Love

အသုံးခ်႐ုံသက္သက္ လက္တြဲေနသူတစ္ေယာက္ရဲ႕လကၡဏာရပ္မ်ား

အသုံးခ်႐ုံသက္သက္ လက္တြဲေနသူတစ္ေယာက္ရဲ႕လကၡဏာရပ္မ်ား

ကုိယ့္ကုိ တစ္စုံတစ္ေယာက္က အသုံးခ်႐ုံသက္သက္ ခ်စ္ေနသလား၊

တကယ္အခ်စ္စစ္နဲ႔ ခ်စ္တာ ဟုတ္သလား ဆုိတာကုိ ပ်ိဳေမတို႕ သိရွိႏုိင္ေစဖုိ႔

အသုံးခ်႐ုံသက္သက္ လက္တြဲေနသူတစ္ေယာက္ရဲ႕ လကၡဏာရပ္မ်ား အေၾကာင္းကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္ …။

(၁) ကုိယ္ကသာ အခ်ိန္ေပးရတယ္”

တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႔ရဖုိ႔ ကိုယ္ကသာ အခ်ိန္ကို ႀကံဖန္ရတယ္၊ အခ်ိန္ကို စီမံရတယ္။

သူက ဒီၾကားထဲ ေစ်းကိုင္ဦးမယ္၊ သူ႕အိမ္နဲ႔ သိပ္ေ၀းတဲ့ေနရာဆုိ မလာခ်င္ဘူးတုိ႔၊ အလႈပ္႐ႈပ္တယ္ တုိ႔ေပါ့။

ဒါကို တကယ္ခ်စ္ေနတဲ့သူရဲ႕ စိတ္ထဲမွာ အခ်စ္မျပယ္ဘူး

သူ ငါ့ကုိ တမင္ ခ်စ္လုိ႔စေနတာ ေနမွာလုိ႔ ေတြးၿပီး ေပ်ာ္တဲ့သူက မရွားေလာက္ပါဘူး

(၂) တစ္ခုခုကုိ အၿမဲေတာင္းဆုိဖုိ႔ အဆင္သင့္ျဖစ္ေနတယ္

သင္နဲ႔ မေတြ႔လုိက္နဲ႔ ေတြ႕လုိက္တာနဲ႔ တစ္ခုခုေတာင္းဖုိ႔ ေသခ်ာသေလာက္ပဲ။

မ်ားေသာအားျဖင့္ေတာ႔ ဒီလုိပုံစံကုိ ေငြေၾကးခ်မ္းသာၿပီး အခ်စ္စိတ္မႊန္ေနတဲ့သူေတြသာ ခံရေလ့ရွိတဲ့ ကိစၥျဖစ္ပါတယ္။

ေငြျခဴမယ္၊ ပစၥည္းျခဴမယ္၊ အရာ၀တၳဳေတြ ၀ယ္ခုိင္းမယ္

ကုိယ့္စိတ္ထဲက မ၀ယ္ေပးခ်င္ေတာင္ သူ စိတ္ပ်က္သြားမွာစုိးလုိ႔ဆုိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ အဆိပ္ပင္ကို ေရေလာင္းမိေနတတ္ပါတယ္ …။

(၃) ေပးဆပ္ဖုိ႔ မရွိ

သူ႕ဘက္က ဘာမွ ေပးဆပ္ဖို႔ စိတ္ကူး မရိွဘူး။

အဲ … ဒီတစ္ေယာက္ကို ဆက္ၿပီး လွည့္ဖ်ားႏုိင္ဖုိ႔အတြက္ အခ်စ္ကုိ ကိုယ္စားမျပဳတဲ့ အနမ္းခါးခါးေတြ၊

ေသြးသားဆာေလာင္မႈေတြ၊ ဟန္ေဆာင္အယုအယေတြေတာ့ သင့္ဘက္က ရခ်င္ ရမွာပါ။

သင့္စိတ္ထဲမွာေတာင္ တန္ဖုိးမရွိဘူး၊ ေပါရဲလုိက္တာလုိ႔ ခံစားမိတဲ့အထိ ျဖစ္ခ်င္ျဖစ္ႏုိင္ပါေသးတယ္။

ဒါေပမယ့္ အတုအပေတြကိုေတာ႔ သတိျပဳပါ …။

(၄) ေငြညႇစ္ျခင္း

သူ႕မွာ သင့္ရဲ႕အားနည္းခ်က္ အစုံကို စုေဆာင္းထားၿပီးသား ျဖစ္ေနတတ္ပါတယ္။

သူလုိခ်င္တာ မရတဲ့အခါ ဟုိကိစၥ လုိင္းေပၚျဖန္႔ပစ္လုိက္မွာေနာ္ … ဟုိဗီြဒီယုိကုိ ျပလုိက္ရေတာ့မလား …

ဟုိေန႔က အ၀ွါမွာ ဟုိပုံေတြ႐ုိက္ထားလုိက္တာ မသိဘူးနဲ႔ တူတယ္

စသျဖင့္ အမ်ိဳးမ်ိဳးေသာ ၿခိမ္းေျခာက္မႈေတြနဲ႔ သူလုိခ်င္တဲ့ ေငြ၊ ပစၥည္းကို ေအးဓားျပ တုိက္ေနပါလိမ္႔မယ္ …။

(၅) ေပၚေပၚထင္ထင္ မတြဲခ်င္ဘူး

သူဟာ သင့္ကို ေပၚေပၚထင္ထင္တြဲဖုိ႔ ဘယ္ေတာ့မွ စိတ္ကူးမရွိပါဘူး။

သင္အဲ႔ဒါကို ေတာင္းဆုိတဲ့ေန႔ ႏွစ္ေယာက္သား ျပႆနာ အႀကီးအက်ယ္တက္တဲ့ေန႔ပါဘဲ။

သူဟာ ေနာက္တစ္ႀကိမ္ ဒီလုိပုံစံ ထပ္ၿပီးမေတာင္းဆုိဖုိ႔ သင့္ကို နည္းမ်ိဳးစံုနဲ႔ ၿခိမ္းေျခာက္ပါလိမ့္မယ္ေနာ္ …။ ။

Credit

Unicode

အသုံးချရုံသက်သက် လက်တွဲနေသူတစ်ယောက်ရဲ့လက္ခဏာရပ်များ

ကိုယ့်ကို တစ်စုံတစ်ယောက်က အသုံးချရုံသက်သက် ချစ်နေသလား၊

တကယ်အချစ်စစ်နဲ့ ချစ်တာ ဟုတ်သလား ဆိုတာကို ပျိုမေတို့ သိရှိနိုင်စေဖို့

အသုံးချရုံသက်သက် လက်တွဲနေသူတစ်ယောက်ရဲ့ လက္ခဏာရပ်များ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ကိုယ်ကသာ အချိန်ပေးရတယ်”

တစ်ယောက်နဲ့တစ်ယောက် တွေ့ရဖို့ ကိုယ်ကသာ အချိန်ကို ကြံဖန်ရတယ်၊ အချိန်ကို စီမံရတယ်။

သူက ဒီကြားထဲ ဈေးကိုင်ဦးမယ်၊ သူ့အိမ်နဲ့ သိပ်ဝေးတဲ့နေရာဆို မလာချင်ဘူးတို့၊ အလှုပ်ရှုပ်တယ် တို့ပေါ့။

ဒါကို တကယ်ချစ်နေတဲ့သူရဲ့ စိတ်ထဲမှာ အချစ်မပြယ်ဘူး

သူ ငါ့ကို တမင် ချစ်လို့စနေတာ နေမှာလို့ တွေးပြီး ပျော်တဲ့သူက မရှားလောက်ပါဘူး

(၂) တစ်ခုခုကို အမြဲတောင်းဆိုဖို့ အဆင်သင့်ဖြစ်နေတယ်

သင်နဲ့ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ တစ်ခုခုတောင်းဖို့ သေချာသလောက်ပဲ။

များသောအားဖြင့်တော့ ဒီလိုပုံစံကို ငွေကြေးချမ်းသာပြီး အချစ်စိတ်မွှန်နေတဲ့သူတွေသာ ခံရလေ့ရှိတဲ့ ကိစ္စဖြစ်ပါတယ်။

ငွေခြူမယ်၊ ပစ္စည်းခြူမယ်၊ အရာဝတ္ထုတွေ ဝယ်ခိုင်းမယ်

ကိုယ့်စိတ်ထဲက မဝယ်ပေးချင်တောင် သူ စိတ်ပျက်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဆိပ်ပင်ကို ရေလောင်းမိနေတတ်ပါတယ် …။

(၃) ပေးဆပ်ဖို့ မရှိ

သူ့ဘက်က ဘာမှ ပေးဆပ်ဖို့ စိတ်ကူး မရှိဘူး။

အဲ … ဒီတစ်ယောက်ကို ဆက်ပြီး လှည့်ဖျားနိုင်ဖို့အတွက် အချစ်ကို ကိုယ်စားမပြုတဲ့ အနမ်းခါးခါးတွေ၊

သွေးသားဆာလောင်မှုတွေ၊ ဟန်ဆောင်အယုအယတွေတော့ သင့်ဘက်က ရချင် ရမှာပါ။

သင့်စိတ်ထဲမှာတောင် တန်ဖိုးမရှိဘူး၊ ပေါရဲလိုက်တာလို့ ခံစားမိတဲ့အထိ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။

ဒါပေမယ့် အတုအပတွေကိုတော့ သတိပြုပါ …။

(၄) ငွေညှစ်ခြင်း

သူ့မှာ သင့်ရဲ့အားနည်းချက် အစုံကို စုဆောင်းထားပြီးသား ဖြစ်နေတတ်ပါတယ်။

သူလိုချင်တာ မရတဲ့အခါ ဟိုကိစ္စ လိုင်းပေါ်ဖြန့်ပစ်လိုက်မှာနော် … ဟိုဗွီဒီယိုကို ပြလိုက်ရတော့မလား …

ဟိုနေ့က အဝှါမှာ ဟိုပုံတွေရိုက်ထားလိုက်တာ မသိဘူးနဲ့ တူတယ်

စသဖြင့် အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေနဲ့ သူလိုချင်တဲ့ ငွေ၊ ပစ္စည်းကို အေးဓားပြ တိုက်နေပါလိမ့်မယ် …။

(၅) ပေါ်ပေါ်ထင်ထင် မတွဲချင်ဘူး

သူဟာ သင့်ကို ပေါ်ပေါ်ထင်ထင်တွဲဖို့ ဘယ်တော့မှ စိတ်ကူးမရှိပါဘူး။

သင်အဲ့ဒါကို တောင်းဆိုတဲ့နေ့ နှစ်ယောက်သား ပြဿနာ အကြီးအကျယ်တက်တဲ့နေ့ပါဘဲ။

သူဟာ နောက်တစ်ကြိမ် ဒီလိုပုံစံ ထပ်ပြီးမတောင်းဆိုဖို့ သင့်ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပါလိမ့်မယ်နော် …။ ။

Credit