Love

အရမ္းခ်စ္တတ္ေပမဲ့ အခ်စ္ေရးကံမေကာင္းရတဲ့ အေၾကာင္းရင္းမွာ…

အရမ္းခ်စ္တတ္ေပမဲ့ အခ်စ္ေရးကံမေကာင္းရတဲ့ အေၾကာင္းရင္းမွာ…

သင့္အေနနဲ႔ အရမ္းခ်စ္တတ္ေပမယ့္ အခ်စ္ေရးကံမေကာင္းခဲ့ဖူးဘူးဆိုရင္

အဲ့ဒါဟာ ဒီအခ်က္ေတြေၾကာင့္ျဖစ္ပါလိမ့္မယ္။ ဟုတ္၊ မဟုတ္ ဆန္းစစ္ၾကည့္လိုက္ေနာ္။

(၁) ပုံျပင္ေတြကိုယုံေနတယ္

ပုံျပင္ထဲကလို သင့္ကို လုံးဝနားလည္ၿပီး အခ်စ္ႀကီးခ်စ္ႏိုင္မယ့္သူမ်ိဳး႐ွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတတ္တယ္။

ပုံျပင္ေတြထဲကလို အခက္အခဲေတြအားလုံးကို ေက်ာ္လႊားၿပီး

ေပ်ာ္႐ႊင္စြာေပါင္းဖက္ၾကေလသတည္းဆိုတဲ့ အဆုံးသတ္မ်ိဳးကိုေမွ်ာ္လင့္ေနတယ္။

ဒီလိုမ်ိဳး စိတ္ကူးယဥ္လြန္းေနေတာ့ လက္ေတြ႕ဘဝမွာ ေတြးထားသလိုမျဖစ္တဲ့အခါ

ကိုယ့္ကိုယ္ကို အခ်စ္ေရးကံမေကာင္းဘူးလို႔ ထင္လာပါေတာ့တယ္။

(၂) ဂ႐ုစိုက္တတ္လြန္းတယ္

ကိုယ့္ခ်စ္သူကို ဆုံး႐ႈံးရမွာေၾကာက္တဲ့စိတ္နဲ႔ သူ႕ရဲ႕အရာရာကို ဂ႐ုတစိုက္႐ွိလြန္းတာ၊

အေသးစိတ္ကအစဂ႐ုစိုက္ေပးလြန္းတဲ့အခါ ၾကာလာရင္

သူ႕ဘက္က ဒါေတြကို တန္ဖိုးမထားေတာ့ဘဲ သင့္အေပၚမွာ ပစ္ပစ္ခါခါလုပ္လာပါလိမ့္မယ္။

ဒါေၾကာင့္ အဆုံးမွာ ကိုယ့္ကိုယ္ကိုအ႐ႈံးသမားတစ္ေယာက္အျဖစ္မျမင္ခ်င္ရင္

ေတာ္႐ုံပဲဂ႐ုစိုက္ေပးတတ္ဖို႔လိုပါတယ္…. (လုံးဝဂ႐ုမစိုက္ဖို႔ေျပာတာမဟုတ္ဘူးေနာ္)

(၃) အေသးစိတ္ ခံစားေနတယ္

အခ်စ္ေရးဆိုတာ အဆင္ေျပတာလည္း႐ွိသလို၊ အဆင္မေျပတာလည္း႐ွိပါတယ္၊

ဒါေၾကာင့္ အဆင္ေျပေနခ်ိန္မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းၿပီး

အဆင္မေျပတဲ့အခါေတြမွာလည္း စိတ္ကိုအဆင္ေျပေအာင္ႀကိဳးစားၿပီး ျဖတ္သန္းႏိုင္ဖို႔လိုပါတယ္။

ဒီလိုမဟုတ္ဘဲ အရာရာကို အေသးစိတ္ကအစ ခံစားၿပီး

အေလးအနက္ေတြ ဖီးလ္ေနရင္ ေသခ်ာေပါက္အထိနာပါလိမ့္မယ္။

(၄) ကိုယ့္ခ်စ္သူတစ္ေယာက္ကလြဲရင္ဘာကိုမွမျမင္ေတာ့ဘူး

ကိုယ့္ခ်စ္သူကလြဲရင္ တစ္ေလာကလုံးလူမထင္တတ္တဲ့ အရမ္းခ်စ္တတ္တဲ့သူေတြ႐ွိပါတယ္။

တကယ္ေတာ့ အရမ္းခ်စ္တာကို သူသိေအာင္ ဒီလိုနည္းနဲ႔ျပစရာမလိုပါဘူး။

ကိုယ္လုပ္ေနက်အလုပ္ေတြကို ပုံမွန္ပဲလုပ္ရင္း၊

ကိုယ့္အသိုင္းအဝိုင္းမွာပုံမွန္ပဲ လည္ပတ္ရင္းနဲ႔ ေနတတ္ဖို႔လိုပါတယ္။

ဒီလိုမဟုတ္ဘဲ ခ်စ္သူတစ္ေယာက္ကလြဲၿပီး

ဘာကိုမွမျမင္ေတာ့ဘူးဆိုရင္ေတာ့ အခ်စ္မွာ႐ႈံးနိမ့္ေနတာမဆန္းဘူးလို႔ ေျပာပါရေစ။

(၅) ခ်စ္မိတဲ့အခါ အရာအားလုံးေပးလိုက္တယ္

လူတစ္ေယာက္ကိုခ်စ္မိတဲ့အခါ ကိုယ့္ရဲ႕အခ်ိန္၊ ကိုယ့္ရဲ႕စိတ္၊ ကိုယ့္ရဲ႕ခံစားခ်က္၊

ကိုယ့္ရဲ႕အရာရာကိုေပးဖို႔ေတြးတတ္ၾကပါတယ္။

ဒါကလည္း သိပ္ေတာ့ မဟုတ္ေသးပါဘူး။

ကိုယ့္ကိုယ္ကိုေပ်ာက္ဆုံးခံၿပီး တစ္ေယာက္ေယာက္ကိုခ်စ္တာက

ေနာက္ဆုံးမွာ အခ်စ္ကံမေကာင္းသူျဖစ္ေစပါတယ္။

Credit

Unicode

အရမ်းချစ်တတ်ပေမဲ့ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်းမှာ…

သင့်အနေနဲ့ အရမ်းချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းခဲ့ဖူးဘူးဆိုရင်

အဲ့ဒါဟာ ဒီအချက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်လိုက်နော်။

(၁) ပုံပြင်တွေကိုယုံနေတယ်

ပုံပြင်ထဲကလို သင့်ကို လုံးဝနားလည်ပြီး အချစ်ကြီးချစ်နိုင်မယ့်သူမျိုးရှိလိမ့်မယ်လို့ မျှော်လင့်နေတတ်တယ်။

ပုံပြင်တွေထဲကလို အခက်အခဲတွေအားလုံးကို ကျော်လွှားပြီး

ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုတဲ့ အဆုံးသတ်မျိုးကိုမျှော်လင့်နေတယ်။

ဒီလိုမျိုး စိတ်ကူးယဉ်လွန်းနေတော့ လက်တွေ့ဘဝမှာ တွေးထားသလိုမဖြစ်တဲ့အခါ

ကိုယ့်ကိုယ်ကို အချစ်ရေးကံမကောင်းဘူးလို့ ထင်လာပါတော့တယ်။

(၂) ဂရုစိုက်တတ်လွန်းတယ်

ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ သူ့ရဲ့အရာရာကို ဂရုတစိုက်ရှိလွန်းတာ၊

အသေးစိတ်ကအစဂရုစိုက်ပေးလွန်းတဲ့အခါ ကြာလာရင်

သူ့ဘက်က ဒါတွေကို တန်ဖိုးမထားတော့ဘဲ သင့်အပေါ်မှာ ပစ်ပစ်ခါခါလုပ်လာပါလိမ့်မယ်။

ဒါကြောင့် အဆုံးမှာ ကိုယ့်ကိုယ်ကိုအရှုံးသမားတစ်ယောက်အဖြစ်မမြင်ချင်ရင်

တော်ရုံပဲဂရုစိုက်ပေးတတ်ဖို့လိုပါတယ်…. (လုံးဝဂရုမစိုက်ဖို့ပြောတာမဟုတ်ဘူးနော်)

(၃) အသေးစိတ် ခံစားနေတယ်

အချစ်ရေးဆိုတာ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာလည်းရှိပါတယ်၊

ဒါကြောင့် အဆင်ပြေနေချိန်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး

အဆင်မပြေတဲ့အခါတွေမှာလည်း စိတ်ကိုအဆင်ပြေအောင်ကြိုးစားပြီး ဖြတ်သန်းနိုင်ဖို့လိုပါတယ်။

ဒီလိုမဟုတ်ဘဲ အရာရာကို အသေးစိတ်ကအစ ခံစားပြီး

အလေးအနက်တွေ ဖီးလ်နေရင် သေချာပေါက်အထိနာပါလိမ့်မယ်။

(၄) ကိုယ့်ချစ်သူတစ်ယောက်ကလွဲရင်ဘာကိုမှမမြင်တော့ဘူး

ကိုယ့်ချစ်သူကလွဲရင် တစ်လောကလုံးလူမထင်တတ်တဲ့ အရမ်းချစ်တတ်တဲ့သူတွေရှိပါတယ်။

တကယ်တော့ အရမ်းချစ်တာကို သူသိအောင် ဒီလိုနည်းနဲ့ပြစရာမလိုပါဘူး။

ကိုယ်လုပ်နေကျအလုပ်တွေကို ပုံမှန်ပဲလုပ်ရင်း၊

ကိုယ့်အသိုင်းအဝိုင်းမှာပုံမှန်ပဲ လည်ပတ်ရင်းနဲ့ နေတတ်ဖို့လိုပါတယ်။

ဒီလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်ကလွဲပြီး

ဘာကိုမှမမြင်တော့ဘူးဆိုရင်တော့ အချစ်မှာရှုံးနိမ့်နေတာမဆန်းဘူးလို့ ပြောပါရစေ။

(၅) ချစ်မိတဲ့အခါ အရာအားလုံးပေးလိုက်တယ်

လူတစ်ယောက်ကိုချစ်မိတဲ့အခါ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ခံစားချက်၊

ကိုယ့်ရဲ့အရာရာကိုပေးဖို့တွေးတတ်ကြပါတယ်။

ဒါကလည်း သိပ်တော့ မဟုတ်သေးပါဘူး။

ကိုယ့်ကိုယ်ကိုပျောက်ဆုံးခံပြီး တစ်ယောက်ယောက်ကိုချစ်တာက

နောက်ဆုံးမှာ အချစ်ကံမကောင်းသူဖြစ်စေပါတယ်။

Credit