Love
ရိုးရှင်းတယ်
စိတ်ထား နူးညံ့တယ်
အရမ်း ချစ်တတ်တယ်
အဖိုးတန်လေးတွေ
ကလေးဆန်တယ်
Credit
Unicode
ချစ်သူကို ကိုက်တတ်တဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်လေးများ
ချစ်သူကို ကိုက်တတ်တဲ့ ကောင်မလေးတွေရဲ့ အမူအကျင့်လေးတွေကတော့
ကိုက်တတ်တဲ့ ကောင်မလေးတွေက သဘောကျစရာ ကောင်းပါတယ်။
ကိုက်တတ် တာက သူတို့ရဲ့ အကျင့် ဖြစ်ပြီး ဒီအကျင့်က ချစ်သူကို အသည်းယား စေတတ်ပါတယ်။
ဒီလို ကိုက်တတ်တဲ့ ကောင်မလေးတွေက ဒီလို သဘော သဘာဝလေးတွေတော့ ရှိပါတယ်။
ရိုးရှင်းတယ်
သူတို့တွေက ဘဝကို ရိုးရိုး ရှင်းရှင်းပဲ ဖြတ်သန်း တတ်ကြ ပါတယ်။ စိတ်လည်း ရိုးရှင်းကြ ပါတယ်။
သူတို့တွေက ချစ်ဖို့ သိပ်ကောင်း တတ်သလို ချစ်သူအပေါ် ဆိုးနွဲ့တတ်ကြပါတယ်။
စိတ်ထား နူးညံ့တယ်
သူတို့တွေကတော့ စိတ်ထား အင်မတန် နူးညံ့တတ်သူတွေ ဖြစ်ပါတယ်။
သနားတတ်တဲ့ စိတ်ရှိသလို ကူညီတတ် သူတွေလည်း ဖြစ်ပါတယ်။
သူတို့တွေနဲ့ ချစ်သူ ဖြစ်တဲ့သူကတော့ ဘယ်တော့မှ စိတ်မချမ်း မသာ ဖြစ်ရမှာ မဟုတ် ပါဘူး။
အရမ်း ချစ်တတ်တယ်
သူတို့လေးတွေက ချစ်သူကို သိပ်ချစ် တတ်ကြတဲ့ သူတွေ ဖြစ်ပါတယ်။
ချစ်ကြောင်း သိပ်ထုတ်မပြောတတ်ပေမယ့် သူတို့က ချစ်သူကို သိပ်ကို ချွဲတတ်ပါတယ်။
အသဲယားလာရင်လည်း ကိုက်နေတတ်ပါတယ်။ ဒါက သူ့ရဲ့ ချစ်သူကို ချစ်ကြောင်း ဖော်ပြတဲ့ နည်းတစ်ခုပါပဲ။
အဖိုးတန်လေးတွေ
သူတို့လေးတွေကို ချစ်သူတော်ထားရ တဲ့သူတွေကတော့ သိပ်ကို ကံကောင်းကြ သူတွေပါပဲ။
ချစ်ဖို့ကောင်းတယ်။ နွဲ့ဆိုး ဆိုးတယ်။ အရမ်းလည်း ချစ်ပေး တတ်သလို စိတ်ထားလေးလည်း
ကောင်းနေတော့ ချစ်သူ ဖြစ်ရတာ တကယ့်ကို ပျော်ရွှင် စရာပါပဲ ။
ကလေးဆန်တယ်
ကိုကိုတွေ အတွက်တော့ ဒီကောင်မလေးတွေက အသင့်တော် ဆုံးပါပဲ။
ကိုကိုရေဆို မလှုပ်နိုင်ဖြစ်လောက်အောင် ချစ်မိသွားမှာကတော့ အဲ့ဒီ ကောင်မလေးကြောင့်ပါပဲ။
သူတို့လေးတွေရဲ့ ကလေးဆန်တဲ့ ပုံလေးတွေကြောင့် အမြဲ ရင်ခုန်စရာ ဖြစ်နေမှာ ပါနော်။
Credit