တကယ့္အလွစစ္နဲ႔ ျပည့္စုံတဲ့ မိန္းကေလးေတြပဲ ပိုင္ဆိုင္ထားႏိုင္မယ့္ အခ်က္ ၅ ခ်က္
လူတစ္ေယာက္ရဲ႕အလွကို ဘာေတြနဲ႔ သတ္မွတ္ထားၾကလဲ။
သူ႕ရဲ႕႐ုပ္ရည္လား၊ ဒါမွမဟုတ္ ဖက္႐ွင္အမိုက္စားေတြေၾကာင့္လား၊
သူ႕ရဲ႕ဆြဲေဆာင္မႈ႐ွိတဲ့ ပုံစံေၾကာင့္လား။
တကယ့္ေတာ့ မိန္းကေလးတစ္ေယာက္ရဲ႕ အလွစစ္ဆိုတာ
ဒါေတြနဲ႔ သက္ဆိုင္ေနတယ္လို႔ထင္ရေပမယ့္
တကယ္တမ္း အေရးအပါဆုံး အခ်က္ေလးေတြက သက္သက္စီ႐ွိလို႔ေနပါတယ္။
(1) စိတ္ထားေကာင္းမြန္မႈ
လူတစ္ေယာက္ရဲ႕ ႐ုပ္ရည္သြင္ျပင္ထက္ အေရးႀကီးတာက အဲဒီ့လူတစ္ေယာက္ရဲ႕ စိတ္ထားပါ။
႐ုပ္ဘယ္ေလာက္ပဲ ေခ်ာေနပါေစ အက်င့္စာရိတၱပ်က္ျပားေနတဲ့သူ၊
စိတ္ပုတ္စိတ္ယုတ္႐ွိေနတဲ့သူကိုေတာ့ ဘယ္သူကမွ သူဟာ ေခ်ာေမာလွပတဲ့ သူတစ္ေယာက္အျဖစ္ သတ္မွတ္ၾကမယ္ မထင္ပါဘူးေနာ္။
တကယ္လို႔ ႐ုပ္ေလးကအသင့္အတင့္႐ွိၿပီး စိတ္ထားေလးကလွေနမယ္ဆိုရင္
အဲဒီ့မိန္းကေလးဟာ တကယ့္ကို အတြင္းေရာ၊ အျပင္ပါ ဆြဲေဆာင္မႈ႐ွိတဲ့ သူတစ္ေယာက္ပါ။
(2) ၾကင္နာတတ္မႈ
မိန္းကေလးတစ္ေယာက္ဟာ ၾကင္နာတတ္တဲ့ စိတ္ေလးေတာ့ ႐ွိတတ္ဖို႔လိုအပ္ပါတယ္။
သူမ်ားေတြဆီကေနပဲ ၾကင္နာတတ္မႈကို လိုခ်င္တာမ်ိဳးထက္
ကိုယ္ကိုယ္တိုင္က တစ္ျခားသူအေပၚ ၾကင္နာတတ္တဲ့ စိတ္ေလးထားတတ္ဖို႔ လိုပါတယ္။
ၾကင္နာမႈ႐ွိတဲ့ မိန္းကေလးေတြကို ဆန္႔က်င္ဖက္အမ်ိဳးသားေတြက အရမ္းေႂကြေလ့႐ွိၾကပါတယ္ေနာ္။
(3) မနာလိုအူတိုမႈ ကင္းတာ
မနာလိုတတ္တဲ့စိတ္က အရမ္းကို ေၾကာက္စရာေကာင္းပါတယ္။
သူတစ္ပါး ကိုယ့္ထက္သာသြားတာကို လက္မခံႏိုင္ပဲ ဒီမနာလိုစိတ္က
တျဖည္းျဖည္းနဲ႔ တစ္ျခားသူ ဒုကၡေရာက္သြားေအာင္အထိ လုပ္ေဆာင္လာႏိုင္ပါတယ္။
တကယ္ေတာ့ သူမ်ားေတြကို မနာလိုစိတ္မထားပဲ ကိုယ့္ကိုယ္ကို အေကာင္းဆုံး ႀကိဳးစားတတ္ဖို႔ပဲ လိုတာပါ။
သူမ်ားေတြအေပၚ မနာလိုစိတ္မထားတတ္တဲ့ မိန္းကေလးေတြက တကယ့္ကို အလွစစ္နဲ႔ျပည့္စုံတဲ့ သူေတြျဖစ္ပါတယ္။
(4) ကိုယ္ခ်င္းစာစိတ္ ႐ွိမႈ
လူတစ္ေယာက္မွာ ကိုယ္ခ်င္းစာစိတ္ကလည္း တကယ့္ကို အေရးႀကီးပါတယ္။
ကိုယ့္အတြက္ပဲ မၾကည့္ပဲ သူ႕ဘက္ကိုယ့္ဘက္ မွ်တေအာင္ ၾကည့္တတ္တဲ့ သူမ်ိဳး၊
သူ႕ေနရာမွာဆိုရင္ေရာ ဆိုတဲ့စိတ္ေလးထားတတ္ၿပီး စာနာနားလည္တတ္တဲ့
မိန္းကေလးေတြရဲ႕စိတ္ဓာတ္က တကယ့္ကို ခ်ီးက်ဴးစရာေကာင္းပါတယ္။
(5) ယုံၾကည္မႈ
ေနာက္ဆုံးတစ္ခ်က္ကေတာ့ မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ႐ွိေနဖို႔ပါ။
လူေတြက ကိုယ့္ကိုယ္ ႐ုပ္ဆိုးတယ္၊ လိုအပ္ခ်က္ေတြမ်ားတယ္ စသျဖင့္အမ်ိဳးမ်ိဳးေျပာၾကပါေစ
ကိုယ္ေလွ်ာက္ရမယ့္လမ္းကို ယုံယုံၾကည္ၾကည္နဲ႔ သူမ်ားေတြေျပာသမွ်ကို လိုက္မခံစားပဲ
ကိုယ့္ကိုယ္ကို ယုံၾကည္မႈ႐ွိတတ္တဲ့ မိန္ကေလးေတြက အၿမဲတမ္း လွပေနတတ္သူေတြ ျဖစ္ပါတယ္။
Credit
Unicode
တကယ့်အလှစစ်နဲ့ ပြည့်စုံတဲ့ မိန်းကလေးတွေပဲ ပိုင်ဆိုင်ထားနိုင်မယ့် အချက် ၅ ချက်
လူတစ်ယောက်ရဲ့အလှကို ဘာတွေနဲ့ သတ်မှတ်ထားကြလဲ။
သူ့ရဲ့ရုပ်ရည်လား၊ ဒါမှမဟုတ် ဖက်ရှင်အမိုက်စားတွေကြောင့်လား၊
သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံစံကြောင့်လား။
တကယ့်တော့ မိန်းကလေးတစ်ယောက်ရဲ့ အလှစစ်ဆိုတာ
ဒါတွေနဲ့ သက်ဆိုင်နေတယ်လို့ထင်ရပေမယ့်
တကယ်တမ်း အရေးအပါဆုံး အချက်လေးတွေက သက်သက်စီရှိလို့နေပါတယ်။
(1) စိတ်ထားကောင်းမွန်မှု
လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ထက် အရေးကြီးတာက အဲဒီ့လူတစ်ယောက်ရဲ့ စိတ်ထားပါ။
ရုပ်ဘယ်လောက်ပဲ ချောနေပါစေ အကျင့်စာရိတ္တပျက်ပြားနေတဲ့သူ၊
စိတ်ပုတ်စိတ်ယုတ်ရှိနေတဲ့သူကိုတော့ ဘယ်သူကမှ သူဟာ ချောမောလှပတဲ့ သူတစ်ယောက်အဖြစ် သတ်မှတ်ကြမယ် မထင်ပါဘူးနော်။
တကယ်လို့ ရုပ်လေးကအသင့်အတင့်ရှိပြီး စိတ်ထားလေးကလှနေမယ်ဆိုရင်
အဲဒီ့မိန်းကလေးဟာ တကယ့်ကို အတွင်းရော၊ အပြင်ပါ ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက်ပါ။
(2) ကြင်နာတတ်မှု
မိန်းကလေးတစ်ယောက်ဟာ ကြင်နာတတ်တဲ့ စိတ်လေးတော့ ရှိတတ်ဖို့လိုအပ်ပါတယ်။
သူများတွေဆီကနေပဲ ကြင်နာတတ်မှုကို လိုချင်တာမျိုးထက်
ကိုယ်ကိုယ်တိုင်က တစ်ခြားသူအပေါ် ကြင်နာတတ်တဲ့ စိတ်လေးထားတတ်ဖို့ လိုပါတယ်။
ကြင်နာမှုရှိတဲ့ မိန်းကလေးတွေကို ဆန့်ကျင်ဖက်အမျိုးသားတွေက အရမ်းကြွေလေ့ရှိကြပါတယ်နော်။
(3) မနာလိုအူတိုမှု ကင်းတာ
မနာလိုတတ်တဲ့စိတ်က အရမ်းကို ကြောက်စရာကောင်းပါတယ်။
သူတစ်ပါး ကိုယ့်ထက်သာသွားတာကို လက်မခံနိုင်ပဲ ဒီမနာလိုစိတ်က
တဖြည်းဖြည်းနဲ့ တစ်ခြားသူ ဒုက္ခရောက်သွားအောင်အထိ လုပ်ဆောင်လာနိုင်ပါတယ်။
တကယ်တော့ သူများတွေကို မနာလိုစိတ်မထားပဲ ကိုယ့်ကိုယ်ကို အကောင်းဆုံး ကြိုးစားတတ်ဖို့ပဲ လိုတာပါ။
သူများတွေအပေါ် မနာလိုစိတ်မထားတတ်တဲ့ မိန်းကလေးတွေက တကယ့်ကို အလှစစ်နဲ့ပြည့်စုံတဲ့ သူတွေဖြစ်ပါတယ်။
(4) ကိုယ်ချင်းစာစိတ် ရှိမှု
လူတစ်ယောက်မှာ ကိုယ်ချင်းစာစိတ်ကလည်း တကယ့်ကို အရေးကြီးပါတယ်။
ကိုယ့်အတွက်ပဲ မကြည့်ပဲ သူ့ဘက်ကိုယ့်ဘက် မျှတအောင် ကြည့်တတ်တဲ့ သူမျိုး၊
သူ့နေရာမှာဆိုရင်ရော ဆိုတဲ့စိတ်လေးထားတတ်ပြီး စာနာနားလည်တတ်တဲ့
မိန်းကလေးတွေရဲ့စိတ်ဓာတ်က တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။
(5) ယုံကြည်မှု
နောက်ဆုံးတစ်ချက်ကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့ပါ။
လူတွေက ကိုယ့်ကိုယ် ရုပ်ဆိုးတယ်၊ လိုအပ်ချက်တွေများတယ် စသဖြင့်အမျိုးမျိုးပြောကြပါစေ
ကိုယ်လျှောက်ရမယ့်လမ်းကို ယုံယုံကြည်ကြည်နဲ့ သူများတွေပြောသမျှကို လိုက်မခံစားပဲ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတတ်တဲ့ မိန်ကလေးတွေက အမြဲတမ်း လှပနေတတ်သူတွေ ဖြစ်ပါတယ်။
Credit