သင့္ကို ဆြဲစားဖို႔သက္သက္သာလာတြဲေနတဲ့ ဘဲေတြရဲ႕လကၡဏာ(၅)ခ်က္
ခုေခတ္မွာ တစ္ခ်ိဳ႕ေသာ ေယာက်္ားေလး ေတြဟာ
မိန္းကေလးေတြကို တဏွာစိတ္ သက္သက္နဲ႔သာ တြဲတတ္ၾကပါတယ္ …။
ဒီလို ေယာက်္ားေလးေတြဟာ တကယ္ကို ယုတ္ညံံ့ၿပီး ေအာက္တန္းက် သူေတြလည္း ျဖစ္ပါတယ္ …။
ဒီလို လူမ်ိဳးေတြကို ပတ္သက္ မိေနတဲ့ မိန္းကေလးေတြ အေနနဲ႔ အျမန္ဆုံး ေနာက္လွည့္ သင့္ပါတယ္။
သူတို႔ရဲ႕ အက်င့္ စ႐ိုက္ ေတြကို ေဖာ္ျပေပး လိုက္ပါတယ္ေနာ္ …။
(1) သူဆက္သြယ္တဲ႔ ပံုစံ
သင့္ကို တဏွာစိတ္ သက္သက္ေၾကာင့္ တြဲေနတဲ့
သူဟာ သင့္ကို ဆက္သြယ္တဲ့ အခါမွ တဏွာစိတ္နဲ႔ပဲ ဆက္သြယ္ေနပါ လိမ္႔မယ္ …။
က်န္တဲ့ အခ်ိန္ေတြက် ရင္ မအားဘူး တို႔၊
တစ္ခုခု အၿမဲအေၾကာင္းျပၿပီး သင့္ကို သိပ္ဂ႐ုစိုက္မွ မဟုတ္ပါဘူး …။
ဒါေပမယ့္ သင္နဲ႔ အတူတူ အိပ္ခ်င္တဲ့ အခ်ိန္က်ရင္ေတာ့ ေလသံခ်ိဳေတြနဲ႔ အခ်ိဳးတစ္ မ်ိဳးေျပာင္း သြားတတ္တဲ့ သူမ်ိဳးျဖစ္ပါတယ္ …။
ဒီလို လူမ်ိဳးနဲ႔ ပတ္သက္မိ ေနရင္ေတာ့ အျမန္ဆုံး ေက်ာခိုင္း လိုက္တာ က အေကာင္းဆုံးပဲ ျဖစ္ပါတယ္ …။
(2) ခ်စ္လည္း မခ်စ္ဘူး ျဖတ္လည္း မျဖတ္ဘူး..ယူမယ္ ေျပာတယ္..ဘယ္ေတာ့ မွန္းလဲ မသိဘူး
သင့္ကို တဏွာစိတ္ သက္သက္နဲ႔ တြဲတဲ့ သူဟာ သင့္ကို ခ်စ္တာေတြ၊ ၾကင္နာတာေတြ၊ ဂ႐ုစိုက္တာေတြ သိပ္လုပ္ေနမွာ မဟုတ္ပါဘူး …။
သင့္စိတ္ထဲမွာ သူရဲ႕ အခ်စ္နဲ႔ ပတ္သက္ၿပီး အၿမဲတမ္း မေသခ်ာမေရရာ ျဖစ္ေန ရမွာပါ …။
သင့္ကို သိပ္ခ်စ္ ပုံလည္း မရဘူး ဒါေပမယ့္ လည္း သင့္ကို ျဖတ္မွာ မဟုတ္ပါဘူး …။
အေၾကာင္းကေတာ့ သူလိုအပ္တဲ့ အခ်ိန္တိုင္း သင့္ကို ေခၚခ်င္လို႔ ႀကိဳးရွည္ရွည္နဲ႔ ဆြဲထားတဲ့ ပုံစံမ်ိဳးပဲ ျဖစ္ပါတယ္ …။
(3) သူနဲ႔ေတြ႕တိုင္း အိပ္ရတယ္
သင့္ခ်စ္သူနဲ႔ သင္နဲ႔ ေတြ႕တိုင္း လိင္ကိစၥပဲ လုပ္ေန ရတယ္။
ၾကာလာေတာ့ သင့္တာဝန္က သူနဲ႔ အိပ္ေပး႐ုံသက္သက္ပဲ ျဖစ္လာေတာ့တယ္ …။
သူနဲ႔ေတြ႕တိုင္း သင့္ကိုသင္ မသတီ သလိုလို၊ ကိုယ့္ကိုယ္ကို စိတ္ပ်က္သလို ခံစားလာရတယ္ …။
ဒါဆိုရင္ေတာ့ ၾကာလာရင္ သင္ဟာ စိတ္က်ေရာဂါ ေတာင္ ရသြားႏိုင္တာေၾကာင့္
သင့္ကို လိင္ကိစၥ္ စသက္သက္ အသုံးခ်႐ုံ တြဲတဲ့ သူမ်ိဳးနဲ႔ ဆက္မပတ္သက္ သင့္ေတာ့ပါဘူးေနာ္ …။
(4) ေပ်ာ္႐ႊင္ခ်ိန္ မရွိသေလာက္နည္းတယ္
ခ်စ္သူေတြ သဘာဝ ေလွ်ာက္လည္တာေတြ၊ မုန႔္ေလွ်ာက္ စားတာေတြ၊
သူငယ္ခ်င္းေတြနဲ႔ ေတြ႕ၾကဆုံၾကတာ မ်ိဳးေတြလည္း ရွိမွာ မဟုတ္ပါဘူး …။
သင္တို႔ ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးမွာ ျဖဴစင္တဲ့ သံေယာဇဥ္၊ ခ်စ္ျခင္းေမတၱာေတြကို ခံစားေနရမွာ မဟုတ္ပါဘူး …။
သူ႔ရဲ႕ လိုတစ္မ်ိဳးမလို တစ္မ်ိဳး ဆက္ဆံ ပုံေၾကာင့္ အၿမဲတမ္း စိတ္ဆင္းရဲ ေနရ မွာပါ။
သင္ဟာ ဒီလိုလူမ်ိဳးနဲ႔ ဆက္ၿပီး ပပတ္သက္ သင့္ပါဘူး … ။
(5) သင့္ခံစားခ်က္ကို ဘယ္ေတာ့မွနားမေထာင္ေပးဘူး”
သင့္ခ်စ္သူကို သင္ခံစား ရတဲ့ အထီးက်န္မႈေတြ၊ သင့္ရဲ႕ျပသနာေတြ၊
သင္ႀကဳံေတြ႕ေနရတဲ့ အရာေတြကိုေျပာရင္ သူနားေထာင္ ေပးခ်င္မွာ မဟုတ္ပါဘူး …။
သင္တို႔ ႏွစ္ေယာက္ၾကားမွာ အနာဂတ္အတြက္ တိုင္ပင္တာေတြ၊ ရင္ဖြင့္တိုင္ပင္တာေတြ ရွိမွာမဟုတ္ပါဘူး …။
ဘာေၾကာင့္လဲ ဆိုေတာ့ သင့္ကို လိင္ကိစၥသက္သက္ တြဲတာေၾကာင့္ သင့္ျပသနာ ေတြကို ေဝမွ် ခံစား မေပးခ်င္လို႔ပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Credit
Unicode
သင့်ကို ဆွဲစားဖို့သက်သက်သာလာတွဲနေတဲ့ ဘဲတွေရဲ့လက္ခဏာ(၅)ချက်
ခုခေတ်မှာ တစ်ချို့သော ယောက်ျားလေး တွေဟာ
မိန်းကလေးတွေကို တဏှာစိတ် သက်သက်နဲ့သာ တွဲတတ်ကြပါတယ် …။
ဒီလို ယောက်ျားလေးတွေဟာ တကယ်ကို ယုတ်ညံ့ပြီး အောက်တန်းကျ သူတွေလည်း ဖြစ်ပါတယ် …။
ဒီလို လူမျိုးတွေကို ပတ်သက် မိနေတဲ့ မိန်းကလေးတွေ အနေနဲ့ အမြန်ဆုံး နောက်လှည့် သင့်ပါတယ်။
သူတို့ရဲ့ အကျင့် စရိုက် တွေကို ဖော်ပြပေး လိုက်ပါတယ်နော် …။
(1) သူဆက်သွယ်တဲ့ ပုံစံ
သင့်ကို တဏှာစိတ် သက်သက်ကြောင့် တွဲနေတဲ့
သူဟာ သင့်ကို ဆက်သွယ်တဲ့ အခါမှ တဏှာစိတ်နဲ့ပဲ ဆက်သွယ်နေပါ လိမ့်မယ် …။
ကျန်တဲ့ အချိန်တွေကျ ရင် မအားဘူး တို့၊
တစ်ခုခု အမြဲအကြောင်းပြပြီး သင့်ကို သိပ်ဂရုစိုက်မှ မဟုတ်ပါဘူး …။
ဒါပေမယ့် သင်နဲ့ အတူတူ အိပ်ချင်တဲ့ အချိန်ကျရင်တော့ လေသံချိုတွေနဲ့ အချိုးတစ် မျိုးပြောင်း သွားတတ်တဲ့ သူမျိုးဖြစ်ပါတယ် …။
ဒီလို လူမျိုးနဲ့ ပတ်သက်မိ နေရင်တော့ အမြန်ဆုံး ကျောခိုင်း လိုက်တာ က အကောင်းဆုံးပဲ ဖြစ်ပါတယ် …။
(2) ချစ်လည်း မချစ်ဘူး ဖြတ်လည်း မဖြတ်ဘူး..ယူမယ် ပြောတယ်..ဘယ်တော့ မှန်းလဲ မသိဘူး
သင့်ကို တဏှာစိတ် သက်သက်နဲ့ တွဲတဲ့ သူဟာ သင့်ကို ချစ်တာတွေ၊ ကြင်နာတာတွေ၊ ဂရုစိုက်တာတွေ သိပ်လုပ်နေမှာ မဟုတ်ပါဘူး …။
သင့်စိတ်ထဲမှာ သူရဲ့ အချစ်နဲ့ ပတ်သက်ပြီး အမြဲတမ်း မသေချာမရေရာ ဖြစ်နေ ရမှာပါ …။
သင့်ကို သိပ်ချစ် ပုံလည်း မရဘူး ဒါပေမယ့် လည်း သင့်ကို ဖြတ်မှာ မဟုတ်ပါဘူး …။
အကြောင်းကတော့ သူလိုအပ်တဲ့ အချိန်တိုင်း သင့်ကို ခေါ်ချင်လို့ ကြိုးရှည်ရှည်နဲ့ ဆွဲထားတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ် …။
(3) သူနဲ့တွေ့တိုင်း အိပ်ရတယ်
သင့်ချစ်သူနဲ့ သင်နဲ့ တွေ့တိုင်း လိင်ကိစ္စပဲ လုပ်နေ ရတယ်။
ကြာလာတော့ သင့်တာဝန်က သူနဲ့ အိပ်ပေးရုံသက်သက်ပဲ ဖြစ်လာတော့တယ် …။
သူနဲ့တွေ့တိုင်း သင့်ကိုသင် မသတီ သလိုလို၊ ကိုယ့်ကိုယ်ကို စိတ်ပျက်သလို ခံစားလာရတယ် …။
ဒါဆိုရင်တော့ ကြာလာရင် သင်ဟာ စိတ်ကျရောဂါ တောင် ရသွားနိုင်တာကြောင့်
သင့်ကို လိင်ကိစ္စ် စသက်သက် အသုံးချရုံ တွဲတဲ့ သူမျိုးနဲ့ ဆက်မပတ်သက် သင့်တော့ပါဘူးနော် …။
(4) ပျော်ရွှင်ချိန် မရှိသလောက်နည်းတယ်
ချစ်သူတွေ သဘာဝ လျှောက်လည်တာတွေ၊ မုန့်လျှောက် စားတာတွေ၊
သူငယ်ချင်းတွေနဲ့ တွေ့ကြဆုံကြတာ မျိုးတွေလည်း ရှိမှာ မဟုတ်ပါဘူး …။
သင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဖြူစင်တဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေကို ခံစားနေရမှာ မဟုတ်ပါဘူး …။
သူ့ရဲ့ လိုတစ်မျိုးမလို တစ်မျိုး ဆက်ဆံ ပုံကြောင့် အမြဲတမ်း စိတ်ဆင်းရဲ နေရ မှာပါ။
သင်ဟာ ဒီလိုလူမျိုးနဲ့ ဆက်ပြီး ပပတ်သက် သင့်ပါဘူး … ။
(5) သင့်ခံစားချက်ကို ဘယ်တော့မှနားမထောင်ပေးဘူး”
သင့်ချစ်သူကို သင်ခံစား ရတဲ့ အထီးကျန်မှုတွေ၊ သင့်ရဲ့ပြသနာတွေ၊
သင်ကြုံတွေ့နေရတဲ့ အရာတွေကိုပြောရင် သူနားထောင် ပေးချင်မှာ မဟုတ်ပါဘူး …။
သင်တို့ နှစ်ယောက်ကြားမှာ အနာဂတ်အတွက် တိုင်ပင်တာတွေ၊ ရင်ဖွင့်တိုင်ပင်တာတွေ ရှိမှာမဟုတ်ပါဘူး …။
ဘာကြောင့်လဲ ဆိုတော့ သင့်ကို လိင်ကိစ္စသက်သက် တွဲတာကြောင့် သင့်ပြသနာ တွေကို ဝေမျှ ခံစား မပေးချင်လို့ပဲ ဖြစ်ပါတယ်နော် …။ ။
Credit