Love
၁။အပြန်အလှန်နှိပ်ပါ။
၂။အတူတူချက်ပါ။
၎။ ရေခဲပြင် စကိတ်စီးပါ။
၅။အပြာကား တူတူကြည်ပါ။
၆။ကမ်းခြေသွားပါ။
၈။အမွှေးရိတ် ပေးပါ။
၉။အတွင်းခံ အတူတူဝယ်ပါ။
၁၀။အချစ်စာလေးတွေရေးပါ။
Credit
Unicode
တချို့အရာတွေက ငယ်ရွယ်တဲ့အချိန်မှာ မလုပ်ခဲ့လျှင် အသက်ကြီးသွားမှ ပြုလုပ်တဲ့အခါ
အခုနေမှာမလုပ်ရင် တစ်ချိန်မှာ နောင်တရလာနိုင်တယ်နော်
ကိုယ့်မှာ ချစ်သူရည်းစား ၊အိမ်ထောင်ဖက် ရှိတယ်ဆိုလျှင်တော့
အနည်းဆုံး ဘဝ မှာ တစ်ကြိမ်တော့ အတူတူလုပ်သင့်တဲ့ အရာလေးတွေ ရှိပါတယ်။
တချို့အရာတွေက ငယ်ရွယ်တဲ့အချိန်မှာ မလုပ်ခဲ့လျှင်
အသက်ကြီးသွားမှ ပြုလုပ်တဲ့အခါ အနည်းငယ် ရှက်ရွံစိုးရိမ်ဖွယ် ဖြစ်သွားတတ်ပါတယ်။
၁။အပြန်အလှန်နှိပ်ပါ။
ကိုယ့်ရဲ့လက်တွဲဖော်ကို နှိပ်နယ်ပေးခြင်း က ခန္ဓာကိုယ် မှာရှိနေတဲ့
ဖိစီးမှုတွေမှန်သမျှကို ပြေပျောက်သွားစေပါတယ်။
ဒီလိုနှိပ်ပေးခြင်းက ကိုယ့်ချစ်သူရဲ့ အလေးပေးမှုကိုလည်း ပြန်လည်ရစေပါတယ်။
၂။အတူတူချက်ပါ။
နှစ်ဦးသား ဆက်ဆံရေး မှာ ပိုပြီးပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ဖို့ဆိုလျှင်
နှစ်ယောက်အတူတူ ဟင်းချက်ပြုတ်စားသောက်ဖို့ကို မမေ့သင့်ပါဘူး။
ဒီလို အတူတူချက်ပြုတ်ခြင်းက နှစ်ဦးသားကို ပိုပြီးရင်းနှီးကာ ပျော်ရွှင်မှုရစေသလို
စားသောက်ဆိုင်တွေမှာ ဝယ်စားရသလောက် ငွေကုန်ကြေးကျမများတဲ့အတွက် ပိုက်ဆံလည်း ပိုပြီး စုမိစေပါတယ်။
၃။ရေချိုးရင်း ချစ်တင်းနှော ပါ။
ဒါကတော့ အိမ်ထောင်သည် တွေအတွက်ပေါ့။
အိမ်ထောင်သည် ဘဝမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်အခါ တစ်ခုဖြစ်စေဖို့
ရေချိုးရင်း ချစ်တင်းနှောတဲ့အလေ့အထကို တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် လုပ်ကြည့်သင့်ပါတယ်တဲ့။
၄။ ရေခဲပြင် စကိတ်စီးပါ။
ရေခဲပြင် စကိတ်စီးခြင်း ကလည်း အရမ်းကို ရိုမတ်တစ်ဖြစ်စေတဲ့ အရာတစ်ခုပါ။
မြန်မာနိုင်ငံမှာတော့ ရေခဲပြင်စကိတ်စီးလို့ရတဲ့ နေရာ မရှိသေးလို့ ရှိတဲ့နေရာနဲ့
ကြုံကြိုက်ခဲ့တယ်ဆို စီးဖြစ်အောင် စီးခဲ့ပါ။ ကိုရီးယားဆန်တာပေါ့လေ…
၅။အပြာကား တူတူကြည်ပါ။
ဒီပို့စ်က ဘာတွေပြောနေမှန်းမသိဘူးလို့တော့ ထင်မှာပဲ။
ဒါပေမယ့် ကိုယ့်ရဲ့ အိမ်ထောင်ဖက် နဲ့အတူ အပြာကား ကြည့်ချင်ကလည်း
ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းပါတယ်တဲ့။ဟုတ်၊မဟုတ်တော့ အတွေ့အကြုံရှိသူတွေသာ မေးကြည့်ပေတော့။
၆။ကမ်းခြေသွားပါ။
ဒါပေါ့။ ကမ်းခြေ ကတော့ မပါမဖြစ်ပေါ့။
ကိုယ့်ရဲ့ လက်တွဲဖော်နဲ့အတူတူ ကမ်းခြေမှာ အပန်းဖြေဖို့လည်း လုပ်သင့်တယ်တဲ့နော်။
၇။အပြင်ထွက်ချိန်းတွေ့ပါ။
ယခုခေတ် ချစ်သူ ရည်းစားတွေကတော့ အပြင်မှာချိန်းတွေ့ဖို့အတွက် အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး။
သို့သော် အချို့ လင်မယားတွေဟာ တစ်ခါမှ ချိန်းတွေ့ခြင်းမရှိဘဲ မိဘသဘောတူညီမှုဖြင့် ယူလိုက်ရတာမျိုးတွေ ရှိပါတယ်။
ဒီလို အိမ်ထောင်သည်တွေအတွက်ကတော့ အပြင်မှာ ချိန်းတွေ့စားသောက်ပြီး သမီးရည်းစားပုံစံမျိုး ခံစားချက်ကို ဖန်တီးရယူသင့်ပါတယ်။
၈။အမွှေးရိတ် ပေးပါ။
မနက်မိုးလင်းတဲ့အခါ လက်တွဲဖော်က မုတ်ဆိတ်မွှေး၊ပသိုင်းမွှေးရိတ်တဲ့အချိန်မျိုး ကူညီပေးခြင်းကလည်း နှစ်ဦးသားကို ပိုပြီးနီးကပ်စေပါတယ်တဲ့။
၉။အတွင်းခံ အတူတူဝယ်ပါ။
အတွဲတိုင်းက သူတို့ပါတနာရဲ့ ဆက်စီကျကျ အတွင်းခံ ဝတ်ဆင်ထားတဲ့ပုံစံကို မြင်ချင်လေ့ရှိပါတယ်တဲ့။
ဒါ့ကြောင့် အတွင်းခံဝယ်တဲ့အခါ တစ်ဦးအကြိုက်တစ်ဦးဝယ်ပေးနိုင်အောင် အတူတူ ဝယ်ဖို့လည်း တိုက်တွန်းထားပါတယ်။
၁၀။အချစ်စာလေးတွေရေးပါ။
ကိုယ့်ရဲ့ လက်တွဲဖော်အတွက် ကိုယ့်စိတ် ခံစားချက် တွေကို နူးညံ့စွာ ဖော်ပြပေးတဲ့ အချစ်စာလေးတွေကို ရေးပေးပါ။
တစ်ယောက်အပေါ် တစ်ယောက် ထားရှိတဲ့ စိတ် ခံစားချက် တွေကို
စာနဲ့ဖော်ပြရေးသားပေးခြင်းကလည်း နှစ်ဦးဆက်ဆံရေးမှာ ပျော်ရွှင်ကျေနပ်ဖွယ်ရာတွေ ရရှိစေမှာပါ။
ကဲ…ကိုယ့်မှာ လက်တွဲဖော်ရှိတယ်ဆို အနည်းဆုံး တစ်ကြိမ်တော့ ဒီလိုတွေ လုပ်ကြည့်သင့်တယ်တဲ့နော်။
Credit