ဓမၼတာေသြးအေရာင္ ဒါမွမဟုတ္ အျဖဴဆင္းတဲ့အေရာင္က တစ္ဆင့္သိႏိုင္မယ့္ သားအိမ္က်န္းမာေရး
အရြယ္ေရာက္ျပီးသား အမ်ိဳးသမီးတစ္ေယာက္က လစဥ္ ဓမၼတာလာတာနဲ႕
ဓမၼတာ မလာမီမွာ အျဖဴဆင္းတာေတြကေတာ႔ ပံုမွန္ျဖစ္စဥ္ပဲ ျဖစ္ပါတယ္ …။
ဒါေပမယ့္ အဲ့ဒီဓမၼတာလာတာပဲျဖစ္ျဖစ္၊ အျဖဴဆင္းတာပဲျဖစ္ျဖစ္
အေရာင္အဆင္းကိုၾကည့္ျပီး သားအိမ္ရဲ႕ က်န္းမာေရးအေျခအေနကို သတိထားႏိုင္ပါတယ္ …။
ဒီေတာ့မွ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို ၾကိဳၾကိဳတင္တင္ လုပ္နိုင္ထားနိုင္မွာပဲ ျဖစ္ပါတယ္ …။
(၁) အျဖဴေရာင္
အျဖဴေရာင္ ဒါမွမဟုတ္ ခရင္မ္ေရာင္ ဆိုရင္ေတာ့ ပံုမွန္က်န္းမာေရးေကာင္းတဲ့ အေျခအေနပါ။
ဒါေပမယ့္ အနံ႕အသက္ျပင္းတယ္ဆိုရင္ေတာ့ပိုး၀င္တာျဖစ္နိုင္လို႕ ဆရာ၀န္နဲ႕ ျပဖို႕လိုအပ္ပါတယ္။
အနံ႕အသက္ မျပင္းထန္ရင္ေတာ့ ဆရာ၀န္နဲ႕ျပဖို႕မလိုပါဘူး …။
(၂) အ၀ါေရာင္
အ၀ါေရာင္ေတြဆင္းရင္ မ်ားေသာအားျဖင့္ ယားယံတာ၊ နာက်င္တာေတြျဖစ္နိုင္ျပီး အနံ႕အသက္ကေတာ့ သိပ္မျပင္း တတ္ပါဘူး …။
ပမာဏနည္းရင္ သိပ္မစိုးရိမ္ရေပမယ့္၊ ပမာဏအရမ္းမ်ားျပီး ေန႕တိုင္းလိုလိုဆင္းတတ္တယ္ဆိုရင္ေတာ့ သားအိမ္မွာ ပိုး၀င္တာ၊
ေရာင္ရမ္းတာေတြ ျဖစ္နိုင္လို႕ ဆရာ၀န္ျပသ စစ္ေဆးဖို႕လိုအပ္ပါတယ္ …။
(၃) အစိမ္းေရာင္
အစိမ္းေရာင္ဆင္းတယ္ဆိုတာ ဆီးလမ္းေၾကာင္းမွာ ပိုး၀င္ျခင္းေၾကာင့္ ျဖစ္နိုင္သလို၊
သားအိမ္ေရာင္ရမ္းျခင္းေၾကာင့္ ျဖစ္နိုင္တာေၾကာင့္ ေဆးကုသမႈ ခံယူဖို႕ လိုပါတယ္ …။
(၄) ပန္းေရာင္
ဓမၼတာမလာခင္မွာ ပန္းေရာင္ေသြးဆင္းတာမ်ိဳး ျဖစ္တတ္ျပီး ရက္အမ်ားၾကီး
ဆင္းတာမ်ိဳးေတာ့မရွိပါဘူး။ မမ်ိဳးဥေၾကြတဲ့ လကၡဏာတစ္ခုျဖစ္ျပီး ဒါကေတာ႔ စိုးရိမ္စရာမရွိပါဘူး …။
(၅) မီးခိုးေရာင္
မီးခိုးေရာင္ဆိုရင္ေတာ့ ဘက္တီးရီးယားပိုး၀င္တာျဖစ္ျပီး၊
အေျခအေနေတာ္ေတာ္ဆိုးတယ္လို႕ေျပာရမွာပါ။ ဒီလိုဆင္းတာက ေန႕စဥ္ရက္ဆက္ျဖစ္ေနတတ္ျပီး၊
မအဂၤါတ၀ိုက္ ယားယံတာ၊ နာက်င္တာနဲ႕ အနံ႕ဆိုးထြက္တာေတြျဖစ္တတ္ပါတယ္။
ဆရာ၀န္နဲ႕ ျပသရမယ့္ အေျခအေနျဖစ္ပါတယ္ …။
(၆) နီညိဳေရာင္ရင့္ရင့္
ဓမၼတာလာစဥ္မွာ ဆင္းတဲ့ေသြးက အနီေရာင္၊ အနီရင့္ေရာင္၊ နီညိုေရာင္ေတြျဖစ္တတ္ျပီး အဲ့ဒီအေရာင္ေတြ ဆင္းရင္ ပံုမွန္ပါပဲ …။
အဲ့ဒီလိုမဟုတ္ဘဲ ေသြးက နီညိဳေရာင္ကိုမွ အနက္ေရာင္နီးပါးေလာက္ ရင့္ေနတယ္ဆိုရင္ေတာ့ သားအိမ္အတြင္းမွာ
ေရာဂါတစ္ခုခုျဖစ္ေနနိုင္တာေၾကာင့္ OG နဲ႕ေသေသခ်ာခ်ာ စစ္ေဆးကုသဖို႕ လိုအပ္ပါတယ္ …။ ။
Credit
Unicode
ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်က တစ်ဆင့်သိနိုင်မယ့် သားအိမ်ကျန်းမာရေး
အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ် ဓမ္မတာလာတာနဲ့
ဓမ္မတာ မလာမီမှာ အဖြူဆင်းတာတွေကတော့ ပုံမှန်ဖြစ်စဉ်ပဲ ဖြစ်ပါတယ် …။
ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ်
အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ရဲ့ ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ် …။
ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပဲ ဖြစ်ပါတယ် …။
(၁) အဖြူရောင်
အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။
ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။
အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး …။
(၂) အဝါရောင်
အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်း တတ်ပါဘူး …။
ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊
ရောင်ရမ်းတာတွေ ဖြစ်နိုင်လို့ ဆရာဝန်ပြသ စစ်ဆေးဖို့လိုအပ်ပါတယ် …။
(၃) အစိမ်းရောင်
အစိမ်းရောင်ဆင်းတယ်ဆိုတာ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊
သားအိမ်ရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်တာကြောင့် ဆေးကုသမှု ခံယူဖို့ လိုပါတယ် …။
(၄) ပန်းရောင်
ဓမ္မတာမလာခင်မှာ ပန်းရောင်သွေးဆင်းတာမျိုး ဖြစ်တတ်ပြီး ရက်အများကြီး
ဆင်းတာမျိုးတော့မရှိပါဘူး။ မမျိုးဥကြွေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ဒါကတော့ စိုးရိမ်စရာမရှိပါဘူး …။
(၅) မီးခိုးရောင်
မီးခိုးရောင်ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာဖြစ်ပြီး၊
အခြေအနေတော်တော်ဆိုးတယ်လို့ပြောရမှာပါ။ ဒီလိုဆင်းတာက နေ့စဉ်ရက်ဆက်ဖြစ်နေတတ်ပြီး၊
မအင်္ဂါတဝိုက် ယားယံတာ၊ နာကျင်တာနဲ့ အနံ့ဆိုးထွက်တာတွေဖြစ်တတ်ပါတယ်။
ဆရာဝန်နဲ့ ပြသရမယ့် အခြေအနေဖြစ်ပါတယ် …။
(၆) နီညိုရောင်ရင့်ရင့်
ဓမ္မတာလာစဉ်မှာ ဆင်းတဲ့သွေးက အနီရောင်၊ အနီရင့်ရောင်၊ နီညိုရောင်တွေဖြစ်တတ်ပြီး အဲ့ဒီအရောင်တွေ ဆင်းရင် ပုံမှန်ပါပဲ …။
အဲ့ဒီလိုမဟုတ်ဘဲ သွေးက နီညိုရောင်ကိုမှ အနက်ရောင်နီးပါးလောက် ရင့်နေတယ်ဆိုရင်တော့ သားအိမ်အတွင်းမှာ
ရောဂါတစ်ခုခုဖြစ်နေနိုင်တာကြောင့် OG နဲ့သေသေချာချာ စစ်ဆေးကုသဖို့ လိုအပ်ပါတယ် …။ ။
Credit