Knowledge

မတန္ရင္ ကံ ကဖယ္တယ္ (သို႔) ကံ က ကယ္တယ္

မတန္ရင္ ကံ ကဖယ္တယ္ (သို႔) ကံ က ကယ္တယ္

ကြၽန္မရဲ႕ ပတ္ဝန္းက်င္မွာ ခ်စ္ရတဲ့သူငယ္ခ်င္း မိတ္ေဆြေတြ

အသည္းကြဲေဝဒနာခံစားရတဲ့အခါ ကြၽန္မအၿမဲ နားေထာင္အၾကံေပးျဖစ္တယ္။

အၾကံေပးတယ္ဆိုတာက သိလို႔ တတ္လို႔ မဟုတ္ပဲ

သူတို႔ေဝဒနာကို နားနဲ႔တင္မဟုတ္ ရင္ထဲက ခံစားေပးတတ္လို႔

ကိုယ့္သေဘာဆိုရင္ ေတာ့ျဖင့္ ဘယ္လိုဆိုတာေလး သူတို႔ကိုျပန္ေျပာ ျပတာမ်ိဳးေလးပါ။

သူတို႔ နာက်င္တာေတြ သက္သာေစလိုေစျငား ႏွစ္သိမ့္အားေပး တာမ်ိဳးေလးေတြ လုပ္ေပးျဖစ္ပါတယ္။

အဲ့ဒီမွာ သူတို႔ကို ကိုယ္အၿမဲ ေျပာေနက် စကားက ဖူးစာမပါရင္ ဘာမွလုပ္မရဘူး

ဆိုတာရယ္နဲ႔ မတန္ရင္ ကံကဖယ္တယ္ ဆိုတာေလးပါ။ ဟုတ္ပါတယ္။

ခ်စ္သူေတြ ဆယ္ႏွစ္ဆယ္မိုး ခ်စ္ လာၾကလည္း ျပတ္ခ်င္ရင္ ဘာမဟုတ္တာေလးနဲ႔ ျပတ္သြားၾကတာ အမ်ားႀကီးပါ။

ဖူးစာမပါရင္ ခ်စ္သူႏွစ္ဦး ဆုံဆည္းဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။

ဒါကို ရင္နာနာနဲ႔သာ လက္ခံေပးရပါလိမ့္မယ္။ တစ္ခါတစ္ေလ ကိုယ္နဲ႔ ေလး ငါးႏွစ္တြဲလာၿပီး

ေလး ငါးဆယ္ရက္ပဲ တြဲရေသးတဲ့ ရည္းစားအသစ္နဲ႔ လက္ထပ္ခ်င္ ထပ္သြားတတ္ၾကေသးတာ။

တကယ္လို႔ ကိုယ့္ဘက္က သူ႕ကို သစၥာမပ်က္ ခ်စ္ခဲ့တယ္၊ အေကာင္းဆုံး အေနအထားမ်ိဳး ခ်စ္ေပးခဲ့တယ္

ဆိုရင္ ဒါသူ႕ကံသူ ဖန္တီးတာပါ။ မတန္ရင္ ကံကဖယ္တယ္ ဆိုတာမ်ိဳးေပါ့။

ကိုယ္နဲ႔သူ မတန္ လို႔ ကံတရားက ေပါင္းစည္းခြင့္ မေပးတာလို႔သာ ေတြးလိုက္ပါ။

သူ႕ထက္ ကိုယ့္အေပၚ ေကာင္းတဲ့ ခ်စ္သူမ်ိဳး သင္ထပ္ၿပီး ပိုင္ဆိုင္လာရတဲ့အခါ၊

ဒါမွ မဟုတ္ သူ႕အခ်ိဳး သူ႕ပုံစံတစ္ခုခု ေျပာင္းလဲသြား တာမ်ိဳး

ေနာက္မွသိရတဲ့အခါ ငါနဲ႔ျပတ္သြားတာ မွ ခပ္ေကာင္းေကာင္းပါလားလို႔ ေတြးမိလာပါလိမ့္ မယ္။

ဥပမာ သူက မူးယစ္ေဆးေတြ သုံးေနတယ္၊ ဒါမွမဟုတ္ ကိုယ့္ကြယ္ရာ ေျခ႐ႈပ္ခ်င္တယ္။

အဲ့လို အျဖစ္မ်ိဳးေတြလည္း ေ႐ွ႕မွာ႐ွိတယ္။ ကိုယ့္ကို မၾကာခဏ လိမ္ညာေျပာတတ္တယ္။

ဒါမွမဟုတ္ ႏွစ္ဦးၾကား ျပသနာ ခဏခဏကို တက္တယ္ စသျဖင့္ေပါ့ေလ။

ဒီလိုအေျခအေန မ်ိဳးသာ ဆိုရင္ေတာ့ ကံက ကိုယ့္လက္တြဲေဖာ္အျဖစ္ သူ႕ကို ဖယ္လိုက္တာ ကိုယ္ကံမေကာင္းေပဘူး လား။

ကံတရားဆိုတာ သိပ္ဆန္းၾကယ္ပါတယ္။ အခ်စ္ေရးမွ မဟုတ္ပါဘူး။ ေမေသာ္ၾကဳံဖူးတာ မၾကာခဏပါပဲ။

တကၠသိုလ္တုန္းကဆို သူငယ္ခ်င္းေတြစုၿပီး ေဗဒင္ေမးမယ္ ႐ုပ္႐ွင္ အတူၾကည့္မယ္ဆိုၿပီး ခ်ိန္းၾကပါတယ္။

အဲ့ဒီမွာ သူငယ္ခ်င္းေတြ စုမယ့္ စုရပ္ကို ဘတ္စကားစီး သြားေတာ့ အစပိုင္း ကားကအၾကာႀကီးကို ေစာင့္ရပါတယ္။

အရင္က ဒီေလာက္မေစာင့္ရတဲ့ ကားက အၾကာႀကီးရပ္ေစာင့္ရေတာ့ စိတ္ကတို၊ ေနာက္က်ၿပီေပါ့။

ကားေပၚေရာက္ေတာ့လည္း အဆင္မေျပ။ ကားေျပာင္းစီးေတာ့ ကားဘီးက ထပ္ေပါက္ အို ျပသနာကိုမ်ိဳးစုံေနတာပဲ။

အဲ့အခ်ိန္တုန္းက တကၠစီလည္း ခုလို မစီးျဖစ္ဘူး။ မုန္႔ဖိုး ေခြၽတာရတာကိုး။

အဲ့လိုနဲ႔ သူငယ္ခ်င္း တစ္ေယာက္နဲ႔ စေတြ႕ၿပီး ေနာက္ထပ္စုရပ္ကို သြားရမွာ ဘာညာနဲ႔ ေဗဒင္အစဥ္က ပ်က္သြားတယ္။

အဲ့လိုပ်က္သြားတာ က ကံေကာင္းတယ္ ေျပာရမလားပဲ။ ကိုယ္ေတြ သြားမယ့္ ေနရာမွာ မီးေလာင္မႈျဖစ္တယ္။

အထိအခိုက္ေတြ ႐ွိတယ္ ဘာညာ ျပန္ၾကားေတာ့ ေအာ္ အဲ့ဒါေၾကာင့္ ငါအိမ္က စထြက္ကတည္းက

အဲ့မေရာက္ေအာင္ အဖ်က္ေတြနဲ႔ ၾကဳံေနရတာကိုးလို႔ ေတြးမိတယ္။ ဒီလို အဖ်က္က်ေတာ့ ကံေကာင္းေစတဲ့ အဖ်က္ေပါ့။

ဒီေတာ့ ဘာကိုလက္ခံလာသလဲဆိုရင္ ကံကဖယ္ တယ္။ ကံကကယ္တယ္ဆိုတာကိုပဲ။

လူဆိုတာ သူ႕ကုသိုလ္ကံနဲ႔ သူလာၾကတာခ်ည္း။ ေနာက္ပိုင္း ကိုယ့္ဘက္က အတတ္ႏိုင္ဆုံး ႀကိဳးစားလုပ္ေဆာင္တယ္။

ကံက လုံးဝမ်က္ႏွာသာ မေပးဘူးထင္ရင္ စိတ္ဓာတ္က်မေနေတာ့ဘူး။ အဲ့လိုပဲ စိတ္ေျဖေတာ့တာပဲ။

ဥပမာ ခရီးတစ္ခု သြားဖို႔ ေသခ်ာစီစဥ္တယ္ ဘယ္လိုစီစဥ္စီစဥ္ ပ်က္တယ္ဆိုရင္ အေကာင္းဘက္က

ဒီခရီးစဥ္က ကိုယ့္အတြက္ တစ္ခုခု႐ွိေနလို႔သာ ပ်က္တာလို႔ ေတြးလိုက္ေတာ့တယ္။

အလုပ္ဆိုရင္လည္း ဒီအလုပ္မွာ ကိုယ္အမ်ားႀကီး ႀကိဳးစားခဲ့ေပမယ့္ ထြ က္ရမယ့္ အေျခအေနၾကဳံလာတယ္။

ဒါမ်ိဳးဆို ေနာက္ထပ္ေကာင္းတဲ့ အလုပ္တစ္ခု ေပၚလာမွာ မို႔လို႔ဆိုၿပီးေတာ့သာ အေကာင္းဘက္က ေတြးပါ။

ဒါေပမယ့္လူ ဆိုတာက ေျပာရခက္ပါတယ္။ မရတာကိုမွ လိုခ်င္ တတ္ၾကတာမို႔ တစ္ခုခုဆို နာလုံးေပါက္လြယ္ၾက တယ္။

ငါ့ကိုမွ ဒီလို လုပ္ရသလားေပါ့။ လုပ္သြား ရက္တယ္ ဘာညာေပါ့။

သူငယ္ခ်င္းမိတ္ေဆြ အေပါင္းအသင္းက စလို႔ ခ်စ္သူရည္းစားအထိ ကိုယ့္ဘက္က အမွန္ကန္ဆုံး ျပဳမူေနထိုင္ၿပီး စိတ္ရင္းနဲ႔ သာဆက္ဆံ။

ဒါဆို သူ႕ဘက္က တန္ျပန္မႈ မ႐ွိ ဆက္ဆံေရး ပ်က္သြားခဲ့ရင္၊ သူက ကိုယ့္ကို ေခါက္သြားခဲ့ရင္ေတာင္ ကိုယ့္အေနနဲ႔ ေနာင္တရစရာ မ႐ွိဘူးေပါ့။

ေနာက္ သူဟာ ကိုယ္နဲ႔ ကိုယ့္အခ်စ္နဲ႔ မတန္လို႔သာ ကံကဖယ္ လိုက္တယ္လို႔ ေတြးပါ။

ေနာက္ပိုင္း ေသြးေအး တည္ၿငိမ္သြားတဲ့အခါ ကိုယ္ဘယ္ေလာက္ ကံေကာင္းတယ္ဆိုတာ သိလာပါလိမ့္မယ္။

အခ်စ္ေတြနဲ႔ေမ

Unicode

မတန်ရင် ကံ ကဖယ်တယ် (သို့) ကံ က ကယ်တယ်

ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ချစ်ရတဲ့သူငယ်ချင်း မိတ်ဆွေတွေ

အသည်းကွဲဝေဒနာခံစားရတဲ့အခါ ကျွန်မအမြဲ နားထောင်အကြံပေးဖြစ်တယ်။

အကြံပေးတယ်ဆိုတာက သိလို့ တတ်လို့ မဟုတ်ပဲ

သူတို့ဝေဒနာကို နားနဲ့တင်မဟုတ် ရင်ထဲက ခံစားပေးတတ်လို့

ကိုယ့်သဘောဆိုရင် တော့ဖြင့် ဘယ်လိုဆိုတာလေး သူတို့ကိုပြန်ပြော ပြတာမျိုးလေးပါ။

သူတို့ နာကျင်တာတွေ သက်သာစေလိုစေငြား နှစ်သိမ့်အားပေး တာမျိုးလေးတွေ လုပ်ပေးဖြစ်ပါတယ်။

အဲ့ဒီမှာ သူတို့ကို ကိုယ်အမြဲ ပြောနေကျ စကားက ဖူးစာမပါရင် ဘာမှလုပ်မရဘူး

ဆိုတာရယ်နဲ့ မတန်ရင် ကံကဖယ်တယ် ဆိုတာလေးပါ။ ဟုတ်ပါတယ်။

ချစ်သူတွေ ဆယ်နှစ်ဆယ်မိုး ချစ် လာကြလည်း ပြတ်ချင်ရင် ဘာမဟုတ်တာလေးနဲ့ ပြတ်သွားကြတာ အများကြီးပါ။

ဖူးစာမပါရင် ချစ်သူနှစ်ဦး ဆုံဆည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါကို ရင်နာနာနဲ့သာ လက်ခံပေးရပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်နဲ့ လေး ငါးနှစ်တွဲလာပြီး

လေး ငါးဆယ်ရက်ပဲ တွဲရသေးတဲ့ ရည်းစားအသစ်နဲ့ လက်ထပ်ချင် ထပ်သွားတတ်ကြသေးတာ။

တကယ်လို့ ကိုယ့်ဘက်က သူ့ကို သစ္စာမပျက် ချစ်ခဲ့တယ်၊ အကောင်းဆုံး အနေအထားမျိုး ချစ်ပေးခဲ့တယ်

ဆိုရင် ဒါသူ့ကံသူ ဖန်တီးတာပါ။ မတန်ရင် ကံကဖယ်တယ် ဆိုတာမျိုးပေါ့။

ကိုယ်နဲ့သူ မတန် လို့ ကံတရားက ပေါင်းစည်းခွင့် မပေးတာလို့သာ တွေးလိုက်ပါ။

သူ့ထက် ကိုယ့်အပေါ် ကောင်းတဲ့ ချစ်သူမျိုး သင်ထပ်ပြီး ပိုင်ဆိုင်လာရတဲ့အခါ၊

ဒါမှ မဟုတ် သူ့အချိုး သူ့ပုံစံတစ်ခုခု ပြောင်းလဲသွား တာမျိုး

နောက်မှသိရတဲ့အခါ ငါနဲ့ပြတ်သွားတာ မှ ခပ်ကောင်းကောင်းပါလားလို့ တွေးမိလာပါလိမ့် မယ်။

ဥပမာ သူက မူးယစ်ဆေးတွေ သုံးနေတယ်၊ ဒါမှမဟုတ် ကိုယ့်ကွယ်ရာ ခြေရှုပ်ချင်တယ်။

အဲ့လို အဖြစ်မျိုးတွေလည်း ရှေ့မှာရှိတယ်။ ကိုယ့်ကို မကြာခဏ လိမ်ညာပြောတတ်တယ်။

ဒါမှမဟုတ် နှစ်ဦးကြား ပြသနာ ခဏခဏကို တက်တယ် စသဖြင့်ပေါ့လေ။

ဒီလိုအခြေအနေ မျိုးသာ ဆိုရင်တော့ ကံက ကိုယ့်လက်တွဲဖော်အဖြစ် သူ့ကို ဖယ်လိုက်တာ ကိုယ်ကံမကောင်းပေဘူး လား။

ကံတရားဆိုတာ သိပ်ဆန်းကြယ်ပါတယ်။ အချစ်ရေးမှ မဟုတ်ပါဘူး။ မေသော်ကြုံဖူးတာ မကြာခဏပါပဲ။

တက္ကသိုလ်တုန်းကဆို သူငယ်ချင်းတွေစုပြီး ဗေဒင်မေးမယ် ရုပ်ရှင် အတူကြည့်မယ်ဆိုပြီး ချိန်းကြပါတယ်။

အဲ့ဒီမှာ သူငယ်ချင်းတွေ စုမယ့် စုရပ်ကို ဘတ်စကားစီး သွားတော့ အစပိုင်း ကားကအကြာကြီးကို စောင့်ရပါတယ်။

အရင်က ဒီလောက်မစောင့်ရတဲ့ ကားက အကြာကြီးရပ်စောင့်ရတော့ စိတ်ကတို၊ နောက်ကျပြီပေါ့။

ကားပေါ်ရောက်တော့လည်း အဆင်မပြေ။ ကားပြောင်းစီးတော့ ကားဘီးက ထပ်ပေါက် အို ပြသနာကိုမျိုးစုံနေတာပဲ။

အဲ့အချိန်တုန်းက တက္ကစီလည်း ခုလို မစီးဖြစ်ဘူး။ မုန့်ဖိုး ချွေတာရတာကိုး။

အဲ့လိုနဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စတွေ့ပြီး နောက်ထပ်စုရပ်ကို သွားရမှာ ဘာညာနဲ့ ဗေဒင်အစဉ်က ပျက်သွားတယ်။

အဲ့လိုပျက်သွားတာ က ကံကောင်းတယ် ပြောရမလားပဲ။ ကိုယ်တွေ သွားမယ့် နေရာမှာ မီးလောင်မှုဖြစ်တယ်။

အထိအခိုက်တွေ ရှိတယ် ဘာညာ ပြန်ကြားတော့ အော် အဲ့ဒါကြောင့် ငါအိမ်က စထွက်ကတည်းက

အဲ့မရောက်အောင် အဖျက်တွေနဲ့ ကြုံနေရတာကိုးလို့ တွေးမိတယ်။ ဒီလို အဖျက်ကျတော့ ကံကောင်းစေတဲ့ အဖျက်ပေါ့။

ဒီတော့ ဘာကိုလက်ခံလာသလဲဆိုရင် ကံကဖယ် တယ်။ ကံကကယ်တယ်ဆိုတာကိုပဲ။

လူဆိုတာ သူ့ကုသိုလ်ကံနဲ့ သူလာကြတာချည်း။ နောက်ပိုင်း ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်တယ်။

ကံက လုံးဝမျက်နှာသာ မပေးဘူးထင်ရင် စိတ်ဓာတ်ကျမနေတော့ဘူး။ အဲ့လိုပဲ စိတ်ဖြေတော့တာပဲ။

ဥပမာ ခရီးတစ်ခု သွားဖို့ သေချာစီစဉ်တယ် ဘယ်လိုစီစဉ်စီစဉ် ပျက်တယ်ဆိုရင် အကောင်းဘက်က

ဒီခရီးစဉ်က ကိုယ့်အတွက် တစ်ခုခုရှိနေလို့သာ ပျက်တာလို့ တွေးလိုက်တော့တယ်။

အလုပ်ဆိုရင်လည်း ဒီအလုပ်မှာ ကိုယ်အများကြီး ကြိုးစားခဲ့ပေမယ့် ထွ က်ရမယ့် အခြေအနေကြုံလာတယ်။

ဒါမျိုးဆို နောက်ထပ်ကောင်းတဲ့ အလုပ်တစ်ခု ပေါ်လာမှာ မို့လို့ဆိုပြီးတော့သာ အကောင်းဘက်က တွေးပါ။

ဒါပေမယ့်လူ ဆိုတာက ပြောရခက်ပါတယ်။ မရတာကိုမှ လိုချင် တတ်ကြတာမို့ တစ်ခုခုဆို နာလုံးပေါက်လွယ်ကြ တယ်။

ငါ့ကိုမှ ဒီလို လုပ်ရသလားပေါ့။ လုပ်သွား ရက်တယ် ဘာညာပေါ့။

သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းက စလို့ ချစ်သူရည်းစားအထိ ကိုယ့်ဘက်က အမှန်ကန်ဆုံး ပြုမူနေထိုင်ပြီး စိတ်ရင်းနဲ့ သာဆက်ဆံ။

ဒါဆို သူ့ဘက်က တန်ပြန်မှု မရှိ ဆက်ဆံရေး ပျက်သွားခဲ့ရင်၊ သူက ကိုယ့်ကို ခေါက်သွားခဲ့ရင်တောင် ကိုယ့်အနေနဲ့ နောင်တရစရာ မရှိဘူးပေါ့။

နောက် သူဟာ ကိုယ်နဲ့ ကိုယ့်အချစ်နဲ့ မတန်လို့သာ ကံကဖယ် လိုက်တယ်လို့ တွေးပါ။

နောက်ပိုင်း သွေးအေး တည်ငြိမ်သွားတဲ့အခါ ကိုယ်ဘယ်လောက် ကံကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။

အချစ်တွေနဲ့မေ