သင့္မွာဒီလိုအခ်က္ေတြ႐ွိေနရင္ ခ်စ္သူမ႐ွာပဲတစ္ေယာက္တည္းေနတာပိုေကာင္းတယ္
တစ္ေယာက္တည္းေနရမယ့္သူဆိုတာ နဖူးမွာ စာေရးထားတာမ်ိဳးမဟုတ္ေပမယ့္
တခ်ိဳ႕ေတြအတြက္ေတာ့ သိသာတဲ့အခ်က္ေတြ႐ွိပါတယ္။
လူတခ်ိဳ႕က တစ္ေယာက္တည္းေနရဖို႔ ေမြးဖြားလာၾကသလိုပဲ။
သူတို႔အတြက္ေတာ့ RS ေတြ၊ သူငယ္ခ်င္းေတြဆိုတာ သိပ္ၿပီး အေရးမႀကီးသလို ဘဝအတြက္ လိုအပ္တယ္လို႔ မထင္တတ္ၾကဘူး။
အဲ…တခ်ိဳ႕ေတြက်ေတာ့လည္း သူတို႔ရဲ႕ စ႐ိုက္ေတြ၊ အက်င့္ေတြနဲ႔ စိတ္ခံစားမႈေတြကိုက တစ္ေယာက္တည္းေနရတာ ပိုၿပီး သင့္ေတာ္တဲ့ပုံမ်ိဳး။
အဲဒီလို လူမ်ိဳးက ခ်စ္သူ႐ွာမိၿပီဆိုရင္ အေၾကာင္းတစ္ခုမဟုတ္ တစ္ခုနဲ႔ ျပတ္ၿပီး ေနာက္ဆုံးက် တစ္ေယာက္တည္းပဲ ျပန္ျဖစ္ရေတာ့တာပဲ။
ကဲ….ခ်စ္သူမ႐ွာပဲ တစ္ေယာက္တည္းေနတာ ပိုေကာင္းတယ္ဆိုတဲ့သူေတြမွာ ဘယ္လိုအက်င့္မ်ိဳးေတြ ႐ွိၾကလဲ။ ဖတ္ၾကည့္လိုက္ၾကရေအာင္…။
(၁) အတၱႀကီးတဲ့သူမ်ိဳး
ကိုယ္တိုင္က တစ္ခုခုဆို ကိုယ္ပဲ ပိုင္ဆိုင္ခ်င္တယ္၊ သူမ်ားကို ခြဲေဝေပးရတာ သေဘာမက်ဘူး၊
ေနရာတကာ ကိုယ့္စိတ္တိုင္းက်ပဲ လုပ္ခ်င္တာ၊ လုံးဝကို အတၱႀကီးတဲ့ ပုံစံမ်ိဳးဆိုရင္ ခ်စ္သူ ႐ွာဖို႔ထက္
တစ္ေယာက္တည္းေနဖို႔ ႀကိဳးစားတာက အသင့္ေတာ္ဆုံး ပုံစံပဲလို႔ ေျပာပါရေစ။
ဘာလို႔လည္းဆိုေတာ့ အဲဒီလို အတၱႀကီးပုံမ်ိဳးနဲ႔ဆိုရင္ တစ္ေယာက္ေယာက္ကို နားလည္ေပးဖို႔ မျဖစ္ႏိုင္သလို
ကိုယ့္အခ်စ္ေတြက တျခားတစ္ေယာက္အတြက္ ပူေလာင္ေစမွာမို႔ပါ။
အတၱႀကီးတဲ့သူေတြဆိုတာ သူတို႔ေဘးကလူေတြကို စိတ္ညစ္ေအာင္ အလုပ္ႏိုင္ၾကဆုံးလူမ်ိဳးေတြမို႔လား။
(၂) ခံစားလြယ္တယ္
အရမ္းေတြ ခံစားလြယ္ေနတယ္ဆိုရင္လည္း ခ်စ္သူမ႐ွာပါနဲ႔။
တစ္ေယာက္တည္းေနၿပီး တစ္ေယာက္တည္းသာ ခံစားပါ။
ကိုယ္က ကိုရီးယားကားေတြၾကည့္လည္းခံစား၊ ဝတၳဳဖတ္ရင္၊ ကဗ်ာဖတ္ရင္လည္းခံစား၊
တစ္ေယာက္ေယာက္က စကားတစ္ခြန္းအေျပာမွားလိုက္ရင္လည္း ခံစား။
အဲဒီလို အစစအရာရာ လိုက္ၿပီး ခံစားေနမွေတာ့ ခ်စ္သူထားရင္လည္း အဆင္ေျပမွာ မဟုတ္ဘူးေလ။
ဒီေတာ့ ကိုယ္ဟာ ခံစားလြယ္သူတစ္ေယာက္ျဖစ္ေၾကာင့္ ကိုယ့္ဘာသာ သိတယ္ဆိုရင္ တစ္ေယာက္တည္းေနဖို႔သာ ႀကိဳးစားပါ။
(၃) အေျပာင္းအလဲျမန္တယ္
သင္က တစ္ေယာက္ေယာက္ကိုေတာ့ ခ်စ္ခ်င္ပါရဲ႕။
ဒါေပမယ့္ တစ္လေလာက္ၾကာသြားတဲ့အခါ သင္ခ်စ္ခ်င္တဲ့ လူက အရင္တစ္ေယာက္မဟုတ္ေတာ့ပဲ
ေနာက္တစ္ေယာက္ကို ေျပာင္းသြားတာမ်ိဳး။ စိတ္ထဲမွာ သေဘာက်တဲ့ပုံစံေတြက အမ်ားႀကီးျဖစ္ေနတာမ်ိဳး။
သင့္စိတ္ကိုက အေျပာင္းအလဲျမန္လြန္းတာမ်ိဳးဆိုရင္လည္း
ခ်စ္သူတစ္ေယာက္ ထားဖို႔ထက္ တစ္ေယာက္တည္းေနဖို႔က အသင့္ေတာ္ဆုံးပါ။
ဘာလို႔လဲဆိုေတာ့ သင့္မွာ ခ်စ္သူ႐ွိလာရင္လည္း အခ်ိန္ခဏအတြင္းမွာပဲ ၿငီးေငြ႕လာမွာျဖစ္ၿပီး
ေနာက္တစ္ေယာက္ ေျပာင္းခ်င္စိတ္ေတြ ေပၚလာဦးမွာမို႔လို႔ပါပဲ။
(၄) တစ္ေယာက္တည္းေနရတာကိုႀကိဳက္တယ္
သင္က တစ္ေယာက္တည္းေနရတာကို သေဘာက်တဲ့သူတစ္ေယာက္။
အဲဒီလို တစ္ေယာက္တည္းေနတာက လြတ္လပ္တယ္လို႔ သင္ခံယူထားတယ္။
ဒါေပမယ့္ တစ္ခါတေလက်ေတာ့ သင့္စိတ္ထဲမွာ အရမ္းအထီးက်န္တယ္လို႔ ခံစားရၿပီး ခ်စ္သူတစ္ေယာက္ေလာက္ ထားခ်င္လာလိမ့္မယ္။
အဲဒီလို ခံစားရၿပီဆိုရင္ ခ်စ္သူ ႐ွာဖို႔ ႀကိဳးစားတာထက္ ဒီအတိုင္း က်ိတ္မွိတ္ၿပီး ေက်ာ္ျဖတ္လိုက္တာက အေကာင္းဆုံးပါ။
ဘာလို႔လဲဆိုေတာ့ တစ္ေယာက္တည္းေနရတာကို ႀကိဳက္တဲ့စိတ္က သင့္စိတ္ထဲမွာ
အျမစ္တြယ္ေနၿပီျဖစ္ၿပီး သင့္မွာ ခ်စ္သူရသြားရင္လည္း တစ္ေယာက္တည္းေနဖို႔ ႀကိဳးစားမိဦးမွာမို႔ပါပဲ။
Credit
Unicode
သင့်မှာဒီလိုအချက်တွေရှိနေရင် ချစ်သူမရှာပဲတစ်ယောက်တည်းနေတာပိုကောင်းတယ်
တစ်ယောက်တည်းနေရမယ့်သူဆိုတာ နဖူးမှာ စာရေးထားတာမျိုးမဟုတ်ပေမယ့်
တချို့တွေအတွက်တော့ သိသာတဲ့အချက်တွေရှိပါတယ်။
လူတချို့က တစ်ယောက်တည်းနေရဖို့ မွေးဖွားလာကြသလိုပဲ။
သူတို့အတွက်တော့ RS တွေ၊ သူငယ်ချင်းတွေဆိုတာ သိပ်ပြီး အရေးမကြီးသလို ဘဝအတွက် လိုအပ်တယ်လို့ မထင်တတ်ကြဘူး။
အဲ…တချို့တွေကျတော့လည်း သူတို့ရဲ့ စရိုက်တွေ၊ အကျင့်တွေနဲ့ စိတ်ခံစားမှုတွေကိုက တစ်ယောက်တည်းနေရတာ ပိုပြီး သင့်တော်တဲ့ပုံမျိုး။
အဲဒီလို လူမျိုးက ချစ်သူရှာမိပြီဆိုရင် အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ ပြတ်ပြီး နောက်ဆုံးကျ တစ်ယောက်တည်းပဲ ပြန်ဖြစ်ရတော့တာပဲ။
ကဲ….ချစ်သူမရှာပဲ တစ်ယောက်တည်းနေတာ ပိုကောင်းတယ်ဆိုတဲ့သူတွေမှာ ဘယ်လိုအကျင့်မျိုးတွေ ရှိကြလဲ။ ဖတ်ကြည့်လိုက်ကြရအောင်…။
(၁) အတ္တကြီးတဲ့သူမျိုး
ကိုယ်တိုင်က တစ်ခုခုဆို ကိုယ်ပဲ ပိုင်ဆိုင်ချင်တယ်၊ သူများကို ခွဲဝေပေးရတာ သဘောမကျဘူး၊
နေရာတကာ ကိုယ့်စိတ်တိုင်းကျပဲ လုပ်ချင်တာ၊ လုံးဝကို အတ္တကြီးတဲ့ ပုံစံမျိုးဆိုရင် ချစ်သူ ရှာဖို့ထက်
တစ်ယောက်တည်းနေဖို့ ကြိုးစားတာက အသင့်တော်ဆုံး ပုံစံပဲလို့ ပြောပါရစေ။
ဘာလို့လည်းဆိုတော့ အဲဒီလို အတ္တကြီးပုံမျိုးနဲ့ဆိုရင် တစ်ယောက်ယောက်ကို နားလည်ပေးဖို့ မဖြစ်နိုင်သလို
ကိုယ့်အချစ်တွေက တခြားတစ်ယောက်အတွက် ပူလောင်စေမှာမို့ပါ။
အတ္တကြီးတဲ့သူတွေဆိုတာ သူတို့ဘေးကလူတွေကို စိတ်ညစ်အောင် အလုပ်နိုင်ကြဆုံးလူမျိုးတွေမို့လား။
(၂) ခံစားလွယ်တယ်
အရမ်းတွေ ခံစားလွယ်နေတယ်ဆိုရင်လည်း ချစ်သူမရှာပါနဲ့။
တစ်ယောက်တည်းနေပြီး တစ်ယောက်တည်းသာ ခံစားပါ။
ကိုယ်က ကိုရီးယားကားတွေကြည့်လည်းခံစား၊ ဝတ္ထုဖတ်ရင်၊ ကဗျာဖတ်ရင်လည်းခံစား၊
တစ်ယောက်ယောက်က စကားတစ်ခွန်းအပြောမှားလိုက်ရင်လည်း ခံစား။
အဲဒီလို အစစအရာရာ လိုက်ပြီး ခံစားနေမှတော့ ချစ်သူထားရင်လည်း အဆင်ပြေမှာ မဟုတ်ဘူးလေ။
ဒီတော့ ကိုယ်ဟာ ခံစားလွယ်သူတစ်ယောက်ဖြစ်ကြောင့် ကိုယ့်ဘာသာ သိတယ်ဆိုရင် တစ်ယောက်တည်းနေဖို့သာ ကြိုးစားပါ။
(၃) အပြောင်းအလဲမြန်တယ်
သင်က တစ်ယောက်ယောက်ကိုတော့ ချစ်ချင်ပါရဲ့။
ဒါပေမယ့် တစ်လလောက်ကြာသွားတဲ့အခါ သင်ချစ်ချင်တဲ့ လူက အရင်တစ်ယောက်မဟုတ်တော့ပဲ
နောက်တစ်ယောက်ကို ပြောင်းသွားတာမျိုး။ စိတ်ထဲမှာ သဘောကျတဲ့ပုံစံတွေက အများကြီးဖြစ်နေတာမျိုး။
သင့်စိတ်ကိုက အပြောင်းအလဲမြန်လွန်းတာမျိုးဆိုရင်လည်း
ချစ်သူတစ်ယောက် ထားဖို့ထက် တစ်ယောက်တည်းနေဖို့က အသင့်တော်ဆုံးပါ။
ဘာလို့လဲဆိုတော့ သင့်မှာ ချစ်သူရှိလာရင်လည်း အချိန်ခဏအတွင်းမှာပဲ ငြီးငွေ့လာမှာဖြစ်ပြီး
နောက်တစ်ယောက် ပြောင်းချင်စိတ်တွေ ပေါ်လာဦးမှာမို့လို့ပါပဲ။
(၄) တစ်ယောက်တည်းနေရတာကိုကြိုက်တယ်
သင်က တစ်ယောက်တည်းနေရတာကို သဘောကျတဲ့သူတစ်ယောက်။
အဲဒီလို တစ်ယောက်တည်းနေတာက လွတ်လပ်တယ်လို့ သင်ခံယူထားတယ်။
ဒါပေမယ့် တစ်ခါတလေကျတော့ သင့်စိတ်ထဲမှာ အရမ်းအထီးကျန်တယ်လို့ ခံစားရပြီး ချစ်သူတစ်ယောက်လောက် ထားချင်လာလိမ့်မယ်။
အဲဒီလို ခံစားရပြီဆိုရင် ချစ်သူ ရှာဖို့ ကြိုးစားတာထက် ဒီအတိုင်း ကျိတ်မှိတ်ပြီး ကျော်ဖြတ်လိုက်တာက အကောင်းဆုံးပါ။
ဘာလို့လဲဆိုတော့ တစ်ယောက်တည်းနေရတာကို ကြိုက်တဲ့စိတ်က သင့်စိတ်ထဲမှာ
အမြစ်တွယ်နေပြီဖြစ်ပြီး သင့်မှာ ချစ်သူရသွားရင်လည်း တစ်ယောက်တည်းနေဖို့ ကြိုးစားမိဦးမှာမို့ပါပဲ။
Credit