ယုံပါ စုံလုံးမကန္းေစနဲ႔
ေလာကမွာႏွလုံးသားပါလာတဲ့ လူတိုင္း ခ်စ္တတ္ၾကပါတယ္ မခ်စ္နဲ႔ မဟုတ္ဘူး
ခ်စ္ပါ မလြမ္းနဲ႔ မေျပာဘူး လြမ္းပါ ဒါေပမယ့္ ကိုယ့္ဦးေႏွာက္ေလးနဲ႔ ခ်င့္ခ်ိန္ပါ
မ်က္လုံးစုံမွိတ္ၿပီး ႏွလုံးသားအလိုလိုက္တဲ့အထိ မ႐ူးမိုက္သင့္ဘူး။
အခ်စ္ဆိုတာ အဆိပ္ မဟုတ္ဘူး ဒါေပမယ့္ ေဘးဥပါဒ္အရမ္းမ်ားတယ္
ဒါ . . . မခ်စ္တတ္တဲ့အခါ ျဖစ္တတ္တဲ့ သေဘာပါ
ယုံပါ စုံလုံးမကန္းေစနဲ႔ အနဲဆုံးေတာ့ မ်က္လုံးေလးဖြင့္ထားပါ နားေလးစြင့္ထားပါ
သစၥာေဖာက္တယ္ဆိုတာ ကိုယ္ ယုံၾကည္လြန္းတဲ့လူအတြက္ပိုၿပီး လြယ္ကူလြန္းတယ္ေလ
ဘ၀ တိုတိုေလးလို႔ေျပာေပမယ့္ တကယ္ေလွ်ာက္တဲ့အခါ မဆုံးႏိုင္ေအာင္ ရွည္ၾကာလြန္းလွတယ္
အဲ့တာေၾကာင့္ ကိုယ့္လက္တြဲေဖာ္က ဘက္ညီေနဖို႔လိုတယ္ ပန္းတိုင္တူေနဖို႔လိုတယ္
ခ်စ္ရင္ ၿပီးတာပဲဆိုၿပီး ႏွလုံးသားတစ္ခုတည္းနဲ႔ ဆုံးျဖတ္လို႔ မရဘူး ေရရွည္အတြက္ ဦးေႏွာက္ေလးလည္း ထည့္သုံးပါ
ဘ၀လမ္းမွာ ေလွ်ာက္တဲ့အခါ မေပ်ာ္ရတာက ျပသနာမဟုတ္ဘူး ။
ကိုယ္ခ်စ္ရတဲ့လူေပးတဲ့ ဒဏ္ရါကိုပိုက္ၿပီး သာမန္ထက္ ႏွစ္ဆေတာ့ မနာက်င္ေစခ်င္ဘူးေလ
ဒါေၾကာင့္ ႏွလုံးသားရဲ႕အလိုကို ဦးေႏွာက္ေလးနဲ႔ ခ်င့္ခ်ိန္ပါ ၿပီးေတာ့မွ ဆုံးျဖတ္ခ်က္ခ်ပါ . . . .
Credit
မိန္းမသားတို႔အတြက္
သွ်င္ယြန္း
Unicode
ယုံပါ စုံလုံးမကန်းစေနဲ့
လောကမှာနှလုံးသားပါလာတဲ့ လူတိုင်း ချစ်တတ်ကြပါတယ် မချစ်နဲ့ မဟုတ်ဘူး
ချစ်ပါ မလွမ်းနဲ့ မပြောဘူး လွမ်းပါ ဒါပေမယ့် ကိုယ့်ဦးနှောက်လေးနဲ့ ချင့်ချိန်ပါ
မျက်လုံးစုံမှိတ်ပြီး နှလုံးသားအလိုလိုက်တဲ့အထိ မရူးမိုက်သင့်ဘူး။
အချစ်ဆိုတာ အဆိပ် မဟုတ်ဘူး ဒါပေမယ့် ဘေးဥပါဒ်အရမ်းများတယ်
ဒါ . . . မချစ်တတ်တဲ့အခါ ဖြစ်တတ်တဲ့ သဘောပါ
ယုံပါ စုံလုံးမကန်းစေနဲ့ အနဲဆုံးတော့ မျက်လုံးလေးဖွင့်ထားပါ နားလေးစွင့်ထားပါ
သစ္စာဖောက်တယ်ဆိုတာ ကိုယ် ယုံကြည်လွန်းတဲ့လူအတွက်ပိုပြီး လွယ်ကူလွန်းတယ်လေ
ဘ၀ တိုတိုလေးလို့ပြောပေမယ့် တကယ်လျှောက်တဲ့အခါ မဆုံးနိုင်အောင် ရှည်ကြာလွန်းလှတယ်
အဲ့တာကြောင့် ကိုယ့်လက်တွဲဖော်က ဘက်ညီနေဖို့လိုတယ် ပန်းတိုင်တူနေဖို့လိုတယ်
ချစ်ရင် ပြီးတာပဲဆိုပြီး နှလုံးသားတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး ရေရှည်အတွက် ဦးနှောက်လေးလည်း ထည့်သုံးပါ
ဘဝလမ်းမှာ လျှောက်တဲ့အခါ မပျော်ရတာက ပြသနာမဟုတ်ဘူး ။
ကိုယ်ချစ်ရတဲ့လူပေးတဲ့ ဒဏ်ရါကိုပိုက်ပြီး သာမန်ထက် နှစ်ဆတော့ မနာကျင်စေချင်ဘူးလေ
ဒါကြောင့် နှလုံးသားရဲ့အလိုကို ဦးနှောက်လေးနဲ့ ချင့်ချိန်ပါ ပြီးတော့မှ ဆုံးဖြတ်ချက်ချပါ . . . .
Credit
မိန်းမသားတို့အတွက်
သျှင်ယွန်း