ခဏေတာ့ငိုပါ…အခ်စ္နဲ ့ပတ္သက္ရင္ စိတ္ႏုတဲ့သူေတြ ဖတ္ဖို႕
အခ်စ္နဲ ့ပတ္သက္ရင္ စိတ္ႏုတဲ့ သူေတြ ဖတ္ၾကည့္ပါ …။
အသဲကြဲတိုင္း ငိုေနစရာလား ငိုမ္ိရင္ခဏေပါ့
မ်က္နွာထသစ္ သနပ္ခါးလိမ္းျပီးရင္ စိတ္လက္ၾကည္သာတဲ့ေနရာကို ထသြားလိုက္မယ္။
နဂိုအတိုင္း အခ်စ္ကို ျပန္မရနိဳင္မွေတာ့ ဘာလို႔မ်ား ေမွ်ာ္လင့္ေတာင့္တ ငိုေၾကြးေနရမွာလဲ …၊
ေလာကမွာ သနားစရာအေကာင္းဆံုး လူဟာ ကိုယ္ျဖစ္သင့္သလို ကိုယ့္ကိုကိုယ္ေလာက္ ဘယ္သူမွ မခ်စ္နိုင္ပါဘူးေနာ္။
လမ္းခြဲသြားလို ့ ဝမ္းနည္းေၾကကြဲေနစရာလား…၊ စိတ္ထိခိုက္ ခံစားရရင္ ခဏဆို လံုေလာက္ျပီေလ …။
ကိုယ္လုပ္စရာရွိတာေတြကို ဆက္လုပ္ဖို ့ အားအင္အသစ္ေတြကို အျမန္ဆံုးေမြးယူျပီး
လုပ္ငန္းခြင္နဲ ့ သူငယ္ခ်င္းေတြၾကား ေပ်ာ္ေပ်ာ္ပဲ ေနလိုက္မယ္။
ခ်န္ထားခဲ့သူထက္ တစ္ေန ့သာရမယ္ ဆိုတဲ့ စိတ္နဲ႔ အလုပ္ေတြကို ပိုေတာင္ ၾကိဳးစားလိုက္ရံုပဲ …။
ကိုယ့္ဘဝအတြက္ ေနာက္ထပ္ေရွ႕ဆက္ရမဲ့ ခရီးရဲ႕ ပဲ့ကိုင္ရွင္ဟာ ကိုယ္သာျဖစ္ေနတာမို ့
ကိုယ့္ကို ေဖးကူသူ မဟုတ္တဲ့ လူအတြက္ အခ်ိန္ေပးျပီး စိတ္ကိုညင္းဆဲေနစရာမွမဟုတ္တာ
သစၥာမရွိလို ့ ခံပ်င္းစိတ္ျဖစ္ေနလား ခဏေလာက္ ေဒါသထြက္ ေပါက္ကြဲပစ္လိုက္မယ္ ဒါဆို အဆင္ေျပျပီေလ …။
သြားစမ္းပါေစ တန္ဖိုးမသိတဲ့သူအတြက္ ကိုယ့္တန္ဖိုးေတြပါ က်ဆင္းေစေလာက္ေအာင္ ရုပ္ပ်က္ေနစရာမွ မလိုတာ။
သူ ့ထက္သာတဲ့ သစၥာရွိတဲ့ ခ်စ္သူ အခ်ိန္တန္ ရလာလိမ့္မယ္။
အခ်စ္ဟာ ဘဝရဲ႕ တစ္စိပ္တစ္ေဒသ အခန္းက႑မွာ ပါဝင္ေနတာမို
စာရိတၱ မေကာင္းသူနဲ ့ေစာေစာလမ္းခြဲရတဲ့ ကိုယ္ဟာ ကံေကာင္းတဲ့သူအျဖစ္ ဝမ္းသာဖို ့ေတာင္ေကာင္းေသးတယ္ …။
ေပ်ာ္ရႊင္ေနတဲ့ သူအျဖစ္ လူေတြၾကားထဲ ဂုဏ္ယူစြာ သာသာယာယာ ေနလိုက္မယ္။
ခ်စ္ရက္နဲ ့ လမ္းခြဲရလို ့ အားငယ္ေနလား…၊ ခဏေတာ့ငိုပါမယ္။
ကိုယ္ခ်စ္တဲ့သူရဲ့ ေလွ်ာက္ရမယ့္လမ္း ေႏွာင့္ေႏွးျခင္း ၊
အေႏွာက္ယွက္ ျဖစ္ေစတာမ်ိဳး မျဖစ္ရေအာင္ ေနာက္ထပ္ မ်က္ရည္ မက်ေတာ့ဘူး …။
သူျမင္ေစခ်င္တဲ့ အဆင္ေျပတဲ့ဘဝကို ယူျပမယ္။
သူမျမင္ရက္တဲ့ မ်က္ရည္ ေနာက္ထပ္မက်ေစျခင္းနဲ ့၊ ႏွစ္သိမ့္ေပးမယ္။
ခ်စ္တိုင္း ညားက်ေၾကးဆိုရင္ အခ်စ္နဲ ့ပတ္သက္တဲ့ ရာဇဝင္ေတာင္ရွိလာမွာ မဟုတ္ဖူးဆိုျပီး စိတ္ကို ေျဖေဖ်ာက္လိုက္မယ္ …။
ကိုယ္ေပ်ာ္ေနတာဘဲ သူျမင္ခ်င္သလို သူေပ်ာ္ေနတာဘဲ ကိုယ္ျမင္ခ်င္တာမို ့အခ်ိန္ၾကာၾကာ ဝမ္းနည္းေၾကကြဲေနျခင္းနဲ ့
စိတ္ဓါတ္ကို မျပိဳလဲေစရဘူး။ ေတြ ့ဆံုျခင္းရွိရင္ ဘယ္လို အေၾကာင္းနဲ ့ ျဖစ္ျဖစ္ ခြဲခြာျခင္းဆိုတာ တစ္ေန ့ရွိလာရမယ္ဆိုတာ ေလာကရဲ႕ ဓမၼတာတရားပါ …။
ဘယ္လိုအေၾကာင္းေၾကာင္းနဲ ့ ခြဲရပါေစ ကိုယ့္ကိုယ္ကိုယ္ ခ်စ္တဲ့သူေတြဟာ ခဏပဲ ငိုၾကတယ္ …။
ဒါေၾကာင့္ အသဲကြဲလို ့ ငိုလည္း ခဏေပါ့။ သစၥာမရွိလို ့ ထားခဲ့လည္းလို ့ ငိုလည္း ခဏေပါ့။
မျဖစ္နိုင္လို ့ လမ္းခြဲရလို ့ငိုလည္း ခဏေပါ႔။ ဘဝကို ထိခိုက္ေအာင္ထိ အရူးအမူး ျဖစ္ေနစရာ မလိုပါဘူးေနာ္ …။ ။
Credit
Unicode
ခဏတော့ငိုပါ…အချစ်နဲ့ပတ်သက်ရင် စိတ်နုတဲ့သူတွေ ဖတ်ဖို့
အချစ်နဲ့ပတ်သက်ရင် စိတ်နုတဲ့ သူတွေ ဖတ်ကြည့်ပါ …။
အသဲကွဲတိုင်း ငိုနေစရာလား ငိုမ်ိရင်ခဏပေါ့
မျက်နှာထသစ် သနပ်ခါးလိမ်းပြီးရင် စိတ်လက်ကြည်သာတဲ့နေရာကို ထသွားလိုက်မယ်။
နဂိုအတိုင်း အချစ်ကို ပြန်မရနိုင်မှတော့ ဘာလို့များ မျှော်လင့်တောင့်တ ငိုကြွေးနေရမှာလဲ …၊
လောကမှာ သနားစရာအကောင်းဆုံး လူဟာ ကိုယ်ဖြစ်သင့်သလို ကိုယ့်ကိုကိုယ်လောက် ဘယ်သူမှ မချစ်နိုင်ပါဘူးနော်။
လမ်းခွဲသွားလို့ ဝမ်းနည်းကြေကွဲနေစရာလား…၊ စိတ်ထိခိုက် ခံစားရရင် ခဏဆို လုံလောက်ပြီလေ …။
ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့ အားအင်အသစ်တွေကို အမြန်ဆုံးမွေးယူပြီး
လုပ်ငန်းခွင်နဲ့ သူငယ်ချင်းတွေကြား ပျော်ပျော်ပဲ နေလိုက်မယ်။
ချန်ထားခဲ့သူထက် တစ်နေ့သာရမယ် ဆိုတဲ့ စိတ်နဲ့ အလုပ်တွေကို ပိုတောင် ကြိုးစားလိုက်ရုံပဲ …။
ကိုယ့်ဘဝအတွက် နောက်ထပ်ရှေ့ဆက်ရမဲ့ ခရီးရဲ့ ပဲ့ကိုင်ရှင်ဟာ ကိုယ်သာဖြစ်နေတာမို့
ကိုယ့်ကို ဖေးကူသူ မဟုတ်တဲ့ လူအတွက် အချိန်ပေးပြီး စိတ်ကိုညင်းဆဲနေစရာမှမဟုတ်တာ
သစ္စာမရှိလို့ ခံပျင်းစိတ်ဖြစ်နေလား ခဏလောက် ဒေါသထွက် ပေါက်ကွဲပစ်လိုက်မယ် ဒါဆို အဆင်ပြေပြီလေ …။
သွားစမ်းပါစေ တန်ဖိုးမသိတဲ့သူအတွက် ကိုယ့်တန်ဖိုးတွေပါ ကျဆင်းစေလောက်အောင် ရုပ်ပျက်နေစရာမှ မလိုတာ။
သူ့ထက်သာတဲ့ သစ္စာရှိတဲ့ ချစ်သူ အချိန်တန် ရလာလိမ့်မယ်။
အချစ်ဟာ ဘဝရဲ့ တစ်စိပ်တစ်ဒေသ အခန်းကဏ္ဍမှာ ပါဝင်နေတာမို
စာရိတ္တ မကောင်းသူနဲ့စောစောလမ်းခွဲရတဲ့ ကိုယ်ဟာ ကံကောင်းတဲ့သူအဖြစ် ဝမ်းသာဖို့တောင်ကောင်းသေးတယ် …။
ပျော်ရွှင်နေတဲ့ သူအဖြစ် လူတွေကြားထဲ ဂုဏ်ယူစွာ သာသာယာယာ နေလိုက်မယ်။
ချစ်ရက်နဲ့ လမ်းခွဲရလို့ အားငယ်နေလား…၊ ခဏတော့ငိုပါမယ်။
ကိုယ်ချစ်တဲ့သူရဲ့ လျှောက်ရမယ့်လမ်း နှောင့်နှေးခြင်း ၊
အနှောက်ယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် နောက်ထပ် မျက်ရည် မကျတော့ဘူး …။
သူမြင်စေချင်တဲ့ အဆင်ပြေတဲ့ဘဝကို ယူပြမယ်။
သူမမြင်ရက်တဲ့ မျက်ရည် နောက်ထပ်မကျစေခြင်းနဲ့၊ နှစ်သိမ့်ပေးမယ်။
ချစ်တိုင်း ညားကျကြေးဆိုရင် အချစ်နဲ့ပတ်သက်တဲ့ ရာဇဝင်တောင်ရှိလာမှာ မဟုတ်ဖူးဆိုပြီး စိတ်ကို ဖြေဖျောက်လိုက်မယ် …။
ကိုယ်ပျော်နေတာဘဲ သူမြင်ချင်သလို သူပျော်နေတာဘဲ ကိုယ်မြင်ချင်တာမို့အချိန်ကြာကြာ ဝမ်းနည်းကြေကွဲနေခြင်းနဲ့
စိတ်ဓါတ်ကို မပြိုလဲစေရဘူး။ တွေ့ဆုံခြင်းရှိရင် ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ် ခွဲခွာခြင်းဆိုတာ တစ်နေ့ရှိလာရမယ်ဆိုတာ လောကရဲ့ ဓမ္မတာတရားပါ …။
ဘယ်လိုအကြောင်းကြောင်းနဲ့ ခွဲရပါစေ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူတွေဟာ ခဏပဲ ငိုကြတယ် …။
ဒါကြောင့် အသဲကွဲလို့ ငိုလည်း ခဏပေါ့။ သစ္စာမရှိလို့ ထားခဲ့လည်းလို့ ငိုလည်း ခဏပေါ့။
မဖြစ်နိုင်လို့ လမ်းခွဲရလို့ငိုလည်း ခဏပေါ့။ ဘဝကို ထိခိုက်အောင်ထိ အရူးအမူး ဖြစ်နေစရာ မလိုပါဘူးနော် …။ ။
Credit