Love

ေနႏိုင္ေအာင္ ေနၿပီးတဲ့အခါမွ ျပန္ေပၚမလာပါနဲ႔ေတာ့

ေနႏိုင္ေအာင္ ေနၿပီးတဲ့အခါမွ ျပန္ေပၚမလာပါနဲ႔ေတာ့

ေဝးမယ္ဆိုရင္လည္း တစ္သက္လုံး ဘယ္ေတာ့မွမဆုံေအာင္ ေဝးၾကတာပဲ ေကာင္းပါတယ္။

မဟုတ္ရင္ အသားက်ေအာင္ေနခဲ့တဲ့ အခ်ိန္ေတြၿပီးမွ ျပန္ၿပီးေပၚလာခဲ့ရင္ ဒဏ္ရာေတြ အသစ္ျပန္ျဖစ္တာပဲ ပိုပါတယ္ …။

အရင္လိုျပန္မျဖစ္ႏိုင္ေတာ့တဲ့အခါ အရင္လိုျပန္ၿပီး ယုံၾကည္ဖို႔ရာက မလြယ္ေတာ့ဘူးေလ …။

ကိုယ့္အနားက မေပ်ာ္လို႔ ထြက္သြားခဲ့တာပဲေလ၊

ေရာက္ေလရာမွာ ေပ်ာ္ေပ်ာ္မေပ်ာ္ေပ်ာ္ အဆင္ေျပေအာင္ေနတာ ေကာင္းပါတယ္။

ခ်န္ထားခဲ့တုန္းကလည္း နာက်င္ခဲ့ရၿပီးၿပီ။ ထားမသြားပါနဲ႔ ဆိုၿပီး

မာနေတြလည္း ခ်နင္းခဲ့ၿပီးၿပီ။ ေနႏိုင္ေအာင္ ႀကိဳးစားခဲ့ၿပီးမွေတာ့ ျပန္ေပၚမလာေစခ်င္ေတာ့ပါဘူး …။

ခ်န္ထားခံရမယ့္ ကံဟာလည္း တစ္ခါဆိုလုံေလာက္သင့္ၿပီ ထင္ပါတယ္။

ေနာက္တစ္ေခါက္ျပန္လာၿပီးရင္ ကိုယ့္ထက္သာတဲ့သူ ထပ္႐ွိရင္ ေနာက္တစ္ေခါက္ထပ္ၿပီး က်န္ခဲ့အုံး မွာပဲေလ …။

ဘယ္အခ်ိန္ က်န္ခဲ့ရမလဲ ေတြးေၾကာက္ေနရတာထက္ စာရင္ ထပ္ၿပီး

မနီးစပ္ေတာ့တာဟာ အစြဲအလမ္းႀကီးတတ္တဲ့ ကိုယ့္အတြက္ အေကာင္းဆုံးေသာ အေျဖျဖစ္မွာပါေနာ္ …။

အဆင္ေျပမယ္ထင္လို႔ ဒီရင္ဘတ္ကို နင္းေခ်ခဲ့ဲၿပီးၿပီပဲ။

တျခားအရပ္မွာ ေပ်ာ္သည္ျဖစ္ေစ မေပ်ာ္ေတာ့ဘူးျဖစ္ေစ အဆင္ေျပသည္ျဖစ္ေစ

မေျပဘူးျဖစ္ေစ ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ ကိုယ္လို႔သာ ေျဖပါ။

ကိုယ္႐ွိတဲ့အရပ္ကိုေတာ့ ဘယ္ေတာ့မွ ျပန္လည့္မလာျခင္းျဖင့္ပဲ ကူညီေပးတာေကာင္းပါတယ္ …။

လုံေလာက္တာထက္ပိုၿပီး နာက်င္ခဲ့ရၿပီးသလို တစ္ခါေသးဖူးတဲ့ ကိုယ့္မွာ ပ်ဥ္ဖိုးေကာင္းေကာင္း နားလည္ေနပါၿပီ …။ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း

ေလးစားစြာျဖင့္ Credit

Unicode

နေနိုင်အောင် နေပြီးတဲ့အခါမှ ပြန်ပေါ်မလာပါနဲ့တော့

ဝေးမယ်ဆိုရင်လည်း တစ်သက်လုံး ဘယ်တော့မှမဆုံအောင် ဝေးကြတာပဲ ကောင်းပါတယ်။

မဟုတ်ရင် အသားကျအောင်နေခဲ့တဲ့ အချိန်တွေပြီးမှ ပြန်ပြီးပေါ်လာခဲ့ရင် ဒဏ်ရာတွေ အသစ်ပြန်ဖြစ်တာပဲ ပိုပါတယ် …။

အရင်လိုပြန်မဖြစ်နိုင်တော့တဲ့အခါ အရင်လိုပြန်ပြီး ယုံကြည်ဖို့ရာက မလွယ်တော့ဘူးလေ …။

ကိုယ့်အနားက မပျော်လို့ ထွက်သွားခဲ့တာပဲလေ၊

ရောက်လေရာမှာ ပျော်ပျော်မပျော်ပျော် အဆင်ပြေအောင်နေတာ ကောင်းပါတယ်။

ချန်ထားခဲ့တုန်းကလည်း နာကျင်ခဲ့ရပြီးပြီ။ ထားမသွားပါနဲ့ ဆိုပြီး

မာနတွေလည်း ချနင်းခဲ့ပြီးပြီ။ နေနိုင်အောင် ကြိုးစားခဲ့ပြီးမှတော့ ပြန်ပေါ်မလာစေချင်တော့ပါဘူး …။

ချန်ထားခံရမယ့် ကံဟာလည်း တစ်ခါဆိုလုံလောက်သင့်ပြီ ထင်ပါတယ်။

နောက်တစ်ခေါက်ပြန်လာပြီးရင် ကိုယ့်ထက်သာတဲ့သူ ထပ်ရှိရင် နောက်တစ်ခေါက်ထပ်ပြီး ကျန်ခဲ့အုံး မှာပဲလေ …။

ဘယ်အချိန် ကျန်ခဲ့ရမလဲ တွေးကြောက်နေရတာထက် စာရင် ထပ်ပြီး

မနီးစပ်တော့တာဟာ အစွဲအလမ်းကြီးတတ်တဲ့ ကိုယ့်အတွက် အကောင်းဆုံးသော အဖြေဖြစ်မှာပါနော် …။

အဆင်ပြေမယ်ထင်လို့ ဒီရင်ဘတ်ကို နင်းချေခဲဲ့ပြီးပြီပဲ။

တခြားအရပ်မှာ ပျော်သည်ဖြစ်စေ မပျော်တော့ဘူးဖြစ်စေ အဆင်ပြေသည်ဖြစ်စေ

မပြေဘူးဖြစ်စေ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်လို့သာ ဖြေပါ။

ကိုယ်ရှိတဲ့အရပ်ကိုတော့ ဘယ်တော့မှ ပြန်လည့်မလာခြင်းဖြင့်ပဲ ကူညီပေးတာကောင်းပါတယ် …။

လုံလောက်တာထက်ပိုပြီး နာကျင်ခဲ့ရပြီးသလို တစ်ခါသေးဖူးတဲ့ ကိုယ့်မှာ ပျဉ်ဖိုးကောင်းကောင်း နားလည်နေပါပြီ …။ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

လေးစားစွာဖြင့် Credit