ေမ့ပစ္ျခင္းက ေပ်ာ္႐ႊင္မႈတစ္မ်ိဳး
လူ႕ဘဝဒီတစ္သက္
အလိုမက်တာေတြ အမ်ားႀကီးၾကဳံရတယ္။
မစစ္မွန္တဲ့လူေတြလည္း အမ်ားႀကီးဆုံရတယ္။
တကယ္လို႔ ဒါေတြကို စိတ္ထဲထည့္ထားရင္
ေပ်ာ္႐ႊင္ရဖို႔ ခက္တယ္။တကယ္လို႔ ဒါေတြကိုအၿငိဳးထားမုန္းေနရင္စိတ္ေအးခ်မ္းမွာ မဟုတ္ဘူး။
ေမ့ပစ္ဖို႔ကိုသင္ယူႏိုင္မွ ဘဝဟာေပါ့ပါးတယ္။
ေမ့ပစ္လိုက္တယ္ဆိုတာ တုံးအလို႔မဟုတ္ဘူး။ဒါဟာ အသိဉာဏ္ျဖစ္တယ္
ေမ့ပစ္လိုက္တယ္ဆိုတာ ေပ်ာ့ညံ့လို႔မဟုတ္ဘူး။ဒါဟာ သတၱိျဖစ္တယ္။
ေမ့ပစ္လိုက္တယ္ဆိုတာ အစြမ္းမ႐ွိလို႔မဟုတ္ဘူး။
ဒါဟာ အရည္အခ်င္းျဖစ္တယ္။ေမ့ပစ္လိုက္တယ္ဆိုတာ ဆုံး႐ႈံးတာမဟုတ္ဘူး။
ဒါဟာ အက်ိဳးေက်းဇူးျဖစ္တယ္။
လူဆိုတာ ဆုံးရႈံးရမြာပါပဲ။
ဘဝဆိုတာ နာက်င္ရမွာပါပဲ။
ေမ့ပစ္ျခင္းက ေဆးတစ္လက္ေပါ့။
သင့္ရဲ႕နာက်င္မႈကို သက္သာေစတယ္။
ဦးေႏွာက္ေျခာက္စရာေတြကို ဖယ္႐ွားေပးတယ္။
ေမ့ပစ္တတ္ဖို႔ သင္ယူတာဟာ အေကာင္းဆုံးက်င့္စဥ္တစ္မ်ိဳးျဖစ္တယ္။
လူတခ်ိဳ႕ မေပ်ာ္႐ႊင္ၾကရတာက
ကံဆိုးလြန္းလို႔မဟုတ္ဘူး။
သူတို႔ မွတ္ဉာဏ္သိပ္ေကာင္းလို႔ပါ။
ဦးေႏွာက္ေျခာက္စရာကိုလည္း မွတ္ထားတယ္။
နာက်င္စရာကိုလည္း မွတ္ထားတယ္။
ကိစၥေသးေသးမႊားမႊားလည္း မွတ္ထားတယ္။
နစ္နာတာကိုလည္း မွတ္ထားတယ္။
မစစ္မွန္သူကို တသသတမ္းတတယ္။
အဓိပၸာယ္မ႐ွိတာကို စြဲၿမဲထားတယ္။
လူတစ္ေယာက္ရဲ႕စိတ္ႏွလုံးက
အကန္႔အသတ္႐ွိပါတယ္။
ထည့္စရာခြက္တစ္ခုလိုေပါ့။
နာက်င္စရာကို ထည့္ထားရင္
ေပ်ာ္႐ႊင္စရာအတြက္ ေနရာမ႐ွိေတာ့ဘူး။
ဦးေႏွာက္ေျခာက္စရာကို ထည့္ထားရင္
စိတ္ခ်မ္းေျမ့စရာအတြက္ ေနရာမ႐ွိေတာ့ဘူး။
အမုန္းရန္ၿငိဳးကို ထည့္ထားရင္
ေက်းဇူးတရားအတြက္ ေနရာမ႐ွိေတာ့ဘူး။
လူရယ္လို႔ျဖစ္လာရင္
ေမ့ပစ္တတ္ဖို႔ကို သင္ယူရပါတယ္။
ရင္ဘတ္ နည္းနည္းက်ယ္ရတယ္။
စိတ္သေဘာထား နည္းနည္းျမင့္ရတယ္။
မစစ္မွန္သူကို ေမ့ပစ္တယ္။
မထိုက္တန္သူကို ေမ့ပစ္တယ္။
ေမ့ပစ္တတ္မွ ဒီေတာင္ကို ေက်ာ္ႏိုင္မွာျဖစ္တယ္၊
ေမ့ပစ္လိုက္မွ စိုးရိမ္ေသာကေတြကင္းတယ္။
ဘဝမွာ ႏိုးၾကားေနတဲ့အသိဉာဏ္မ်ိဳး လိုအပ္ပါတယ္။ဆူညံေႏွာင့္ယွက္မႈေတြကို ေခ်ဖ်က္ဖို႔၊
တဇြတ္ထိုးတတ္တဲ့ ကိုယ့္႐ႈေထာင့္ကို ထိန္းညႇိဖို႔၊
ဝမ္းနည္းနာက်င္မႈကို ဖယ္႐ွားဖို႔ႏိုးၾကားေနတဲ့အသိဉာဏ္မ်ိဳး လိုအပ္တယ္။
ဘဝလမ္းက ႐ွည္လ်ားပါတယ္။
ေမာပန္းႏြမ္းလ်ၿပီလို႔ ခံစားရရင္
ေခတၱခဏရပ္တန္႔ နားပါ၊
စိတ္ေမာၿပီလို႔ ခံစားရရင္
ေမ့ပစ္တတ္ဖို႔ကို ႀကိဳးစားပါ။
အဖိုးတန္တဲ့အခ်ိန္ေတြကို
အဓိပၸာယ္မ႐ွိတဲ့ေနရာေတြမွာ မသုံးျဖဳန္းပစ္ပါနဲ႔။
ဘဝမွာ ေတြ႕ၾကဳံရမယ့္အရာေတြက မ်ားပါတယ္။
ေမ့ပစ္သင့္တာကို ေမ့ပစ္ပါ။
ေမ့ပစ္ႏိုင္တာဟာလည္း ေပ်ာ္႐ႊင္ျခင္းတစ္မ်ိဳးပါပဲ။
ေရစက္ကုန္သြားတဲ့ သူငယ္ခ်င္းကို ေမ့ပစ္တယ္၊
ေပးဆပ္ေပမယ့္ တုံ႔ျပန္မႈမ႐ွိတဲ့
သံေယာဇဥ္ကို ေမ့ပစ္တယ္။
ပန္းပြင့္ ပန္းေႂကြတဲ့
ဦးေႏွာက္ေျခာက္စရာကို ေမ့ပစ္တယ္။
ဘာမွမတတ္ႏိုင္ေတာ့တဲ့
သက္ျပင္းခ်သံေတြကို ေမ့ပစ္တယ္။
မွတ္ဉာဏ္ထဲထည့္သိမ္းဖို႔ မသင့္တဲ့
အရာေတြကို ေမ့ပစ္တယ္။
လိုခ်င္တပ္မက္မႈေတြမ်ားရင္
ရလိုက္ ႐ႈံးလိုက္ သံသရာထဲကေန
ေလွ်ာက္လွမ္းထြက္ႏိုင္မွာ မဟုတ္ပါဘူး။
လက္လႊတ္တတ္ဖို႔ကို နားလည္မွ
ေမ့ပစ္တတ္ဖို႔ကို သင္ယူႏိုင္မွ
ေပ်ာ္႐ႊင္ျခင္းေတြကို ရ႐ွိႏိုင္မွာျဖစ္ပါတယ္။
Credit
Unicode
မေ့ပစ်ခြင်းက ပျော်ရွှင်မှုတစ်မျိုး
လူ့ဘဝဒီတစ်သက်
အလိုမကျတာတွေ အများကြီးကြုံရတယ်။
မစစ်မှန်တဲ့လူတွေလည်း အများကြီးဆုံရတယ်။
တကယ်လို့ ဒါတွေကို စိတ်ထဲထည့်ထားရင်
ပျော်ရွှင်ရဖို့ ခက်တယ်။တကယ်လို့ ဒါတွေကိုအငြိုးထားမုန်းနေရင်စိတ်အေးချမ်းမှာ မဟုတ်ဘူး။
မေ့ပစ်ဖို့ကိုသင်ယူနိုင်မှ ဘဝဟာပေါ့ပါးတယ်။
မေ့ပစ်လိုက်တယ်ဆိုတာ တုံးအလို့မဟုတ်ဘူး။ဒါဟာ အသိဉာဏ်ဖြစ်တယ်
မေ့ပစ်လိုက်တယ်ဆိုတာ ပျော့ညံ့လို့မဟုတ်ဘူး။ဒါဟာ သတ္တိဖြစ်တယ်။
မေ့ပစ်လိုက်တယ်ဆိုတာ အစွမ်းမရှိလို့မဟုတ်ဘူး။
ဒါဟာ အရည်အချင်းဖြစ်တယ်။မေ့ပစ်လိုက်တယ်ဆိုတာ ဆုံးရှုံးတာမဟုတ်ဘူး။
ဒါဟာ အကျိုးကျေးဇူးဖြစ်တယ်။
လူဆိုတာ ဆုံးရှုံးရမွာပါပဲ။
ဘဝဆိုတာ နာကျင်ရမှာပါပဲ။
မေ့ပစ်ခြင်းက ဆေးတစ်လက်ပေါ့။
သင့်ရဲ့နာကျင်မှုကို သက်သာစေတယ်။
ဦးနှောက်ခြောက်စရာတွေကို ဖယ်ရှားပေးတယ်။
မေ့ပစ်တတ်ဖို့ သင်ယူတာဟာ အကောင်းဆုံးကျင့်စဉ်တစ်မျိုးဖြစ်တယ်။
လူတချို့ မပျော်ရွှင်ကြရတာက
ကံဆိုးလွန်းလို့မဟုတ်ဘူး။
သူတို့ မှတ်ဉာဏ်သိပ်ကောင်းလို့ပါ။
ဦးနှောက်ခြောက်စရာကိုလည်း မှတ်ထားတယ်။
နာကျင်စရာကိုလည်း မှတ်ထားတယ်။
ကိစ္စသေးသေးမွှားမွှားလည်း မှတ်ထားတယ်။
နစ်နာတာကိုလည်း မှတ်ထားတယ်။
မစစ်မှန်သူကို တသသတမ်းတတယ်။
အဓိပ္ပာယ်မရှိတာကို စွဲမြဲထားတယ်။
လူတစ်ယောက်ရဲ့စိတ်နှလုံးက
အကန့်အသတ်ရှိပါတယ်။
ထည့်စရာခွက်တစ်ခုလိုပေါ့။
နာကျင်စရာကို ထည့်ထားရင်
ပျော်ရွှင်စရာအတွက် နေရာမရှိတော့ဘူး။
ဦးနှောက်ခြောက်စရာကို ထည့်ထားရင်
စိတ်ချမ်းမြေ့စရာအတွက် နေရာမရှိတော့ဘူး။
အမုန်းရန်ငြိုးကို ထည့်ထားရင်
ကျေးဇူးတရားအတွက် နေရာမရှိတော့ဘူး။
လူရယ်လို့ဖြစ်လာရင်
မေ့ပစ်တတ်ဖို့ကို သင်ယူရပါတယ်။
ရင်ဘတ် နည်းနည်းကျယ်ရတယ်။
စိတ်သဘောထား နည်းနည်းမြင့်ရတယ်။
မစစ်မှန်သူကို မေ့ပစ်တယ်။
မထိုက်တန်သူကို မေ့ပစ်တယ်။
မေ့ပစ်တတ်မှ ဒီတောင်ကို ကျော်နိုင်မှာဖြစ်တယ်၊
မေ့ပစ်လိုက်မှ စိုးရိမ်သောကတွေကင်းတယ်။
ဘဝမှာ နိုးကြားနေတဲ့အသိဉာဏ်မျိုး လိုအပ်ပါတယ်။ဆူညံနှောင့်ယှက်မှုတွေကို ချေဖျက်ဖို့၊
တဇွတ်ထိုးတတ်တဲ့ ကိုယ့်ရှုထောင့်ကို ထိန်းညှိဖို့၊
ဝမ်းနည်းနာကျင်မှုကို ဖယ်ရှားဖို့နိုးကြားနေတဲ့အသိဉာဏ်မျိုး လိုအပ်တယ်။
ဘဝလမ်းက ရှည်လျားပါတယ်။
မောပန်းနွမ်းလျပြီလို့ ခံစားရရင်
ခေတ္တခဏရပ်တန့် နားပါ၊
စိတ်မောပြီလို့ ခံစားရရင်
မေ့ပစ်တတ်ဖို့ကို ကြိုးစားပါ။
အဖိုးတန်တဲ့အချိန်တွေကို
အဓိပ္ပာယ်မရှိတဲ့နေရာတွေမှာ မသုံးဖြုန်းပစ်ပါနဲ့။
ဘဝမှာ တွေ့ကြုံရမယ့်အရာတွေက များပါတယ်။
မေ့ပစ်သင့်တာကို မေ့ပစ်ပါ။
မေ့ပစ်နိုင်တာဟာလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။
ရေစက်ကုန်သွားတဲ့ သူငယ်ချင်းကို မေ့ပစ်တယ်၊
ပေးဆပ်ပေမယ့် တုံ့ပြန်မှုမရှိတဲ့
သံယောဇဉ်ကို မေ့ပစ်တယ်။
ပန်းပွင့် ပန်းကြွေတဲ့
ဦးနှောက်ခြောက်စရာကို မေ့ပစ်တယ်။
ဘာမှမတတ်နိုင်တော့တဲ့
သက်ပြင်းချသံတွေကို မေ့ပစ်တယ်။
မှတ်ဉာဏ်ထဲထည့်သိမ်းဖို့ မသင့်တဲ့
အရာတွေကို မေ့ပစ်တယ်။
လိုချင်တပ်မက်မှုတွေများရင်
ရလိုက် ရှုံးလိုက် သံသရာထဲကနေ
လျှောက်လှမ်းထွက်နိုင်မှာ မဟုတ်ပါဘူး။
လက်လွှတ်တတ်ဖို့ကို နားလည်မှ
မေ့ပစ်တတ်ဖို့ကို သင်ယူနိုင်မှ
ပျော်ရွှင်ခြင်းတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
Credit