ခႏၶာကိုယ္က မဝေပမယ့္ ဗုိက္မွာပဲ အျမဲ ကြက္ကိတ္ေနတဲ့ ပ်ိဳပ်ိဳေမေတြ ဖတ္ဖို႔
အဆီပိုေတြဆိုတာ ၾကည့္မေကာင္းသလို က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။
စားသေလာက္ မဝတဲ့ မိန္းကေလးေတြ ရွိသလို ေလရွဴတာေတာင္ ဝေနပါတယ္ဆိုတဲ့ မိန္းကေလးေတြလည္း ရွိပါတယ္။
တစ္ခ်ိဳ႕ကေတာ့ ခႏၶာကိုယ္မွာ အဆီ မရွိဘဲ ဗိုက္ေလးပဲ ကြက္အဆီစုၿပီး ပူထြက္ေနတာမ်ိဳးပါ။
ဒီလိုမ်ိဳး ဗိုက္မွာပဲ အဆီစုၿပီး ပူေနတာက ၾကည့္ရ အရမ္းဆိုးတာေၾကာင့္ ဒီအခ်က္ေလးေတြကို သတိထားသင့္ပါတယ္။
အေၾကာင္းအရင္းမ်ား
ဗိုက္မွာ အဆီေတြ မ်ားတဲ့ အေၾကာင္းအရင္းထဲမွာ အစားစားၿပီးတုိင္း လွဲအိပ္ေနမိတာမ်ိဳး၊
လႈပ္ရွားမႈ မရွိတာမ်ိဳးေတြေၾကာင့္ ျဖစ္သလို အထိုင္မ်ားတဲ့ အလုပ္မ်ိဳးကို လုပ္ရတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ေသခ်ာတဲ့အခ်က္ကေတာ့ အဆီေခ်ဖ်က္ဖို႔အတြက္ လံုေလာက္တဲ့ လႈပ္ရွားမႈ မရွိလို႔ဘဲ ျဖစ္ပါတယ္။
သတိထားရမယ့္ အခ်က္မ်ား
ဗိုက္မွာပဲ အဆီပိုေတြ ရွိေနတဲ့ မိန္းကေလးေတြအတြက္ ဒီအရာေတြကို ေရွာင္ေပးဖို႔ လိုအပ္ပါတယ္။
စားၿပီးတာနဲ႔ အိပ္စက္ျခင္း
အထိုင္မ်ားျခင္း
လမ္းေလွ်ာက္တာ နည္းျခင္း
စားၿပီးတာနဲ႔ အလုပ္စားပြဲမွာ တန္းထိုင္ျခင္း
ထိုင္တဲ့ အေနအထား မမွန္ျခင္း
ျပဳလုပ္သင့္တဲ့ အရာမ်ား
ဗိုက္မွာ ရွိေနတဲ့ အဆီပိုေတြကို က်ခ်င္ရင္ေတာ့ ဒီအခ်က္ေလးေတြကို မွန္မွန္ လိုက္နာဖို႔ပဲ လိုအပ္ပါတယ္။
အစားစားၿပီးရင္ လမ္းေလး ျဖည္းျဖည္းေလွ်ာက္ေပးပါ။
ခါးလွည့္ကြင္းကို အသံုးျပဳၿပီး ေလ့က်င့္ခန္း လုပ္ပါ။
တစ္ေန႔ကို ေျခလွမ္း ၄၀၀၀ အထက္ လမ္းေလွ်ာက္ေပးပါ။
အထိုင္မ်ားတဲ့ အလုပ္ဆိုရင္လည္း လမ္းထထ ေလွ်ာက္ေပးပါ။
ေရြးခ်ယ္သင့္တဲ့ ဖက္ရွင္မ်ား
ဗိုက္မွာပဲ ကြက္ၿပီး အဆီေတြ စုေနတဲ့ အခ်ိန္မ်ိဳးမွာ ခါးကို အသားေပးတဲ့ အဝတ္အစားမ်ိဳးေတြကို ေရွာင္သင့္ပါတယ္။
ခါးကို ေပၚေစမယ့္ အဝတ္အစားမ်ိဳးေတြ မဝတ္သင့္သလို ေဘာင္းဘီေတြကိုလည္း ခါးအျမွင့္ေတြကိုပဲ ဝတ္သင့္ပါတယ္။
တကယ္လို႔ ခါးကို သိသာေစတဲ့ အဝတ္မ်ိဳး ဝတ္မိရင္လည္း အေပၚထပ္ေလး တစ္ခုနဲ႔ တြဲၿပီး ဝတ္ဆင္ေပးသင့္ပါတယ္။
ဗိုက္ေခါက္ေတြ အတစ္လိုက္ ထြက္ေနတာမ်ိဳး ျဖစ္ေစတဲ့ အဝတ္အစားမ်ိဳးကိုေတာ့ လံုးဝ ေရွာင္ႏိုင္ရင္ အေကာင္းဆံုးပါပဲေနာ္။
Credit
Unicode
ခန္ဓာကိုယ်က မဝပေမယ့် ဗိုက်မှာပဲ အမြဲ ကွက်ကိတ်နေတဲ့ ပျိုပျိုမေတွေ ဖတ်ဖို့…
အဆီပိုတွေဆိုတာ ကြည့်မကောင်းသလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
စားသလောက် မဝတဲ့ မိန်းကလေးတွေ ရှိသလို လေရှူတာတောင် ဝနေပါတယ်ဆိုတဲ့ မိန်းကလေးတွေလည်း ရှိပါတယ်။
တစ်ချို့ကတော့ ခန္ဓာကိုယ်မှာ အဆီ မရှိဘဲ ဗိုက်လေးပဲ ကွက်အဆီစုပြီး ပူထွက်နေတာမျိုးပါ။
ဒီလိုမျိုး ဗိုက်မှာပဲ အဆီစုပြီး ပူနေတာက ကြည့်ရ အရမ်းဆိုးတာကြောင့် ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။
အကြောင်းအရင်းများ
ဗိုက်မှာ အဆီတွေ များတဲ့ အကြောင်းအရင်းထဲမှာ အစားစားပြီးတိုင်း လှဲအိပ်နေမိတာမျိုး၊
လှုပ်ရှားမှု မရှိတာမျိုးတွေကြောင့် ဖြစ်သလို အထိုင်များတဲ့ အလုပ်မျိုးကို လုပ်ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သေချာတဲ့အချက်ကတော့ အဆီချေဖျက်ဖို့အတွက် လုံလောက်တဲ့ လှုပ်ရှားမှု မရှိလို့ဘဲ ဖြစ်ပါတယ်။
သတိထားရမယ့် အချက်များ
ဗိုက်မှာပဲ အဆီပိုတွေ ရှိနေတဲ့ မိန်းကလေးတွေအတွက် ဒီအရာတွေကို ရှောင်ပေးဖို့ လိုအပ်ပါတယ်။
စားပြီးတာနဲ့ အိပ်စက်ခြင်း
အထိုင်များခြင်း
လမ်းလျှောက်တာ နည်းခြင်း
စားပြီးတာနဲ့ အလုပ်စားပွဲမှာ တန်းထိုင်ခြင်း
ထိုင်တဲ့ အနေအထား မမှန်ခြင်း
ပြုလုပ်သင့်တဲ့ အရာများ
ဗိုက်မှာ ရှိနေတဲ့ အဆီပိုတွေကို ကျချင်ရင်တော့ ဒီအချက်လေးတွေကို မှန်မှန် လိုက်နာဖို့ပဲ လိုအပ်ပါတယ်။
အစားစားပြီးရင် လမ်းလေး ဖြည်းဖြည်းလျှောက်ပေးပါ။
ခါးလှည့်ကွင်းကို အသုံးပြုပြီး လေ့ကျင့်ခန်း လုပ်ပါ။
တစ်နေ့ကို ခြေလှမ်း ၄၀၀၀ အထက် လမ်းလျှောက်ပေးပါ။
အထိုင်များတဲ့ အလုပ်ဆိုရင်လည်း လမ်းထထ လျှောက်ပေးပါ။
ရွေးချယ်သင့်တဲ့ ဖက်ရှင်များ
ဗိုက်မှာပဲ ကွက်ပြီး အဆီတွေ စုနေတဲ့ အချိန်မျိုးမှာ ခါးကို အသားပေးတဲ့ အဝတ်အစားမျိုးတွေကို ရှောင်သင့်ပါတယ်။
ခါးကို ပေါ်စေမယ့် အဝတ်အစားမျိုးတွေ မဝတ်သင့်သလို ဘောင်းဘီတွေကိုလည်း ခါးအမြှင့်တွေကိုပဲ ဝတ်သင့်ပါတယ်။
တကယ်လို့ ခါးကို သိသာစေတဲ့ အဝတ်မျိုး ဝတ်မိရင်လည်း အပေါ်ထပ်လေး တစ်ခုနဲ့ တွဲပြီး ဝတ်ဆင်ပေးသင့်ပါတယ်။
ဗိုက်ခေါက်တွေ အတစ်လိုက် ထွက်နေတာမျိုး ဖြစ်စေတဲ့ အဝတ်အစားမျိုးကိုတော့ လုံးဝ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲနော်။
Credit