ကိုယ့္အနားက ဘယ္ေတာ့မွ စြန္႔ခြာမသြားမယ့္ ခ်စ္သူဆိုတာကို ျပေနတဲ့ လကၡဏာရပ္မ်ား
အခ်စ္ေတြဆိုတာ ရွိေနၾကေပမယ့္လည္း အခ်စ္ေတြ သက္တမ္းကုန္သြားတဲ့အခါ
ကိုယ့္ဆီကေန စြန္႔ခြာသြားတတ္ၾကတာပါပဲ။
အခ်စ္ေတြ ကုန္သြားလို႔ လမ္းခြဲရတဲ့သူေတြ ရွိသလို အခ်စ္ေတြ ခိုင္ခိုင္ျမဲျမဲနဲ႔
ကိုယ့္အနားက စြန္႔ခြာမသြားပဲ ခ်စ္ေပးၾကတဲ့သူေတြလည္း ရွိပါတယ္။
ကိုယ့္ခ်စ္သူက ကိုယ့္ကို ဘယ္ေတာ့မွ စြန္႔ခြာမသြားဘဲ
အတူရွိေနေပးမယ့္သူဆိုတာကို ဒီအခ်က္ေတြကို ၾကည့္ၿပီး သိႏိုင္ပါတယ္ေနာ္ ……။
(၁) သင့္ကို မၿငိဳၿငင္ဘူး
ကိုယ့္ကို တကယ္ခ်စ္တဲ့သူေတြက ကိုယ့္ရဲ႕ အဆုိးေတြကို သိရင္ေတာင္
ဆိုးတဲ့ အခ်က္ေတြလို႔ပဲ လက္ခံလိုက္ၿပီး ၿငိဳၿငင္မႈေတြ မရွိတဲ့သူ ျဖစ္ပါတယ္။
သင့္မွာရွိေနတဲ့ အခ်က္ေတြအတြက္ စိတ္ဆိုးရင္ပဲ စိတ္ဆိုးမယ္၊
ၿငိိဳၿငင္ၿပီး သင့္ကို ေရွာင္ခြာ မေနတတ္ၾကပါဘူး။
ကိုယ့္ရဲ႕ အရာေတြအတြက္ ကိုယ့္ကို မၿငိဳျငင္တဲ့သူဆိုတာ
ကိုယ့္ကို ထားသြားဖို႔ စိတ္ကူးထဲေတာင္ မရွိလို႔ ျဖစ္ပါတယ္ …။
(၂) မိသားစုလို ျဖစ္ေနမယ္
ခ်စ္သူဆိုတာ သူစိမ္းႏွစ္ဦးက အခ်စ္ေတြနဲ႔ ရင္းႏွီးသြားၾကရင္း
ဘဝကို အတူ ျဖတ္သန္းၾကတာ ျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ သူစိမ္းႏွစ္ဦးက အခ်ိန္အၾကာႀကီး အဆင္ေျပဖုိ႔ဆိုရင္
တည္ေဆာက္ရမွာေတြ အမ်ားႀကီး ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ကိုယ့္ခ်စ္သူက ကိုယ္နဲ႔ စိမ္းတဲ့သူလို႔ မခံစားရေတာ့ဘဲ
ကိုယ့္ရဲ႕ မိသားစုဝင္လို ကိုယ့္ကို ေႏြးေထြးမႈေတြ ျဖစ္ေစတဲ့သူ၊
မိသားစုလို ဂရုစိုက္မႈေတြ ေပးတဲ့သူဆိုရင္ သင္တို႔က ေတာ္ရံုနဲ႔ ခြဲခြာျဖစ္မယ့္သူမ်ိဳးေတြ မဟုတ္ပါဘူး …။
(၃) သူ႔အေၾကာင္း ထိန္ခ်န္မထားဘူး
ေယာက်ၤားေလးေတြ အမ်ားစုက သူတို႔အေၾကာင္းကို
ရည္းစားတိုင္းကို ထုတ္ေျပာေလ့ ရွိတဲ့သူေတြ မဟုတ္ပါဘူး။
သူ႔အေၾကာင္းကို ထိန္ခ်န္မထားဘဲ သူ႔စိတ္ညစ္တဲ့အရာေတြကို
သင့္ကို ထုတ္ေျပာတယ္ဆိုရင္ေတာ့ သင့္ခ်စ္သူက သင့္ကို
အတည္ လက္တြဲခ်င္တဲ့သူမို႔ ေျပာျပတယ္ ဆိုတာ သင္နားလည္ထားပါေနာ္ …။
(၄) ကိုယ္ေပ်ာ္ဖို႔ ႀကိဳးစားေပးတယ္
ေကာင္ေလးေတြက ကိုယ့္ခ်စ္သူကို ေခ်ာ့တယ္ဆိုတာ သဘာဝပဲ
ဆုိေပမယ့္ ကိုယ္ တစ္ဘဝလံုး လက္တြဲခ်င္မိေအာင္ကို ခ်စ္မိတဲ့ မိန္းကေလးကိုေတာ့
ေပ်ာ္ေအာင္ ဖန္တီးေပးခ်င္တတ္ၾကပါတယ္။
အေသးအဖြဲ႕ကေန သူတို႔ တတ္ႏိုင္တဲ့အထိ အရာရာ သင့္အတြက္
စဥ္းစားေပးၿပီး သင္ ေပ်ာ္ဖို႔ ႀကိဳးစားေပးေနတာကို
သင္ ျမင္ရတယ္ဆိုရင္ ဒီခ်စ္သူမ်ိဳးက သင့္ကို ထားသြားဖို႔ ေတြးမယ့္သူ မဟုတ္ပါဘူး …။
(၅) ကိုယ့္အက်င့္ေတြကို အလြတ္ရေနမယ္
ေယာက်ၤားေလးေတြရဲ႕ သဘာဝက သူတို႔ စိတ္ဝင္စားတဲ့အရာကလြဲရင္
ကိုယ့္ရည္းစားအေၾကာင္းေတြေတာင္ မွတ္မိတတ္တဲ့သူမ်ိဳး မဟုတ္ပါဘူး။
ကိုယ့္သားသမီးရဲ႕ ေမြးေန႔ကိုေတာင္ မသိတဲ့ ဖခင္ေတြလည္း အမ်ားႀကီးပါပဲ။
ဆိုလိုတာက ေယာက်ၤားေလးေတြက မိန္းကေလးေတြလို အေသးအဖြဲ႕
အရာေတြကို အလြယ္တကူ မွတ္မိၾကတဲ့သူေတြ မဟုတ္ဘူးဆိုတာပါပဲ။
ဒါေပမယ့္ သင့္ခ်စ္သူ ေကာင္ေလးက သင့္ရဲ႕ စားေသာက္တဲ့အခါ ရွိေနတဲ့အက်င့္ေတြ၊
သင္ႀကိဳက္တတ္တဲ့ အဝတ္အစားပံုစံေတြနဲ႔ သင္ မႀကိဳက္တဲ့အရာေတြကိုပါ
မွတ္မိေနတယ္ဆိုရင္ သင့္ကို ထားသြားဖို႔ မျဖစ္ႏိုင္တဲ့သူ ျဖစ္ပါတယ္ေနာ္ …။ ။
Credit
Unicode
ကိုယ့်အနားက ဘယ်တော့မှ စွန့်ခွာမသွားမယ့် ချစ်သူဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ
အချစ်တွေဆိုတာ ရှိနေကြပေမယ့်လည်း အချစ်တွေ သက်တမ်းကုန်သွားတဲ့အခါ
ကိုယ့်ဆီကနေ စွန့်ခွာသွားတတ်ကြတာပါပဲ။
အချစ်တွေ ကုန်သွားလို့ လမ်းခွဲရတဲ့သူတွေ ရှိသလို အချစ်တွေ ခိုင်ခိုင်မြဲမြဲနဲ့
ကိုယ့်အနားက စွန့်ခွာမသွားပဲ ချစ်ပေးကြတဲ့သူတွေလည်း ရှိပါတယ်။
ကိုယ့်ချစ်သူက ကိုယ့်ကို ဘယ်တော့မှ စွန့်ခွာမသွားဘဲ
အတူရှိနေပေးမယ့်သူဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်နော် ……။
(၁) သင့်ကို မငြိုငြင်ဘူး
ကိုယ့်ကို တကယ်ချစ်တဲ့သူတွေက ကိုယ့်ရဲ့ အဆိုးတွေကို သိရင်တောင်
ဆိုးတဲ့ အချက်တွေလို့ပဲ လက်ခံလိုက်ပြီး ငြိုငြင်မှုတွေ မရှိတဲ့သူ ဖြစ်ပါတယ်။
သင့်မှာရှိနေတဲ့ အချက်တွေအတွက် စိတ်ဆိုးရင်ပဲ စိတ်ဆိုးမယ်၊
ငြိုငြင်ပြီး သင့်ကို ရှောင်ခွာ မနေတတ်ကြပါဘူး။
ကိုယ့်ရဲ့ အရာတွေအတွက် ကိုယ့်ကို မငြိုငြင်တဲ့သူဆိုတာ
ကိုယ့်ကို ထားသွားဖို့ စိတ်ကူးထဲတောင် မရှိလို့ ဖြစ်ပါတယ် …။
(၂) မိသားစုလို ဖြစ်နေမယ်
ချစ်သူဆိုတာ သူစိမ်းနှစ်ဦးက အချစ်တွေနဲ့ ရင်းနှီးသွားကြရင်း
ဘဝကို အတူ ဖြတ်သန်းကြတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ သူစိမ်းနှစ်ဦးက အချိန်အကြာကြီး အဆင်ပြေဖို့ဆိုရင်
တည်ဆောက်ရမှာတွေ အများကြီး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ်နဲ့ စိမ်းတဲ့သူလို့ မခံစားရတော့ဘဲ
ကိုယ့်ရဲ့ မိသားစုဝင်လို ကိုယ့်ကို နွေးထွေးမှုတွေ ဖြစ်စေတဲ့သူ၊
မိသားစုလို ဂရုစိုက်မှုတွေ ပေးတဲ့သူဆိုရင် သင်တို့က တော်ရုံနဲ့ ခွဲခွာဖြစ်မယ့်သူမျိုးတွေ မဟုတ်ပါဘူး …။
(၃) သူ့အကြောင်း ထိန်ချန်မထားဘူး
ယောင်္ကျားလေးတွေ အများစုက သူတို့အကြောင်းကို
ရည်းစားတိုင်းကို ထုတ်ပြောလေ့ ရှိတဲ့သူတွေ မဟုတ်ပါဘူး။
သူ့အကြောင်းကို ထိန်ချန်မထားဘဲ သူ့စိတ်ညစ်တဲ့အရာတွေကို
သင့်ကို ထုတ်ပြောတယ်ဆိုရင်တော့ သင့်ချစ်သူက သင့်ကို
အတည် လက်တွဲချင်တဲ့သူမို့ ပြောပြတယ် ဆိုတာ သင်နားလည်ထားပါနော် …။
(၄) ကိုယ်ပျော်ဖို့ ကြိုးစားပေးတယ်
ကောင်လေးတွေက ကိုယ့်ချစ်သူကို ချော့တယ်ဆိုတာ သဘာဝပဲ
ဆိုပေမယ့် ကိုယ် တစ်ဘဝလုံး လက်တွဲချင်မိအောင်ကို ချစ်မိတဲ့ မိန်းကလေးကိုတော့
ပျော်အောင် ဖန်တီးပေးချင်တတ်ကြပါတယ်။
အသေးအဖွဲ့ကနေ သူတို့ တတ်နိုင်တဲ့အထိ အရာရာ သင့်အတွက်
စဉ်းစားပေးပြီး သင် ပျော်ဖို့ ကြိုးစားပေးနေတာကို
သင် မြင်ရတယ်ဆိုရင် ဒီချစ်သူမျိုးက သင့်ကို ထားသွားဖို့ တွေးမယ့်သူ မဟုတ်ပါဘူး …။
(၅) ကိုယ့်အကျင့်တွေကို အလွတ်ရနေမယ်
ယောင်္ကျားလေးတွေရဲ့ သဘာဝက သူတို့ စိတ်ဝင်စားတဲ့အရာကလွဲရင်
ကိုယ့်ရည်းစားအကြောင်းတွေတောင် မှတ်မိတတ်တဲ့သူမျိုး မဟုတ်ပါဘူး။
ကိုယ့်သားသမီးရဲ့ မွေးနေ့ကိုတောင် မသိတဲ့ ဖခင်တွေလည်း အများကြီးပါပဲ။
ဆိုလိုတာက ယောင်္ကျားလေးတွေက မိန်းကလေးတွေလို အသေးအဖွဲ့
အရာတွေကို အလွယ်တကူ မှတ်မိကြတဲ့သူတွေ မဟုတ်ဘူးဆိုတာပါပဲ။
ဒါပေမယ့် သင့်ချစ်သူ ကောင်လေးက သင့်ရဲ့ စားသောက်တဲ့အခါ ရှိနေတဲ့အကျင့်တွေ၊
သင်ကြိုက်တတ်တဲ့ အဝတ်အစားပုံစံတွေနဲ့ သင် မကြိုက်တဲ့အရာတွေကိုပါ
မှတ်မိနေတယ်ဆိုရင် သင့်ကို ထားသွားဖို့ မဖြစ်နိုင်တဲ့သူ ဖြစ်ပါတယ်နော် …။ ။
Credit