Love
Credit
Unicode
လွမ်း ရင် ဆက်သွယ်လာမှာပေါ့ ပစ်ထားတယ်ဆိုကတည်းက သူအတွက် အသုံးမဝင်လို့လေ
အနေဝေးလို့ဆိုတာ စကားမပြောရင်း မပြောရင်းကနေပဲ မပြောချင် ကြတော့ဘူး
ရှင်းနေတာပဲလေ ခွဲထွက်သွားတယ် ဆိုကတည်းက တွဲဖက်မထားချင်လို့ပေါ့ ဘာလို့ ဆွဲဖက်ထားချင်သေးတာလဲ လိုမှ မလိုတော့တာပဲ..၊
ရှင်းနေတာပဲ စွန့်ခွာသွားတယ် ဆိုကတည်းက မလိုအပ်တော့လို့ပေါ့ ဘာလို့ အကြင်နာတွေထားချင်သေးတာလဲ လိုမှ မလိုတော့တာ..၊
ရှင်းနေတာပဲ ဂရုမစိုက်ဘူး ဆိုကတည်းကအသုံးမဝင်တော့လို့ပေါ့ ဘာလို့ မေတ္တာတွေထားချင်သေးတာလဲ လိုမှ မလိုတော့တာ..၊
ရှင်းနေတာပဲ ခေါက်ထားတယ် ဆိုကတည်းက နောက်ဇယားရှာချင်လို့ပေါ့ ဘာလို့ မှောက်မှားချင်သေးတာလဲ လိုမှ မလိုတော့တာ..၊
ရှင်းနေတာပဲ မခေါ်တော့ဘူး ဆိုကတည်းက အပျော်တွဲချင်လို့ပေါ့ ဘာလို့ မျှော်ချင်သေးတာလဲ လိုမှ မလိုတော့တာ..၊
ရှင်းနေတာပဲ မလာတော့ဘူး ဆိုကတည်းက မသာယာနိုင်တော့လို့ပေါ့ ဘာလို့ ပြန်လာစေချင်သေးတာလဲ လိုမှ မလိုတော့တာ..၊
အနေဝေးလို့ဆိုတာ စကားမပြောရင်း မပြောရင်းကနေပဲ မပြောချင် ကြတော့ဘူး
မဆက်သွယ်ရင်း မဆက်သွယ်ရင်းကနေပဲ မဆက်သွယ်ချင်ကြတော့ဘူး..။
မတွေ့ရင်း မတွေ့ ရင်း ကနေပဲ မတွေ့ ချင် ကြတော့ဘူး မခေါ်ရင်း မခေါ်ရင်းကနေပဲ မခေါ်ဖြစ် ကြတော့ဘူး..။
မပြော ရင်း မပြောရင်းကနေပဲ မပြောဖြစ်ကြတော့ဘူး မသွားရင်းမသွားရင်း ကနေပဲ မရောက်ဖြစ်ကြတော့ဘူး..။
မေ့ထားရင်း မေ့ထား ရင်းကနေပဲ သတိမရကြတော့ဘူး
ဒီလိုနဲ့ပဲ ဝေးကွာခြင်း အစ သွေးအေးရာကနေပြီး အစ မသိခင်သူစိမ်းတစ်ယောက်လိုဘဲ ဖြစ်လာ ကြတယ်..။
တန်ဖိုးမထားလို့အလေးနက်မထားတာပါ သက်မဲ့ ပစ္စည်း တောင် ကိုယ် ကြိုက်လို့ နှစ်သက်မိတာဆို
အလုပ်မအား ရင်တောင် တစ်ခါလောက်တော့ ကိုင်တွယ်လို့ ကြည်မိ အမှတ်ထားမိမှာပါ..။
အနေဝေးလို့သွေးအေးတယ်ဆိုတာတကယ်ချစ်ကြတဲ့ သူတွေ တကယ်ခင်ကြတဲ့ သူတွေကြားမှာတော့ ရယ်စရာဟာသ ပျက်လုံး တစ်ခု ပါ..။
သွေးအေးလို့ သူစိမ်းဆန်သွားတယ်ဆိုတာ အစကထဲကကို ကိုယ်က သူ့တွက်နေရာ မရှိ ခဲ့ လို့ပါ …။ ဒါပါပဲ နေစမ်းပါ..။
ကိုယ့်မာနနဲ့ ကိုယ် ပျော်စမ်းပါ ကိုယ့်သာယာမှုနဲ့ ကိုယ် ရောလွန်းရင် ပေါသွားလိမ့်မယ် လွယ်လွန်းရင် တွယ်သွားလိမ့်မယ် ပေးလွန်းရင် အေးသွားလိမ့်မယ်..။
မိန်းကလေးတွေရဲ့သဘာဝက ခြေဖမိုးပေါ်ကို ကြွေကျတဲ့ပန်းတစ်ခက်ထက် အပင်ပေါ်မှာ ရှိနေတဲ့ပန်းတစ်ပွင့်ကိုပဲ ပိုစိတ်ဝင်စားကြတယ်..။
ယောက်ျားလေးတွေရဲ့သဘာဝက အဖုံးပွင့်ပြီးသား ရေသန့်တစ်ဗူးထက် အလုံပိတ်ထားတဲ့ ရေသန့်တစ်ဗူးကိုပဲပိုစိတ်ဝင်စားကြတယ်..။
ကိုယ့်တန်ဖိုးနဲ့ ကိုယ်နေ ကိုယ်နေတဲ့ အဆင့်အတန်းဆိုတာကိုယ့်ဘာသာမြှင့်မှပဲ မြင့်မှာမို့ပါစာဖတ်သူအားလုံးကျေးဇူးပါ..။
Credit