“မိန္းကေလးတိုင္းဖတ္သင့္တဲ့ တန္ဖိုးရွိတဲ့စာပါ”
သတိထား ညီမေလး
အေရခြံဘယ္ေလာက္လဲလဲ
ေႁမြဆိုတာ တီျဖစ္မသြားဘူး
ေျပာင္းလဲတဲ့ေလာကႀကီးမွာ လိုက္ဖက္ညီေအာင္
အေရာင္ေျပာင္းေနရင္ ပုတ္သင္ညိဳသာသာျဖစ္ေတာ့မွာေပါ့။
ပတၱျမားမွန္တယ္ဆိုတိုင္း ႏြံထဲဝင္မႈိင္ျပစရာလားကြယ္
ေျခေဆးမခံရေအာင္ အိုင္ထဲထိုင္မယ့္အစား
ေရသန႔္လို႔တံဆိပ္ကပ္ႏိုင္ရင္ တန္ဖိုးတက္လာပါလိမ့္မယ္။
အိမ္နဲ႔ေဝးတိုင္းလဲ အားငယ္စိတ္မပ်က္ပါနဲ႔
အေမာေျပေရတစ္ခြက္ အိမ္ေျပးေလးအတြက္တဲ့
အေမ ေန႔တိုင္းခပ္ထားတယ္။
ညီမေလး
စဥ္းစားရတယ္ဆိုတာ
မိန္းကေလးတိုင္းရဲ႕ သမိုင္းေပးတာဝန္
အ႐ိုးဆို ၾကည့္ေရွာင္ရမယ္ေလ။
ကိုယ္က ခဏတာဝါးမယ့္သြားမဟုတ္ဘူး
စကားခလုတ္ေတြ ဘယ္ေလာက္တိုက္တိုက္
ကိုယ့္ကိုယ္ကို မထိခိုက္ဖို႔က ပိုအေရးႀကီးတယ္။
တကယ္ေတာ့ ဟင္းေခ်းမ်ားတယ္ဆိုတာ
အစားေကာင္းစားရတဲ့သူေတြကို
သမုတ္တဲ့ အမည္သက္သက္ပါ။
ညီမေလး
ခ်စ္တာေတာ့ ခ်စ္ပါ
ျပန္ျပင္လို႔မရတဲ့ အခြင့္အေရးေတာ့ မေပးမိပါေစနဲ႔။
ဘဝနဲ႔ရင္းတဲ့ လက္ေရးအတြက္ ဖ်က္ေဆးမရွိဘူး။
ဘဝရဲ႕အစိတ္အပိုင္းေလးတစ္ခုအတြက္ စိတ္႐ိုင္းမေမြးမိပါေစနဲ႔
မွတ္ပုံတင္ထဲျပန္ၾကည့္ပါ ညီမေလး
ကိုးကြယ္စရာမွာ အခ်စ္ မဟုတ္ဘူးေလ။
ညီမေလးေရ
အခ်စ္ဦးသူ လြဲဖူးသူ ၊ခ်စ္တဲ့သူတိုင္းေပါင္းစပ္ခြင့္မရ
သူေတြဟာ အိမ္ေရွက ခရပြင့္ေတြေႂကြသေလာက္ရွိတယ္။
အသည္းကြဲတယ္ဆိုၿပီး ဘီယာေသာက္
ေလာကႀကီးကို ေမွာက္ပစ္တတ္တာ
ပညာမဲ့သူေတြ သက္သက္ေပးတဲ့ဆင္ေျခတစ္ခုပါ။
မုန္တိုင္းထဲမွာလဲ ေအာက္ဆီဂ်င္ပါပါတယ္
ေလနည္းတယ္အထင္နဲ႔ ႐ြက္ကိုေတာ့ျပင္းျပင္းမလြင့္လိုက္ပါနဲ႔။
တည္ၿငိမ္ျခင္းဆိုတာ မိန္းကေလးအိေျႏၵေလ
တန္ဖိုးသိတဲ့သူက တန္ဖိုးထားလာပါလိမ့္မယ္
ကိုယ္ကသာ ရတနာတစ္ပါးျဖစ္ပါေစ ညီမေလးေရ။
ညီမေလးေရ
ေယာက်္ားဆိုတာ
ဧကရာဇ္ဘုရင္ပဲျဖစ္ျဖစ္
နန္းက်ဘုရင္ပဲျဖစ္ျဖစ္
ေျမႇာက္စားတာ ခံခ်င္ၾကတယ္။
က်ားႀကီးရဲ႕ ဆရာျဖစ္ဖို႔ဆိုတာ
ေၾကာင္တစ္ေကာင္လို ညင္သာတတ္မွျဖစ္မယ္။
ကမာၻေက်ာ္တဲ့ စစ္သူရဲတစ္ေယာက္ေတာင္
အေျပာခ်ိဳတဲ့ အအိုေခ်ာေၾကာင့္
ကမာၻတစ္ဝက္ကို တက္သိမ္းဖူးတယ္ေလ။
ေလယူရာတိမ္းတတ္တဲ့ ပန္းပင္ဟာ
ဘယ္ေလၾကမ္းေၾကာင့္မွ အျမစ္မက်ိဳးဘူး
ပုခက္လြဲေသာလက္ဟာ ကမာၻကို
အုပ္စိုးႏိုင္တယ္ဆိုတဲ့ေနာက္မွာ
ခ်ိဳေသာ စကားေျပာတတ္တဲ့ ႏႈတ္ခမ္းတစ္စုံလိုတယ္ ညီမေလး။
ညီမေလးေရ
ရင္ေဘာင္တန္းတယ္ဆိုတိုင္း
ေျခရာေတာ့ လိုက္မတိုင္းေလနဲ႔။
ေၾကာင္ဘယ္ေလာက္ေျခရာႀကီးႀကီး
က်ားႀကီးကိုေတာ့ ဘယ္မွီမလဲ
အသားစားသတၱဝါခ်င္းတူေပမယ့္
စကားအဆိုသာ ေၾကာင္က ဆရာျဖစ္တာ
က်ားဆိုတာ ေၾကာင္သားလဲ စားခ်င္စားမွာေလ
သဘာဝေဘးဆိုတာ သဘာဝေတြ ဆန႔္က်င့္လို႔ျဖစ္ရတာ
နစ္နာျခင္းမရွိရေအာင္ ေဘာင္အတြင္းကသာ
မိန္းမဆန္ပါ ညီမေလးေရ…..။
ညီမေလးေရ
စာမ်ားမ်ားဖတ္ၿပီး ေဝဖန္ဆုံးျဖတ္ႏိုင္ပါေစ
ဖတ္ပါ မွတ္ပါ ေလ့လာပါ။
အစြန္းတစ္ဖက္ေတာ့ မေရာက္ေစနဲ႔
စာေပဆိုတာ လူဘဝအတြက္ အလင္းစက္တစ္ခုေပါ့။
ညီမေလးေရ
သစ္႐ြက္ေတြ ေႂကြ႐ုံနဲ႔ေတာ့
သစ္ပင္ႀကီးမေသပါဘူး။
ၾကယ္ေလးေတြေႂကြ႐ုံနဲ႔လည္း
ေကာင္းကင္ႀကီးမေသပါဘူး။
ပန္းပုတစ္႐ုပ္လွဖို႔ဆိုတာ
ထြင္းထုတ္လိုက္ရတဲ့ အသားေတြရွိတတ္စၿမဲပဲေလ။
လဲလို႔သာ ျပန္မထၾကရင္
လူဆိုတာ တြားသြားသတၱဝါျဖစ္ကုန္မွာေပါ့။
အားမေလ်ာ့ပါနဲ႔…သြားတဲ့သူအတြက္ လမ္းရွိပါတယ္
အတိတ္ဆိုတာ ခ်ခင္းထားတဲ့ေကာ္ေဇာတစ္ခ်ပ္သာမို႔
ခပ္နာနာတစ္ခ်က္ နင္းၿပီး အနာဂၢါတ္ကို စိတ္နဲ႔ပစ္ခြင္းလိုက္ပါ
Credit
Unicode
“မိန်းကလေးတိုင်းဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့စာပါ”
သတိထား ညီမလေး
အရေခွံဘယ်လောက်လဲလဲ
မြွေဆိုတာ တီဖြစ်မသွားဘူး
ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်
အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မှာပေါ့။
ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်
ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစား
ရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဖိုးတက်လာပါလိမ့်မယ်။
အိမ်နဲ့ဝေးတိုင်းလဲ အားငယ်စိတ်မပျက်ပါနဲ့
အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့
အမေ နေ့တိုင်းခပ်ထားတယ်။
ညီမလေး
စဉ်းစားရတယ်ဆိုတာ
မိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်
အရိုးဆို ကြည့်ရှောင်ရမယ်လေ။
ကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူး
စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်
ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်။
တကယ်တော့ ဟင်းချေးများတယ်ဆိုတာ
အစားကောင်းစားရတဲ့သူတွေကို
သမုတ်တဲ့ အမည်သက်သက်ပါ။
ညီမလေး
ချစ်တာတော့ ချစ်ပါ
ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့။
ဘဝနဲ့ရင်းတဲ့ လက်ရေးအတွက် ဖျက်ဆေးမရှိဘူး။
ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့
မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေး
ကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။
ညီမလေးရေ
အချစ်ဦးသူ လွဲဖူးသူ ၊ချစ်တဲ့သူတိုင်းပေါင်းစပ်ခွင့်မရ
သူတွေဟာ အိမ်ရှေက ခရပွင့်တွေကြွေသလောက်ရှိတယ်။
အသည်းကွဲတယ်ဆိုပြီး ဘီယာသောက်
လောကကြီးကို မှောက်ပစ်တတ်တာ
ပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ။
မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်
လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့။
တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေ
တန်ဖိုးသိတဲ့သူက တန်ဖိုးထားလာပါလိမ့်မယ်
ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ။
ညီမလေးရေ
ယောက်ျားဆိုတာ
ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်
နန်းကျဘုရင်ပဲဖြစ်ဖြစ်
မြှောက်စားတာ ခံချင်ကြတယ်။
ကျားကြီးရဲ့ ဆရာဖြစ်ဖို့ဆိုတာ
ကြောင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်။
ကမာ္ဘကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်
အပြောချိုတဲ့ အအိုချောကြောင့်
ကမာ္ဘတစ်ဝက်ကို တက်သိမ်းဖူးတယ်လေ။
လေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာ
ဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူး
ပုခက်လွဲသောလက်ဟာ ကမာ္ဘကို
အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာ
ချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး။
ညီမလေးရေ
ရင်ဘောင်တန်းတယ်ဆိုတိုင်း
ခြေရာတော့ လိုက်မတိုင်းလေနဲ့။
ကြောင်ဘယ်လောက်ခြေရာကြီးကြီး
ကျားကြီးကိုတော့ ဘယ်မှီမလဲ
အသားစားသတ္တဝါချင်းတူပေမယ့်
စကားအဆိုသာ ကြောင်က ဆရာဖြစ်တာ
ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ
သဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ
နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ
မိန်းမဆန်ပါ ညီမလေးရေ…..။
ညီမလေးရေ
စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ
ဖတ်ပါ မှတ်ပါ လေ့လာပါ။
အစွန်းတစ်ဖက်တော့ မရောက်စေနဲ့
စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့။
ညီမလေးရေ
သစ်ရွက်တွေ ကြွေရုံနဲ့တော့
သစ်ပင်ကြီးမသေပါဘူး။
ကြယ်လေးတွေကြွေရုံနဲ့လည်း
ကောင်းကင်ကြီးမသေပါဘူး။
ပန်းပုတစ်ရုပ်လှဖို့ဆိုတာ
ထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်စမြဲပဲလေ။
လဲလို့သာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါဖြစ်ကုန်မှာပေါ့။
အားမလျော့ပါနဲ့…သွားတဲ့သူအတွက် လမ်းရှိပါတယ်
အတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာမို့
ခပ်နာနာတစ်ချက် နင်းပြီး အနာဂ္ဂါတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါ
Credit