Healthy

ညဘက္အိပ္ေပ်ာ္ဖုိ႔ ခက္ေနသူေတြအတြက္ မိနစ္ပိုင္းအတြင္း အိပ္ေပ်ာ္သြားေစမယ့္နည္းလမ္း

ညဘက္အိပ္ေပ်ာ္ဖုိ႔ ခက္ေနသူေတြအတြက္ မိနစ္ပိုင္းအတြင္း အိပ္ေပ်ာ္သြားေစမယ့္နည္းလမ္း

ညဘက္မွာ အလြယ္တကူ အိပ္မေပ်ာ္တဲ့သူေတြနဲ႔ ဖုန္း ကြန္ပ်ဴတာ အၾကည့္မ်ားတဲ့ သူေတြကလည္း

ညဘက္ေတြမွာ အထူးသျဖင္႔ အိပ္ေပ်ာ္ဖုိ႔ ခက္ခဲတတ္ပါတယ္။

ဒီေတာ့ ေကာင္းေကာင္းအိပ္မေပ်ာ္တဲ့ သူေတြအေနနဲ႔ မိနစ္အနည္းငယ္အတြင္းမွာ

အိပ္ေပ်ာ္သြားေစမယ့္ နည္းလမ္းေကာင္းေလးေတြ ေဝမွ်ေပးလုိက္ပါတယ္ေနာ္ …။

အေမရိကန္ႏုိင္ငံရဲ႕ Navy Pre-Flight School ကေနၿပီးေတာ့ ႏွစ္မိနစ္မျပည့္ခင္မွာ

အိပ္ေပ်ာ္ေစႏုိင္တဲ့ ဒီနည္းလမ္္းေလးကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

ဒီနည္္းလမ္းက လူေတြထုိင္ေနရင္းနဲ႔ေတာင္ အိပ္ေပ်ာ္သြားေအာင္

ကူညီေပးဖို႔ လုပ္ေဆာင္ထားတဲ့ နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္ …။

ပထမဆံုးအဆင့္အေနနဲ႔ မ်က္ႏွာနဲဲ႔ ပါးစပ္ၾကြက္သားေတြကို ေျပေလ်ာ့ၿပီး

သက္ေတာင့္သက္သာျဖစ္တဲ့ အေနအထားအတုိင္း ေနပါ …။

ဒုတိယအခ်က္ကေတာ့ တင္းရင္းထားတဲ့ ပခံုးၾကြက္သားေတြကို လံုးဝေျပေလ်ာ့ပစ္လုိက္ၿပီး

ခႏၶာကိုယ္ရဲ႕ေဘးဘက္မွာ သက္ေတာင့္သက္သာ အေနအထားအတုိင္း ခ်ေပးထားပါ …။

ရင္ဘတ္၊ ေပါင္နဲ႔ ေျခေထာက္ေတြကိုလည္း လံုးဝ သက္ေတာင့္သက္သာ

အေနအထားအတုိင္း ေျဖေလ်ာ့ေပးထားရမွာ ျဖစ္ပါတယ္ …။

ေနာက္တစ္ဆင့္မွာေတာ့ စိတ္ကို႐ွင္းထားလုိက္ၿပီး စိတ္ၾကည္လင္ေနေစမယ့္

စိတ္ကူးပံုေဖာ္မႈေလးလုပ္ၿပီး ျမင္ေယာင္ၾကည့္ပါ။

ဥပမာ – ၾကည္လင္တဲ့ ေကာင္းကင္းျပင္ကို ၾကည့္ေနရၿပီး

ေလေအးေလးေတြ တုိက္ခတ္ေနတယ္လုိ႔ ျမင္ေယာင္ၾကည့္တာမ်ိဳးေပါ့ …။

တကယ္လို႔ စိတ္ကူးပံုေဖာ္လုိ႔ မရဘူးဆုိရင္ေတာ့ ကိုယ့္ကိုယ္ကုိ ဘာမွမစဥ္းစားနဲ႔လုိ႔

ဆယ့္စကၠန႔္ေလာက္ စိတ္ထဲကေန ေျပာေပးပါ။

ဒါက သင့္ကို အေတြးေတြ မဝင္ေအာင္ တားဆီးေပးမွာျဖစ္ၿပီး

ျဖည္းျဖည္းခ်င္း အိပ္ခ်င္လာမွာပဲ ျဖစ္ပါတယ္ …။

ေနာက္ဆံုးမွာေတာ့ အသက္႐ႈေလ့က်င့္ခန္းေလးကို ျပဳလုပ္္ေပးရင္း

မိနစ္အနည္းငယ္အတြင္းမွာ သင့္ကို အိပ္ေပ်ာ္သြားေစမွာပါေနာ္ …။ ။

Unicode

ညဘက်အိပ်ပျော်ဖို့ ခက်နေသူတွေအတွက် မိနစ်ပိုင်းအတွင်း အိပ်ပျော်သွားစေမယ့်နည်းလမ်း

ညဘက်မှာ အလွယ်တကူ အိပ်မပျော်တဲ့သူတွေနဲ့ ဖုန်း ကွန်ပျူတာ အကြည့်များတဲ့ သူတွေကလည်း

ညဘက်တွေမှာ အထူးသဖြင့် အိပ်ပျော်ဖို့ ခက်ခဲတတ်ပါတယ်။

ဒီတော့ ကောင်းကောင်းအိပ်မပျော်တဲ့ သူတွေအနေနဲ့ မိနစ်အနည်းငယ်အတွင်းမှာ

အိပ်ပျော်သွားစေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော် …။

အမေရိကန်နိုင်ငံရဲ့ Navy Pre-Flight School ကနေပြီးတော့ နှစ်မိနစ်မပြည့်ခင်မှာ

အိပ်ပျော်စေနိုင်တဲ့ ဒီနည်းလမ်းလေးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီနည်းလမ်းက လူတွေထိုင်နေရင်းနဲ့တောင် အိပ်ပျော်သွားအောင်

ကူညီပေးဖို့ လုပ်ဆောင်ထားတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ် …။

ပထမဆုံးအဆင့်အနေနဲ့ မျက်နှာနဲ့ ပါးစပ်ကြွက်သားတွေကို ပြေလျော့ပြီး

သက်တောင့်သက်သာဖြစ်တဲ့ အနေအထားအတိုင်း နေပါ …။

ဒုတိယအချက်ကတော့ တင်းရင်းထားတဲ့ ပခုံးကြွက်သားတွေကို လုံးဝပြေလျော့ပစ်လိုက်ပြီး

ခန္ဓာကိုယ်ရဲ့ဘေးဘက်မှာ သက်တောင့်သက်သာ အနေအထားအတိုင်း ချပေးထားပါ …။

ရင်ဘတ်၊ ပေါင်နဲ့ ခြေထောက်တွေကိုလည်း လုံးဝ သက်တောင့်သက်သာ

အနေအထားအတိုင်း ဖြေလျော့ပေးထားရမှာ ဖြစ်ပါတယ် …။

နောက်တစ်ဆင့်မှာတော့ စိတ်ကိုရှင်းထားလိုက်ပြီး စိတ်ကြည်လင်နေစေမယ့်

စိတ်ကူးပုံဖော်မှုလေးလုပ်ပြီး မြင်ယောင်ကြည့်ပါ။

ဥပမာ – ကြည်လင်တဲ့ ကောင်းကင်းပြင်ကို ကြည့်နေရပြီး

လေအေးလေးတွေ တိုက်ခတ်နေတယ်လို့ မြင်ယောင်ကြည့်တာမျိုးပေါ့ …။

တကယ်လို့ စိတ်ကူးပုံဖော်လို့ မရဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကို ဘာမှမစဉ်းစားနဲ့လို့

ဆယ့်စက္ကန့်လောက် စိတ်ထဲကနေ ပြောပေးပါ။

ဒါက သင့်ကို အတွေးတွေ မဝင်အောင် တားဆီးပေးမှာဖြစ်ပြီး

ဖြည်းဖြည်းချင်း အိပ်ချင်လာမှာပဲ ဖြစ်ပါတယ် …။

နောက်ဆုံးမှာတော့ အသက်ရှုလေ့ကျင့်ခန်းလေးကို ပြုလုပ်ပေးရင်း

မိနစ်အနည်းငယ်အတွင်းမှာ သင့်ကို အိပ်ပျော်သွားစေမှာပါနော် …။ ။