Credit
Unicode
မအားလပ်ဘူး ဆိုခဲ့ရင်တောင် တစ်နေ့ကို တစ်ခါလောက်ဖြစ်ဖြစ် ခင်ဗျား ချစ်သူဆီ ဖုန်းခေါ်ပါ ။
ဖုန်းခေါ်ခြင်းဖြင့် ခင်ဗျား ချစ်သူ ရဲ့ “စိတ်ပူခြင်း”တွေကိုလျှော့ချပေးပါ။
ခင်ဗျားအဆင်ပြေ ကြောင်း ခင်ဗျားချစ်သူ သိပါစေ။
အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ
အပြန်အလှန် အားပေးစကားလေးတွေ ပြောပေးကြပါ ။
“ပတ်ဝန်းကျင်”က အားပေးစကားတွေထက်
ခင်ဗျားရဲ့အားပေး စကားတစ်ခွန်းကသာ
သူ့အတွက် ပိုထိရောက်စေတယ်ဆိုတာ ခင်ဗျားသိပါစေ ။
ဆေးလိပ် /ကွမ်း/အရက် စသည် ဖြတ်ခိုင်းလာရင်
အကြောင်းမရှိအကြောင်းရှာပြီး”ရစ်” တယ်လို့မထင်ပါနဲ့
ဘယ်လိုအကြောင်းမျိုးနဲ့မှ သူ့အနားကနေ ခင်ဗျားကိုထွက်သွားခွင့်မပေးနိုင်ဘူးလေ ။
ခင်ဗျားရဲ့ နာမ်စား လေးကိုလည်း သူ ကြာကြာခေါ်ခွင့်မရမှာ ကြောက်နေတက်တာမျိုးပါ ။
သူ့ကိုယ်သူ ထက် ခင်ဗျားကို ပိုချစ်မိလို့ ဆိုတာ ခင်ဗျားသိပါစေ။
တခြားသူတွေကပေးတဲ့ စိတ်ဆင်းရဲခြင်းတွေထက်
ကိုယ့်ချစ်သူကပေးတဲ့ စိတ်ဆင်းရဲခြင်းတွေက
အဆမတန် ကြီးမားနေတက်တယ်ဆိုတာလည်း ခင်ဗျားသိပါစေ။
ခင်ဗျားကြောင့် ခင်ဗျားချစ်သူ စိတ်ထိခိုက်တာမျိုး မဖြစ်ပါစေနဲ့။
တကယ်ချစ်ရင် တစ်ယောက်ကိုယ်တစ်ယောက် တန်ဖိုးထားပါ ။
ဂရုစိုက်ပါ ခင်ဗျားရဲ့ဂရုစိုက်မှု သေးသေးလေးဟာ သူ့အတွက်တော့ အရာရာဖြစ်နေတက်တာပါ။
Credit