ႔ရျပီေလ။
ရြယ္တူခ်င္းဆုိ မသင့္ေတာ္ပါဘူးတို႔ အသက္ၾကီးေနျပီးတုိ႔ေျပာျပီး
ကန္႔ကြက္နုိင္ေပမယ့္ေမာင္ေလးေတြကေတာ့ အဲ့လုိေျပာမွာမဟုတ္ပါဘူး။
Credit
Unicode
အသက်ငယ်တဲ့ မောင်လေးတွေကို ချစ်သူတော်ထားတဲ့ မမတွေသာ ရရှိမယ့် ကောင်းကျိုးများ
အချစ်ဆိုတာ အချိန်နေရာမရွေး အသက်အရွယ်မရွေးဖြစ်ပေါ်နိုင်တဲ့အရာပါ။
ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ထက်ငယ်တဲ့ကောင်လေးမို့ မဖြစ်ဘူးဆိုပြီးနှလုံးသားကို မငြင်းဆန်လိုက်ပါနဲ့။
ကိုယ့်ထက် ငယ်တဲ့ကောင်လေးကို ကြိုက်မိတာဟာ အမှားမဟုတ်ပါဘူး။
သူများတွေပြောသလို မိန်းကလေးဆိုတာ
ကိုယ့်ထက်ကြီးတဲ့သူကိုပဲ ရွေးရမယ်ဆိုတဲ့ အတွေးမျိုးကိုခေါင်းထဲက ထုတ်လိုက်ပါ။
ငယ်တဲ့သူတိုင်းလည်း ဆိုးတာ မဟုတ်ဘဲ ကောင်းတဲ့အချက်လေးတွေလည်း ရှိန်ိုင်တာမို့
မောင်လေးတွေနဲ့တွဲရင် ဘယ်လိုပျော်ရွှင်ရမလဲဆိုတာ ဖတ်ကြည့်လိုက်ပါ။
(၁) ကိုယ့်ကိုအမြဲရင်ခုန်ရအောင်လုပ်ပေးမှာပါ
အသက်ငယ်တဲ့သူရဲ့အားသာချက်ကတော့ ကိုကိုတွေလို ရုပ်တည်ကြီးတွေနဲ့ မဟုတ်တာကြောင့်
စကားအသစ်အဆန်းတွေနဲ့ ရင်ခုန်အောင် ခဏခဏလုပ်မှာပါ။
ချစ်စရာကောင်းတဲ့အပြောလေးတွေ အပြုအမူလေးတွေနဲ့ မမတွေကို ဆွဲဆောင်ထားမှာပါ။
ကိုကိုတွေဆိုရင် အဲ့လိုလုပ်ရတာရှက်တယ်လို့ပြောပြီး ခပ်တည်တည်ပဲနေပါလိမ့်မယ်။
(၂) ပုံစံနှစ်မျိုးနဲ့ချစ်လို့ရတယ်
မောင်လေးဆိုမှတော့ မမတွေကိုအသေချွဲပြီး ကလေးလိုလည်းဆိုးတော့
ကလေးတစ်ယောက်လိုလည်း ချစ်လို့ရသလို
ကိုယ့်မှာ အခက်အခဲကြုံလာရင်လည်း အားကိုးလို့ရတယ်နော်။
ကိုကိုတွေကတော့ ချွဲတတ်မှာမဟုတ်လို့ ကိုကိုတွေဆီကတော့ ဒီလိုအတွေ့အကြုံရမှာမဟုတ်ပါဘူး။
(၃) မောင်လေးကြောင့်ကိုယ်ပါနုပျိုလာမယ်
မိန်းကလေးတွေက ကိုယ့်ထက်ငယ်တဲ့သူနဲ့တွဲတဲ့အခါ
ကိုယ်အသက်ကြီးတာ ပိုပေါ်လွင်လိမ့်မယ်လို့ထင်ရင် မှားပါလိမ့်မယ်။
မောင်လေးတွေနဲ့ တွဲ့တဲ့အခါ သူနဲ့လိုက်ဖက်အောင်
ကိုယ့်ကိုကိုယ်ပြင်ဆင်ရင်း ရွယ်တူတွေကြားထဲမှာ ကိုယ်က အလန်းဆုံးဖြစ်နေမှာပါ။
(၄) ငယ်ရွယ်စဉ်ကမလုပ်ခဲ့ရတဲ့အရာတွေလုပ်ဖို့အခွင့်အရေးရမယ်
ငယ်စဉ်က အပေါင်းအသင်းမကောင်းလို့ပဲဖြစ်ဖြစ် အိမ်ကခွင့်မပြုလို့ပဲဖြစ်ဖြစ် မသွားခဲ့ရတဲ့နေရာတွေ
မလုပ်ခဲ့ရတဲအပျော်အပါးတွေကို မောင်လေးနဲ့တွဲပြီး တူတူလုပ်လို့ရပြီလေ။
ရွယ်တူချင်းဆို မသင့်တော်ပါဘူးတို့ အသက်ကြီးနေပြီးတို့ပြောပြီး
ကန့်ကွက်နိုင်ပေမယ့်မောင်လေးတွေကတော့ အဲ့လိုပြောမှာမဟုတ်ပါဘူး။
Credit