ေဝဖန္တာကို တုံ႔ျပန္ဖို႔မလိုပါဘူး ခပ္ျပဳံးျပဳံးေလးေန ၾကည့္လိုက္ပါ
ကိုယ္တိုင္က ေဒါသႀကီးတဲ့အထဲမွာပါတာမို႔ ကိုယ့္ကိုမဟုတ္မမွန္တာေျပာတာ၊
ကိုယ့္အေပၚမတရားလုပ္တာ၊ ကိုယ့္ကို အႏိုင္က်င့္တာ၊
ကိုယ့္အေပၚမမုန္မကန္လုပ္လာရင္ ဆတ္ဆတ္ထိမခံတဲ့အထဲမွာ ပါပါတယ္။
အထူးသျဖင့္ ကိုယ္မွားေနတဲ့အခါ ေတာင္းပန္ဖို႔ဝန္မေလးေပမယ့္
ကိုယ္မွန္ေနတာကိုမွ မေတာ္မတရားေတြေျပာလာရင္ သိပ္မခံခ်င္ၾကတာ လူတိုင္းျဖစ္မယ္ထင္ပါတယ္ေနာ္။
ဒါေပမယ့္ တကယ္တမ္းျပန္ေတြးၾကည့္လိုက္ပါေနာ္။
ကိုယ္က မွန္ေနတဲ့သူေလ….အဲဒီ့အတြက္ေၾကာင့္ကို ကိုယ္က ေအးေဆးပါပဲ။
တဖက္လူက မွားေနတဲ့လူမို႔ကို ကိုယ့္ကိုသဲသဲလႈပ္ ရန္႐ွာေနတာျဖစ္ႏိုင္တာပဲမဟုတ္လား။
အဲဒါေၾကာင့္ တခ်ိဳ႕အမွားေတြ၊ အမွန္ေတြက ကိုယ္တိုင္ ေလးနကြ္ာ သိထားဖို႔ပဲလိုပါတယ္။
ကိုယ္မွန္ေနတဲ့အခါ ကိုယ့္လိပ္ျပာ ကိုယ္လုံသလို၊ကိုယ့္စိတ္ထဲမွာ
ျပန္ေတြးၾကည့္လိုက္တိုင္း “ကိုယ္မွ သူတပါးအေပၚမတရားမလုပ္ထားတာ” ဆိုတဲ့စိတ္နဲ႔ စိတ္႐ွင္းေနမွာပါပဲ။
“ ကိုယ္မွ သူတပါးအေပၚ မတရားမေကာက္က်စ္ခဲ့တာ၊ ကိုယ္မွ သူတပါးကို ေခါင္းပုံမျဖတ္ခဲ့တာ၊
ကိုယ္မွ သူတပါးအေပၚ မယုတ္မာခဲ့တာ၊ ကိုယ္မွ သူမ်ား ဒုကၡေရာက္ေအာင္မလုပ္ခဲ့တာ၊
“ စတဲ့ အလားတူအေတြးမ်ိဳးေတြေၾကာင့္ ကိုယ္က သူ႕အေပၚ တာဝန္မေက်သလိုခံစားမိတာ၊
လိပ္ျပာမလုံသလိုျဖစ္တာ၊ မ်က္ႏွာပူစရာမွ မလိုတာေလေနာ္။
အဲဒီ့အေတြးမ်ိဳးနဲ႔ စိတ္ေအးခ်မ္းသာစြာ ေနႏိုင္ျခင္းက စိတ္႐ွင္းတယ္လို႔ဆိုခ်င္တာပါပဲ။
အဲဒီလိုစိတ္႐ွင္းဖို႔ကလည္း ကိုယ္ခံလိုက္ရခ်င္း စစခ်င္းေသြးပူေနတုန္းမွာေတာ့ ဘယ္ျဖစ္ႏိုင္ပါ့မလဲ၊
ကိုယ္တိုင္လည္း ပုထုဇဥ္ကိုး၊ မတရားခံရတာ၊ ဆိုး႐ြားတဲ့အျပဳအမူမ်ိဳး ျပဳမူခံရတဲ့အခါ ေထာင္းခနဲေတာ့ ေဒါသထြက္မိမွာပါပဲ။
ဒါေပမယ့္ ကိုယ္မွန္ေနတယ္ဆိုတဲ့အေတြးနဲ႔ပဲ အဲဒီ့ေဒါသကိုထိန္းပါလို႔ပဲေျပာခ်င္ပါတယ္။
တခ်ိဳ႕ကေျပာၾကပါတယ္၊ မွန္ေနတဲ့အတြက္ကို ျပန္ၿပီးေတာ့ကို
အႏိုင္ယူမယ္ဆိုတဲ့စိတ္နဲ႔ ေဒါသကို လႊတ္ေပးတတ္ၾကပါတယ္။ အဲဒီ့အခါမွာ ကိုယ္ကအမွားျဖစ္ေတာ့တာပါပဲ။
ေဒါသအေလ်ာက္ မေျပာမိတာ၊ မလုပ္သင့္တာေတြလုပ္မိတဲ့အခါ
ကိုယ္ကအမွန္ကေန ကိုယ္ကအမွားျဖစ္သြားရေတာ့ပါတယ္။
အဲဒါေၾကာင့္ ဆိုး႐ြားတဲ့ အျပဳအမူနဲ႔ ဆက္ဆံခံလိုက္ရတယ္ဆိုရင္
ေဒါသထြက္လာတဲ့အခါ အဲဒီ့ေဒါသကို “ ဘာပဲျဖစ္ျဖစ္ ငါမွန္တာမို႔ ခပ္ျပဳံးျပဳံးပဲေနလိုက္မယ္” ဒါမွမဟုတ္
“ ငါမွန္ေနတယ္ဆိုတာ ေသခ်ာတာပဲ၊ ငါ့အမွားမျဖစ္ေအာင္ ဒီလူကို ေ႐ွာင္လိုက္မယ္” ဆိုတဲ့အေတြးမ်ိဳးေတြးလိုက္ပါေနာ္။
ကိုယ္မွန္ေနတာကို တစ္ေလာကလုံးက မသိပါေစအုံး၊ ကိစၥမ႐ွိပါဘူး။
ကိုယ္သိေနၿပီး ကိုယ္လိပ္ျပာကိုယ္လုံရင္ ေအးခ်မ္းပါတယ္။
ဘယ္သူကေတာ့ ဘာေတြေျပာေနတယ္၊ ဘယ္သူကေတာ့ ဘာမ်ိဳးအျပဳအမူလုပ္ေနတယ္၊
ဘယ္သူကေတာ့ ေဒါသကိုဆြေနတယ္ဆိုတာမ်ိဳးေတြကို လိုက္မခံစားပါနဲ႔။
သင္ပါသူတို႔နဲ႔အတူတူျဖစ္သြားပါလိမ့္မယ္။
အဓိကက သင့္စိတ္ထဲက အသံကိုသာ သင္နားေထာင္ဖို႔ ႀကိဳးစားၾကည့္ပါ။
အဲဒါဆို တျခားလူျပဳမူသမွ် ေျပာဆိုသမွ်ကို သင္အာ႐ုံမရေတာ့ပါဘူး။
သင့္စိတ္ထဲ သင့္ကိုယ္သင္ေမးၾကည့္ပါ။ “ ကိုယ္မွန္ခဲ့တယ္မဟုတ္လား” အဓိကက ကိုယ္မွန္ေနဖို႔ပါပဲ။
ကိုယ္မွန္ေနတဲ့အတြက္ကို ကိစၥရပ္တိုင္းကို သက္ေသျပေနစရာလိုပါဘူး။
အခ်ိန္တန္ အေျဖက သူ႕ဟာသူေပၚလာပါလိမ့္မယ္။
အခ်ိန္ေလးတစ္ခုပဲလိုတာပါ။ အခ်ိန္ေရာက္လာတဲ့အခါ သင့္ကို ျပဳမူခဲ့သမွ် အလားတူ သူျပန္ရမွာပါ။
သင့္ကိုလိမ္ခဲ့တဲ့သူဟာ အျခားသူေတြရဲ႕မယုံၾကည္မႈကို အခ်ိန္တန္ ျပန္ရမွာပါ။
သင့္ကိုေကာက္က်စ္ခဲ့ဖူးသူဟာ သူ႕လိူေကာက္က်စ္တတ္တဲ့လူနဲ႔ျပန္ေတြ႕တဲ့အခါ ၂ဆနာက်င္ရမွာပါ။
သင့္ကိုယုတ္မာဖူးသူဟာ အခ်ိန္တန္ သူ႕လိုယုတ္မာတတ္သူ
ယုတ္မာသမွ် နာလန္မထူဘဲခံရမွာပါ။ အခ်ိန္ေလးတစ္ခုပဲလိုတာပါ။
ထိုအခ်ိန္ေလးကို သင့္ေဒါသေတြနဲ႔ မတုံ႔ျပန္ဘဲ သူေပးသမွ်
သူျပန္ရတဲ့အခ်ိန္ေလးကိုသာ စိတ္႐ွည္႐ွည္နဲ႔ ၾကည့္ေန႐ုံပါပဲ။
သင္မယုံရင္ သင့္ပတ္ဝန္းက်င္က သင့္အေပၚ ယုတ္မာေကာက္က်စ္ခဲ့ဖူးသူေတြ၊
သင့္အေပၚ လိမ္ညာခဲ့ဖူးသူေတြ၊ သင့္အေပၚ အဆင့္ခ်င္းမတူသလို၊
႐ိုင္းစိုင္းစြာတုံ႔ျပန္ဖူးသူေတြ၊ သင့္က်မွ အႏိုင္က်င့္ဖူးသူေတြကို ျပန္ေလ့လာၾကည့္လိုက္ပါ။
တနည္းနည္းနဲ႔ သူတို႔ျပန္ခံစားေနရတာကို သင္ျမင္လာပါလိမ့္မယ္။
တခုေတာ့႐ွိတာေပါ့…… ဆိုး႐ြားတဲ့ဘယ္လိုလူမ်ိဳးကိုမွ တုံ႔ျပန္ဖို႔မလိုပါဘူး။
ဒါေပမယ့္ အခါခါေတာ့ မခံေနပါနဲ႔။ ခံဖူးလို႔အေၾကာင္းသိသြားတဲ့အခါ ဘာမွလည္း မတုံ႔ျပန္ပါနဲ႔။
ခပ္ကင္းကင္းသာေနလိုက္တာ အေကာင္းဆုံး အေျဖပါပဲ။
ခပ္ေဝးေဝးကေနၿပီး ခပ္ျပဳံးျပဳံးေလးေနႏိုင္သြားေအာင္ ေနၾကည့္လိုက္ပါ။
သူတို႔ေပးခဲ့သမွ် သူတို႔ျပန္ရတာကို သင္ျမင္လာပါလိမ့္မယ္ေနာ္။
Credit
Unicode
ဝေဖန်တာကို တုံ့ပြန်ဖို့မလိုပါဘူး ခပ်ပြုံးပြုံးလေးနေ ကြည့်လိုက်ပါ
ကိုယ်တိုင်က ဒေါသကြီးတဲ့အထဲမှာပါတာမို့ ကိုယ့်ကိုမဟုတ်မမှန်တာပြောတာ၊
ကိုယ့်အပေါ်မတရားလုပ်တာ၊ ကိုယ့်ကို အနိုင်ကျင့်တာ၊
ကိုယ့်အပေါ်မမုန်မကန်လုပ်လာရင် ဆတ်ဆတ်ထိမခံတဲ့အထဲမှာ ပါပါတယ်။
အထူးသဖြင့် ကိုယ်မှားနေတဲ့အခါ တောင်းပန်ဖို့ဝန်မလေးပေမယ့်
ကိုယ်မှန်နေတာကိုမှ မတော်မတရားတွေပြောလာရင် သိပ်မခံချင်ကြတာ လူတိုင်းဖြစ်မယ်ထင်ပါတယ်နော်။
ဒါပေမယ့် တကယ်တမ်းပြန်တွေးကြည့်လိုက်ပါနော်။
ကိုယ်က မှန်နေတဲ့သူလေ….အဲဒီ့အတွက်ကြောင့်ကို ကိုယ်က အေးဆေးပါပဲ။
တဖက်လူက မှားနေတဲ့လူမို့ကို ကိုယ့်ကိုသဲသဲလှုပ် ရန်ရှာနေတာဖြစ်နိုင်တာပဲမဟုတ်လား။
အဲဒါကြောင့် တချို့အမှားတွေ၊ အမှန်တွေက ကိုယ်တိုင် လေးနက်ွာ သိထားဖို့ပဲလိုပါတယ်။
ကိုယ်မှန်နေတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်လုံသလို၊ကိုယ့်စိတ်ထဲမှာ
ပြန်တွေးကြည့်လိုက်တိုင်း “ကိုယ်မှ သူတပါးအပေါ်မတရားမလုပ်ထားတာ” ဆိုတဲ့စိတ်နဲ့ စိတ်ရှင်းနေမှာပါပဲ။
“ ကိုယ်မှ သူတပါးအပေါ် မတရားမကောက်ကျစ်ခဲ့တာ၊ ကိုယ်မှ သူတပါးကို ခေါင်းပုံမဖြတ်ခဲ့တာ၊
ကိုယ်မှ သူတပါးအပေါ် မယုတ်မာခဲ့တာ၊ ကိုယ်မှ သူများ ဒုက္ခရောက်အောင်မလုပ်ခဲ့တာ၊
“ စတဲ့ အလားတူအတွေးမျိုးတွေကြောင့် ကိုယ်က သူ့အပေါ် တာဝန်မကျေသလိုခံစားမိတာ၊
လိပ်ပြာမလုံသလိုဖြစ်တာ၊ မျက်နှာပူစရာမှ မလိုတာလေနော်။
အဲဒီ့အတွေးမျိုးနဲ့ စိတ်အေးချမ်းသာစွာ နေနိုင်ခြင်းက စိတ်ရှင်းတယ်လို့ဆိုချင်တာပါပဲ။
အဲဒီလိုစိတ်ရှင်းဖို့ကလည်း ကိုယ်ခံလိုက်ရချင်း စစချင်းသွေးပူနေတုန်းမှာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊
ကိုယ်တိုင်လည်း ပုထုဇဉ်ကိုး၊ မတရားခံရတာ၊
ဆိုးရွားတဲ့အပြုအမူမျိုး ပြုမူခံရတဲ့အခါ ထောင်းခနဲတော့ ဒေါသထွက်မိမှာပါပဲ။
ဒါပေမယ့် ကိုယ်မှန်နေတယ်ဆိုတဲ့အတွေးနဲ့ပဲ အဲဒီ့ဒေါသကိုထိန်းပါလို့ပဲပြောချင်ပါတယ်။
တချို့ကပြောကြပါတယ်၊ မှန်နေတဲ့အတွက်ကို ပြန်ပြီးတော့ကို
အနိုင်ယူမယ်ဆိုတဲ့စိတ်နဲ့ ဒေါသကို လွှတ်ပေးတတ်ကြပါတယ်။ အဲဒီ့အခါမှာ ကိုယ်ကအမှားဖြစ်တော့တာပါပဲ။
ဒေါသအလျောက် မပြောမိတာ၊ မလုပ်သင့်တာတွေလုပ်မိတဲ့အခါ
ကိုယ်ကအမှန်ကနေ ကိုယ်ကအမှားဖြစ်သွားရတော့ပါတယ်။
အဲဒါကြောင့် ဆိုးရွားတဲ့ အပြုအမူနဲ့ ဆက်ဆံခံလိုက်ရတယ်ဆိုရင်
ဒေါသထွက်လာတဲ့အခါ အဲဒီ့ဒေါသကို “ ဘာပဲဖြစ်ဖြစ် ငါမှန်တာမို့ ခပ်ပြုံးပြုံးပဲနေလိုက်မယ်” ဒါမှမဟုတ်
“ ငါမှန်နေတယ်ဆိုတာ သေချာတာပဲ၊ ငါ့အမှားမဖြစ်အောင်
ဒီလူကို ရှောင်လိုက်မယ်” ဆိုတဲ့အတွေးမျိုးတွေးလိုက်ပါနော်။
ကိုယ်မှန်နေတာကို တစ်လောကလုံးက မသိပါစေအုံး၊ ကိစ္စမရှိပါဘူး။
ကိုယ်သိနေပြီး ကိုယ်လိပ်ပြာကိုယ်လုံရင် အေးချမ်းပါတယ်။
ဘယ်သူကတော့ ဘာတွေပြောနေတယ်၊ ဘယ်သူကတော့ ဘာမျိုးအပြုအမူလုပ်နေတယ်၊
ဘယ်သူကတော့ ဒေါသကိုဆွနေတယ်ဆိုတာမျိုးတွေကို လိုက်မခံစားပါနဲ့။
သင်ပါသူတို့နဲ့အတူတူဖြစ်သွားပါလိမ့်မယ်။
အဓိကက သင့်စိတ်ထဲက အသံကိုသာ သင်နားထောင်ဖို့ ကြိုးစားကြည့်ပါ။
အဲဒါဆို တခြားလူပြုမူသမျှ ပြောဆိုသမျှကို သင်အာရုံမရတော့ပါဘူး။
သင့်စိတ်ထဲ သင့်ကိုယ်သင်မေးကြည့်ပါ။ “ ကိုယ်မှန်ခဲ့တယ်မဟုတ်လား” အဓိကက ကိုယ်မှန်နေဖို့ပါပဲ။
ကိုယ်မှန်နေတဲ့အတွက်ကို ကိစ္စရပ်တိုင်းကို သက်သေပြနေစရာလိုပါဘူး။
အချိန်တန် အဖြေက သူ့ဟာသူပေါ်လာပါလိမ့်မယ်။
အချိန်လေးတစ်ခုပဲလိုတာပါ။ အချိန်ရောက်လာတဲ့အခါ သင့်ကို ပြုမူခဲ့သမျှ အလားတူ သူပြန်ရမှာပါ။
သင့်ကိုလိမ်ခဲ့တဲ့သူဟာ အခြားသူတွေရဲ့မယုံကြည်မှုကို အချိန်တန် ပြန်ရမှာပါ။
သင့်ကိုကောက်ကျစ်ခဲ့ဖူးသူဟာ သူ့လိူကောက်ကျစ်တတ်တဲ့လူနဲ့ပြန်တွေ့တဲ့အခါ ၂ဆနာကျင်ရမှာပါ။
သင့်ကိုယုတ်မာဖူးသူဟာ အချိန်တန် သူ့လိုယုတ်မာတတ်သူ
ယုတ်မာသမျှ နာလန်မထူဘဲခံရမှာပါ။ အချိန်လေးတစ်ခုပဲလိုတာပါ။
ထိုအချိန်လေးကို သင့်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ သူပေးသမျှ
သူပြန်ရတဲ့အချိန်လေးကိုသာ စိတ်ရှည်ရှည်နဲ့ ကြည့်နေရုံပါပဲ။
သင်မယုံရင် သင့်ပတ်ဝန်းကျင်က သင့်အပေါ် ယုတ်မာကောက်ကျစ်ခဲ့ဖူးသူတွေ၊
သင့်အပေါ် လိမ်ညာခဲ့ဖူးသူတွေ၊ သင့်အပေါ် အဆင့်ချင်းမတူသလို၊
ရိုင်းစိုင်းစွာတုံ့ပြန်ဖူးသူတွေ၊ သင့်ကျမှ အနိုင်ကျင့်ဖူးသူတွေကို ပြန်လေ့လာကြည့်လိုက်ပါ။
တနည်းနည်းနဲ့ သူတို့ပြန်ခံစားနေရတာကို သင်မြင်လာပါလိမ့်မယ်။
တခုတော့ရှိတာပေါ့…… ဆိုးရွားတဲ့ဘယ်လိုလူမျိုးကိုမှ တုံ့ပြန်ဖို့မလိုပါဘူး။
ဒါပေမယ့် အခါခါတော့ မခံနေပါနဲ့။ ခံဖူးလို့အကြောင်းသိသွားတဲ့အခါ ဘာမှလည်း မတုံ့ပြန်ပါနဲ့။
ခပ်ကင်းကင်းသာနေလိုက်တာ အကောင်းဆုံး အဖြေပါပဲ။
ခပ်ဝေးဝေးကနေပြီး ခပ်ပြုံးပြုံးလေးနေနိုင်သွားအောင် နေကြည့်လိုက်ပါ။
သူတို့ပေးခဲ့သမျှ သူတို့ပြန်ရတာကို သင်မြင်လာပါလိမ့်မယ်နော်။
Credit