Love

ဘယ္ေတာ့မွ မဆံုစည္းႏုိင္ေတာ့တဲ့ တစ္ေယာက္ေသာသူကို သတိရလာတဲ့အခါ

ဘယ္ေတာ့မွ မဆံုစည္းႏုိင္ေတာ့တဲ့ တစ္ေယာက္ေသာသူကို သတိရလာတဲ့အခါ

သင့္ရဲ႕ဘဝမွာ လံုးဝမဆံုနုိင္ေတာ့တဲ့သူတစ္ေယာက္၊ အျမဲ သတိရေနသူတစ္ေယာက္ကေတာ့ ရွိခဲ့ဖူးမွာပါ။

အခုရွိေနရင္လည္း ရွိေနမွာေပါ့။ သူက ကိုယ့္အနားလံုးဝမရွိေတာ့တာ ျဖစ္ေစ၊

ဒီကမၻာၾကီးမွာ မရွိေတာ့တာပဲျဖစ္ျဖစ္ သူ႕ကို သတိရတဲ့အခ်ိန္ ရွိမွာပါပဲ။

အဲ့လိုအခ်ိန္မွာ တမ္းတစိတ္ေၾကာင့္ ရူးရူးမိုက္မိုက္ မျဖစ္သြားပါနဲ႔။ သင္ခံစားႏိုင္ပါတယ္။

နာက်င္ႏုိင္ပါတယ္။ သတိရႏုိင္ပါတယ္။

ဒါေပမဲ့ သတိရတဲ့ အခ်ိန္တုိင္း အရင္ကထက္

ပိုသက္သာေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးပါရေစေနာ္ …။

၁။ ဒီလိုခံစားရတာ သင့္အမွားမဟုတ္ပါဘူး

အခ်ိန္က အရာရာကို ကုစားသြားမယ္လို႔ သိထားရက္နဲ႔ သင့္က်မွ မေမ့ႏုိင္ဘာေၾကာင့္ျဖစ္ေနရလဲ စဥ္းစားဖူးလား၊

သင့္ဦးေႏွာက္က ေဝးကြာျခင္းဆုိတဲ့အရာကို လက္မခံႏုိင္ေသးလို႔ပါ။

ဒီလိုခံစားရတာ သင္တစ္ေယာက္တည္း မဟုတ္ဘူးဆိုတာ မွတ္ထားေပးပါ။

မေမ့ႏိုင္ေသးတာကို အျပစ္တင္တာမ်ိဳးမလုပ္ပါနဲ႔။

လူတစ္ေယာက္န႔ဲ တစ္ေယာက္ ေမ့ေပ်ာက္ႏိုင္ဖို႔ အခ်ိန္ကာလကလည္း မတူညီပါဘူး …။

၂။ အတင္းေပ်ာ္ဖို႔ ဖိအားမေပးပါနဲ႔

ပိတ္ရက္ေတြမွာ ကိုယ့္ရဲ႕ခင္မင္ရငး္ႏွီးသူေတြက ေပ်ာ္ေနၾကတယ္။

သင္တစ္ေယာက္တည္း မေပ်ာ္ႏုိင္ဘူး။

အျခားသူေတြေပ်ာ္ေနၾကလို႔ ကိုယ့္ကိုကိုယ္ အတင္းေပ်ာ္ဖို႔ ဖိအားေပးစရာ မလိုပါဘူး။

သင္မလုပ္ခ်င္တဲ့အရာကို အတင္းလုပ္စရာမလုိပါဘူး။

လူေတြကို စိတ္ခ်မ္းသာေအာင္ ၾကိဳးစားမယ့္အစား ကိုယ့္ကိုကိုယ္ပဲ စိတ္ခ်မ္းသာေအာင္ အရင္ထားပါ …။

၃။ ေပ်ာ္တာကိုလည္း အျပစ္ရွိတယ္ မထင္ပါနဲ႔

သင္ခ်စ္ခဲ့ရသူက အေဝးတစ္ေနရာမွာ ရွိေနတဲ့အခ်ိန္

သင္က စိတ္မညစ္ဘဲ ေပ်ာ္ေနမိတယ္လို႔ ေတြးတာေတြ မလုပ္ပါနဲ႔။

သင္ေပ်ာ္ေနသလို အေဝးတစ္ေနရာက သင္သတိရသူလည္း ေပ်ာ္ေနမွာပါ …။

၄။ သင္နဲ႔ပတ္သက္သူေတြကို ရိုးသားမႈရွိပါ

သင့္သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပြဲရႊင္ပြဲေတြ သြားခ်င္စိတ္မရွိရင္ မသြားပါနဲ႔။

သင္ခံစားေနရတဲ့ အရာေတြကို သူတုိ႔ကို ပြင့္ပြင့္လင္းလင္း ေျပာပါ။

သင့္ခံစားခ်က္ေတြကို အနီးအနား သင္ယံုၾကည္ရာ လူေတြဆီမွာပဲ ရင္ဖြင့္ပါ …။

၅။ သင္အဆင္ေျပသြားမွာပါ

အဆင္ေျပသြားမွာပါလုိ႔ လူေတြက သင့္ကိုေျပာၾကမွာပါပဲ။

ဒီစကားက အမွန္ပါပဲ။

တစ္ခ်ိန္ခ်ိန္မွာ အရာအားလံုး ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ျပီး အဆင္ေျပသြားပါလိမ္႔မယ္ေနာ္ …။ ။

Unicode

ဘယ်တော့မှ မဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ

သင့်ရဲ့ဘဝမှာ လုံးဝမဆုံနိုင်တော့တဲ့သူတစ်ယောက်၊ အမြဲ သတိရနေသူတစ်ယောက်ကတော့ ရှိခဲ့ဖူးမှာပါ။

အခုရှိနေရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာ ဖြစ်စေ၊

ဒီကမ္ဘာကြီးမှာ မရှိတော့တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့အချိန် ရှိမှာပါပဲ။

အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွားပါနဲ့။ သင်ခံစားနိုင်ပါတယ်။

နာကျင်နိုင်ပါတယ်။ သတိရနိုင်ပါတယ်။

ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက်

ပိုသက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးပါရစေနော် …။

၁။ ဒီလိုခံစားရတာ သင့်အမှားမဟုတ်ပါဘူး

အချိန်က အရာရာကို ကုစားသွားမယ်လို့ သိထားရက်နဲ့ သင့်ကျမှ မမေ့နိုင်ဘာကြောင့်ဖြစ်နေရလဲ စဉ်းစားဖူးလား၊

သင့်ဦးနှောက်က ဝေးကွာခြင်းဆိုတဲ့အရာကို လက်မခံနိုင်သေးလို့ပါ။

ဒီလိုခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မှတ်ထားပေးပါ။

မမေ့နိုင်သေးတာကို အပြစ်တင်တာမျိုးမလုပ်ပါနဲ့။

လူတစ်ယောက်နဲ့ တစ်ယောက် မေ့ပျောက်နိုင်ဖို့ အချိန်ကာလကလည်း မတူညီပါဘူး …။

၂။ အတင်းပျော်ဖို့ ဖိအားမပေးပါနဲ့

ပိတ်ရက်တွေမှာ ကိုယ့်ရဲ့ခင်မင်ရငး်နှီးသူတွေက ပျော်နေကြတယ်။

သင်တစ်ယောက်တည်း မပျော်နိုင်ဘူး။

အခြားသူတွေပျော်နေကြလို့ ကိုယ့်ကိုကိုယ် အတင်းပျော်ဖို့ ဖိအားပေးစရာ မလိုပါဘူး။

သင်မလုပ်ချင်တဲ့အရာကို အတင်းလုပ်စရာမလိုပါဘူး။

လူတွေကို စိတ်ချမ်းသာအောင် ကြိုးစားမယ့်အစား ကိုယ့်ကိုကိုယ်ပဲ စိတ်ချမ်းသာအောင် အရင်ထားပါ …။

၃။ ပျော်တာကိုလည်း အပြစ်ရှိတယ် မထင်ပါနဲ့

သင်ချစ်ခဲ့ရသူက အဝေးတစ်နေရာမှာ ရှိနေတဲ့အချိန်

သင်က စိတ်မညစ်ဘဲ ပျော်နေမိတယ်လို့ တွေးတာတွေ မလုပ်ပါနဲ့။

သင်ပျော်နေသလို အဝေးတစ်နေရာက သင်သတိရသူလည်း ပျော်နေမှာပါ …။

၄။ သင်နဲ့ပတ်သက်သူတွေကို ရိုးသားမှုရှိပါ

သင့်သူငယ်ချင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ သွားချင်စိတ်မရှိရင် မသွားပါနဲ့။

သင်ခံစားနေရတဲ့ အရာတွေကို သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ။

သင့်ခံစားချက်တွေကို အနီးအနား သင်ယုံကြည်ရာ လူတွေဆီမှာပဲ ရင်ဖွင့်ပါ …။

၅။ သင်အဆင်ပြေသွားမှာပါ

အဆင်ပြေသွားမှာပါလို့ လူတွေက သင့်ကိုပြောကြမှာပါပဲ။

ဒီစကားက အမှန်ပါပဲ။

တစ်ချိန်ချိန်မှာ အရာအားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အဆင်ပြေသွားပါလိမ့်မယ်နော် …။ ။