ခ်စ္ဖို႔ေကာင္းသူေလးမ်ားသာ ပိုင္ဆိုင္ေသာ အမူအက်င့္မ်ား
အလုပ္မွာ ပဲျဖစ္ျဖစ္၊ ပတ္ဝန္းက်င္မွာပဲျဖစ္ျဖစ္ ႏွစ္သက္ဖို႔
ေကာင္းတဲ့သူ၊ ခင္ဖို႔ေကာင္းတဲ့ သူေတြကို တစ္ခါတစ္ေလေတြ႕ရေလ့ ရွိပါတယ္။
သူတို႔ေတြက ဘယ္ေနရာ ျဖစ္ျဖစ္ လူခ်စ္လူခင္မ်ားေလ့ ရွိပါတယ္။ သင္ေရာ သူတို႔လို မျဖစ္ခ်င္ဘူးလား?
ဒီေဆာင္းပါးမွာေတာ့ သူတို႔ေတြ ျပဳလုပ္ေလ့ ျပဳလုပ္ထရွိတဲ့ အက်င့္(၉)မ်ိဳးကို ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္ေနာ္ …။
(၁) ျဖတ္မေျပာပဲနားေထာင္ျခင္း
သူတို႔ေတြက သင္စကား ေျပာေနရင္ ဘယ္ေတာ့မွ ျဖတ္ေျပာေလ့ မရွိပါဘူး။
သင့္ခံစား ခ်က္ေတြကို အမွန္တကယ္ စိတ္ရင္းနဲ႔ ေသေသခ်ာခ်ာကို နားေထာင္ပါတယ္။
သင့္ေျပာတာကို စိတ္ရွည္ရွည္နဲ႔ ၿပီးဆုံးတဲ့အထိ နားေထာင္ေပးေလ့ ရွိပါတယ္ …။
(၂) လႈိက္လႈိက္လွဲလွဲ ၿပဳံးေလ့ရွိျခင္း
လႈိက္လႈိက္လွဲလွဲ ၿပဳံးျပျခင္းက လူသားအားလုံးကို ေႏြးေထြးေစပါတယ္။
ဒါကို သူတို႔က ေကာင္းေကာင္းႀကီး သေဘာေပါက္တဲ့အျပင္ အသုံးလည္း အသုံးခ်တတ္ၾကပါတယ္ …။
(၃) အမိန႔္ေပးေသာပုံစံျဖင့္စကား မေျပာျခင္း
သူတို႔က ဘယ္ေတာ့မွ အမိန႔္ေပးတဲ့ ပုံစံနဲ႔ စကားေျပာေလ့ မရွိပါဘူး။
သူမ်ားလည္းျပန္ေျပာလို႔ ရေအာင္ လမ္းခင္း ေပးထား ပါတယ္။ သူတို႔ရဲ႕ အသံကိုက ေႏြးေထြးမႈ ရွိတာပါ …။
(၄) ရယူလိုျခင္းမရွိပဲ ေပးကမ္းျခင္း
သူတို႔က ဘယ္လိုတုံ႔ျပန္မႈမ်ိဳးကိုမွ မေမွ်ာ္လင့္ပဲ ေပးကမ္းတတ္ ၾကပါတယ္ …။
(၅) ဆင္ေျခမမ်ားပဲ ေပ်ာ္႐ႊင္စြာေနထိုင္တတ္ျခင္း
သူတို႔က မလိုအပ္တဲ့ အေၾကာင္းျပခ်က္ေတြ ေပးေလ့ မရွိပါဘူး။
သူတို႔ ဘယ္လို ေပ်ာ္႐ႊင္ေအာင္ ေနရမလဲ ဆိုတာကိုပဲ ဂ႐ုစိုက္ပါတယ္။
ဆင္ေျခေတြ အမ်ားႀကီးနဲ႔ ပတ္ဝန္းက်င္ကို စိတ္အေႏွာက္အယွက္ မေပးတတ္ၾကပါဘူး …။
(၆) ကတိမေမ့တတ္ျခင္း
သူတို႔က ဘယ္ေတာ့မွ ကတိကို မေမ့တတ္ပါဘူး။ ကတိ ထိန္းသိမ္းျခင္းကို သူတို႔ဘဝရဲ႕ အေရးအႀကီးဆုံးအရာအျဖစ္ခံ ယူထားပါတယ္။
မပိုင္ႏိုင္ ပဲလည္း ကတိေပးေလ့မရွိပါဘူး။ ေပးၿပီးသား ကတိလည္း ပ်က္ေလ့မရွိတတ္ပါဘူး …။
(၇) ခြင့္္လႊတ္တတ္ျခင္း
သူတို႔က စိတ္အေႏွာက္အယွက္ ျဖစ္စရာမ်ားကို ဘယ္ေတာ့မွ စိတ္ထဲ အၾကာႀကီး ထားထားေလ့ မရွိပါဘူး။
သူတို႔ေပၚအမွားလုပ္တဲ႔ သူေတြကိုလည္း အလြယ္တကူ ခြင့္လႊတ္ တတ္ပါတယ္။ စိတ္ေကာက္ျခင္း မရွိတတ္ၾကပါဘူး …။
(၈) ႐ိုးသားျခင္း
သူတို႔က စကားအမွန္ကိုပဲ ေျပာေလ့ရွိပါတယ္။ ဘယ္ေတာ့မွ မဟုတ္မမွန္လုပ္ႀကံ စကားမ်ိဳးမေျပာတတ္ၾကပါဘူး။
သူတစ္ပါး ထိခိုက္ေစမယ္႔စကားမ်ိဳးကိုလည္း ဘယ္ေတာ့မွ ေျပာေလ့ မရွိပါဘူး …။
(၉) အေကာင္းျမင္တတ္ျခင္း
သူတို႔က အေကာင္းျမင္ေလ့ ရွိတတ္ၾက ပါတယ္။ သူတို႔က သင့္အတြက္ဆို း႐ြားတယ္
လို႔ထင္ရတဲ့အရာေတြကိုေတာင္ အေကာင္းျမင္ေလ့ ရွိပါတယ္။အထက္ပါအခ်က္ေတြထဲက ဘယ္အခ်က္ေတြ သင့္မွာရွိေနပါသလဲ …?
Credit
Unicode
ချစ်ဖို့ကောင်းသူလေးများသာ ပိုင်ဆိုင်သော အမူအကျင့်များ
အလုပ်မှာ ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် နှစ်သက်ဖို့
ကောင်းတဲ့သူ၊ ခင်ဖို့ကောင်းတဲ့ သူတွေကို တစ်ခါတစ်လေတွေ့ရလေ့ ရှိပါတယ်။
သူတို့တွေက ဘယ်နေရာ ဖြစ်ဖြစ် လူချစ်လူခင်များလေ့ ရှိပါတယ်။ သင်ရော သူတို့လို မဖြစ်ချင်ဘူးလား?
ဒီဆောင်းပါးမှာတော့ သူတို့တွေ ပြုလုပ်လေ့ ပြုလုပ်ထရှိတဲ့ အကျင့်(၉)မျိုးကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်နော် …။
(၁) ဖြတ်မပြောပဲနားထောင်ခြင်း
သူတို့တွေက သင်စကား ပြောနေရင် ဘယ်တော့မှ ဖြတ်ပြောလေ့ မရှိပါဘူး။
သင့်ခံစား ချက်တွေကို အမှန်တကယ် စိတ်ရင်းနဲ့ သေသေချာချာကို နားထောင်ပါတယ်။
သင့်ပြောတာကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးတဲ့အထိ နားထောင်ပေးလေ့ ရှိပါတယ် …။
(၂) လှိုက်လှိုက်လှဲလှဲ ပြုံးလေ့ရှိခြင်း
လှိုက်လှိုက်လှဲလှဲ ပြုံးပြခြင်းက လူသားအားလုံးကို နွေးထွေးစေပါတယ်။
ဒါကို သူတို့က ကောင်းကောင်းကြီး သဘောပေါက်တဲ့အပြင် အသုံးလည်း အသုံးချတတ်ကြပါတယ် …။
(၃) အမိန့်ပေးသောပုံစံဖြင့်စကား မပြောခြင်း
သူတို့က ဘယ်တော့မှ အမိန့်ပေးတဲ့ ပုံစံနဲ့ စကားပြောလေ့ မရှိပါဘူး။
သူများလည်းပြန်ပြောလို့ ရအောင် လမ်းခင်း ပေးထား ပါတယ်။ သူတို့ရဲ့ အသံကိုက နွေးထွေးမှု ရှိတာပါ …။
(၄) ရယူလိုခြင်းမရှိပဲ ပေးကမ်းခြင်း
သူတို့က ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ မမျှော်လင့်ပဲ ပေးကမ်းတတ် ကြပါတယ် …။
(၅) ဆင်ခြေမများပဲ ပျော်ရွှင်စွာနေထိုင်တတ်ခြင်း
သူတို့က မလိုအပ်တဲ့ အကြောင်းပြချက်တွေ ပေးလေ့ မရှိပါဘူး။
သူတို့ ဘယ်လို ပျော်ရွှင်အောင် နေရမလဲ ဆိုတာကိုပဲ ဂရုစိုက်ပါတယ်။
ဆင်ခြေတွေ အများကြီးနဲ့ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက် မပေးတတ်ကြပါဘူး …။
(၆) ကတိမမေ့တတ်ခြင်း
သူတို့က ဘယ်တော့မှ ကတိကို မမေ့တတ်ပါဘူး။ ကတိ ထိန်းသိမ်းခြင်းကို သူတို့ဘဝရဲ့ အရေးအကြီးဆုံးအရာအဖြစ်ခံ ယူထားပါတယ်။
မပိုင်နိုင် ပဲလည်း ကတိပေးလေ့မရှိပါဘူး။ ပေးပြီးသား ကတိလည်း ပျက်လေ့မရှိတတ်ပါဘူး …။
(၇) ခွင့််လွှတ်တတ်ခြင်း
သူတို့က စိတ်အနှောက်အယှက် ဖြစ်စရာများကို ဘယ်တော့မှ စိတ်ထဲ အကြာကြီး ထားထားလေ့ မရှိပါဘူး။
သူတို့ပေါ်အမှားလုပ်တဲ့ သူတွေကိုလည်း အလွယ်တကူ ခွင့်လွှတ် တတ်ပါတယ်။ စိတ်ကောက်ခြင်း မရှိတတ်ကြပါဘူး …။
(၈) ရိုးသားခြင်း
သူတို့က စကားအမှန်ကိုပဲ ပြောလေ့ရှိပါတယ်။ ဘယ်တော့မှ မဟုတ်မမှန်လုပ်ကြံ စကားမျိုးမပြောတတ်ကြပါဘူး။
သူတစ်ပါး ထိခိုက်စေမယ့်စကားမျိုးကိုလည်း ဘယ်တော့မှ ပြောလေ့ မရှိပါဘူး …။
(၉) အကောင်းမြင်တတ်ခြင်း
သူတို့က အကောင်းမြင်လေ့ ရှိတတ်ကြ ပါတယ်။ သူတို့က သင့်အတွက်ဆိုးရွားတယ်
လို့ထင်ရတဲ့အရာတွေကိုတောင် အကောင်းမြင်လေ့ ရှိပါတယ်။အထက်ပါအချက်တွေထဲက ဘယ်အချက်တွေ သင့်မှာရှိနေပါသလဲ …?
Credit