Love

အခ်စ္ေရးကံေကာင္းတယ္ဆိုတာ ဒီလိုခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားျခင္းပါ

အခ်စ္ေရးကံေကာင္းတယ္ဆိုတာ ဒီလိုခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားျခင္းပါ

အခ်စ္ေရးကံေကာင္းတယ္ဆိုတာ ဒီလိုခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားျခင္းပဲ ျဖစ္ပါတယ္ … ။

ခ်စ္သူကစိတ္ခ်မ္းသာေအာင္ထားရင္၊

အရာအားလုံးကို ဂ႐ုစိုက္ရင္၊ မ်က္ႏွာတစ္ခ်က္အညိဳမခံဘဲ

လိုေလေသးမ႐ွိျဖည့္ဆည္းေပးတယ္ဆိုရင္

အဲ့ဒီလိုခ်စ္သူမ်ိဳးကိုရထားတဲ့မိန္းကေလးကို အခ်စ္ေရးကံေကာင္းတယ္လို႔ ေျပာၾကပါတယ္။

တကယ္ေတာ့ အခ်စ္ေရးကံေကာင္းတယ္ဆိုတာ ဒီလိုလူမ်ိဳးကိုရထားတာကို ေခၚတာပါ။

(၁) ကိုယ့္အေပၚပြင့္လင္းတဲ့သူ

အခ်စ္ေရးမွာ ဖုံးကြယ္ထားတာေတြမ႐ွိဘဲ ကိုယ့္ခ်စ္သူအေပၚပြင့္လင္း႐ိုးသားတဲ့သူမ်ိဳးပါ။

ကိုယ့္အေကာင္းေတြနဲ႔ပတ္သက္လို႔ အၿမဲတမ္းပြင့္ပြင့္လင္းလင္းေျပာျပႏိုင္တဲ့ခ်စ္သူမ်ိဳးေပါ့။

(၂) ကတိမဖ်က္တဲ့သူ

ကတိတစ္ခုကိုလြယ္လြယ္မေပးတတ္တဲ့သူ၊ ေပးၿပီးသားကတိကိုလည္း လြယ္လြယ္နဲ႔

မဖ်က္တတ္တဲ့သူမ်ိဳး၊ ကိုယ့္ခ်စ္သူအေပၚမွာ အၿမဲတမ္းကတိတည္တဲ့သူမ်ိဳးပါ။

(၃) အေျပာနဲ႔မဟုတ္ အလုပ္နဲ႔သက္ေသျပတဲ့သူ

ခ်စ္တာကို အေျပာနဲ႔သက္ေသမျပဘဲ၊ အလုပ္နဲ႔သက္ေသျပတတ္တဲ့သူမ်ိဳး၊

အေသးစိတ္ဂ႐ုစိုက္တတ္တဲ့သူ၊ ကိုယ့္ခ်စ္သူစိတ္ဆင္းရဲေအာင္မလုပ္တဲ့သူမ်ိဳးေပါ့။

(၄) အၿမဲတမ္းကာကြယ္ေပးတတ္တဲ့သူ

ကိုယ္ခ်စ္ရတဲ့သူ ခက္ခဲေနတဲ့အခ်ိန္မွာ စြန္႔ခြာမသြားတဲ့သူ၊ ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္

ကိုယ့္ခ်စ္သူကို ကာကြယ္ေပးတတ္သူ၊ ခ်စ္သူကိုအထိအခိုက္မခံဘဲ ကာကြယ္တတ္တဲ့သူျဖစ္ပါတယ္။

(၅) ခ်စ္သူကိုဦးစားေပးတတ္တဲ့သူ

ဘယ္အရာနဲ႔ပဲႏိႈင္းယွဥ္ၿပီးေ႐ြးခ်ယ္ရပါေစ ကိုယ့္ခ်စ္သူကိုပဲ အၿမဲဦးစားေပးေ႐ြးခ်ယ္တတ္တဲ့သူ၊

အရာအားလုံးထက္ ခ်စ္သူကိုပထမဦးစားေပးအျဖစ္ေ႐ြးခ်ယ္တတ္တဲ့သူမ်ိဳးျဖစ္ပါတယ္။

(၆) ကိုယ့္ခ်စ္သူကိုေထာက္ခံအားေပးတတ္သူ

ကိုယ္ခ်စ္တဲ့သူရဲ႕ ႀကိဳးစားအားထုတ္မႈေတြတိုင္းကို ေထာက္ခံအားေပးတတ္သူ၊

ကိုယ့္ခ်စ္သူရဲ႕ ရည္မွန္းခ်က္ေတြေအာင္ျမင္ေအာင္ ေနာက္ကြယ္ကေန ေထာက္ပံ့ကူညီေပးတတ္တဲ့သူမ်ိဳးပါ။

အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြနဲ႔တိုက္ဆိုင္တဲ့ ခ်စ္သူကိုရထားရင္ အခ်စ္ေရးမွာ ကံေကာင္းတဲ့သူလို႔ ေသခ်ာေပါက္ေျပာရမွာပါ။

Credit

Unicode

အချစ်ရေးကံကောင်းတယ်ဆိုတာ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားခြင်းပါ

အချစ်ရေးကံကောင်းတယ်ဆိုတာ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားခြင်းပဲ ဖြစ်ပါတယ် … ။

ချစ်သူကစိတ်ချမ်းသာအောင်ထားရင်၊

အရာအားလုံးကို ဂရုစိုက်ရင်၊ မျက်နှာတစ်ချက်အညိုမခံဘဲ

လိုလေသေးမရှိဖြည့်ဆည်းပေးတယ်ဆိုရင်

အဲ့ဒီလိုချစ်သူမျိုးကိုရထားတဲ့မိန်းကလေးကို အချစ်ရေးကံကောင်းတယ်လို့ ပြောကြပါတယ်။

တကယ်တော့ အချစ်ရေးကံကောင်းတယ်ဆိုတာ ဒီလိုလူမျိုးကိုရထားတာကို ခေါ်တာပါ။

(၁) ကိုယ့်အပေါ်ပွင့်လင်းတဲ့သူ

အချစ်ရေးမှာ ဖုံးကွယ်ထားတာတွေမရှိဘဲ ကိုယ့်ချစ်သူအပေါ်ပွင့်လင်းရိုးသားတဲ့သူမျိုးပါ။

ကိုယ့်အကောင်းတွေနဲ့ပတ်သက်လို့ အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောပြနိုင်တဲ့ချစ်သူမျိုးပေါ့။

(၂) ကတိမဖျက်တဲ့သူ

ကတိတစ်ခုကိုလွယ်လွယ်မပေးတတ်တဲ့သူ၊ ပေးပြီးသားကတိကိုလည်း လွယ်လွယ်နဲ့

မဖျက်တတ်တဲ့သူမျိုး၊ ကိုယ့်ချစ်သူအပေါ်မှာ အမြဲတမ်းကတိတည်တဲ့သူမျိုးပါ။

(၃) အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြတဲ့သူ

ချစ်တာကို အပြောနဲ့သက်သေမပြဘဲ၊ အလုပ်နဲ့သက်သေပြတတ်တဲ့သူမျိုး၊

အသေးစိတ်ဂရုစိုက်တတ်တဲ့သူ၊ ကိုယ့်ချစ်သူစိတ်ဆင်းရဲအောင်မလုပ်တဲ့သူမျိုးပေါ့။

(၄) အမြဲတမ်းကာကွယ်ပေးတတ်တဲ့သူ

ကိုယ်ချစ်ရတဲ့သူ ခက်ခဲနေတဲ့အချိန်မှာ စွန့်ခွာမသွားတဲ့သူ၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်

ကိုယ့်ချစ်သူကို ကာကွယ်ပေးတတ်သူ၊ ချစ်သူကိုအထိအခိုက်မခံဘဲ ကာကွယ်တတ်တဲ့သူဖြစ်ပါတယ်။

(၅) ချစ်သူကိုဦးစားပေးတတ်တဲ့သူ

ဘယ်အရာနဲ့ပဲနှိုင်းယှဉ်ပြီးရွေးချယ်ရပါစေ ကိုယ့်ချစ်သူကိုပဲ အမြဲဦးစားပေးရွေးချယ်တတ်တဲ့သူ၊

အရာအားလုံးထက် ချစ်သူကိုပထမဦးစားပေးအဖြစ်ရွေးချယ်တတ်တဲ့သူမျိုးဖြစ်ပါတယ်။

(၆) ကိုယ့်ချစ်သူကိုထောက်ခံအားပေးတတ်သူ

ကိုယ်ချစ်တဲ့သူရဲ့ ကြိုးစားအားထုတ်မှုတွေတိုင်းကို ထောက်ခံအားပေးတတ်သူ၊

ကိုယ့်ချစ်သူရဲ့ ရည်မှန်းချက်တွေအောင်မြင်အောင် နောက်ကွယ်ကနေ ထောက်ပံ့ကူညီပေးတတ်တဲ့သူမျိုးပါ။

အခုဖော်ပြခဲ့တဲ့အချက်တွေနဲ့တိုက်ဆိုင်တဲ့ ချစ်သူကိုရထားရင် အချစ်ရေးမှာ ကံကောင်းတဲ့သူလို့ သေချာပေါက်ပြောရမှာပါ။

Credit