ကိုယ့္ခ်စ္သူကို တစ္ခ်က္မ်က္ႏွာမညိဳးေစခ်င္တတ္တဲ့ ေကာင္ေလးေတြရဲ႕အျပဳအမူမ်ား
လူတစ္ေယာက္ကို ခ်စ္မိတဲ့အခါ သူ အနာတရေလး ျဖစ္သြားရင္
ကိုယ္က ရင္နာရတာကို ခ်စ္ဖူးသူတိုင္း သိၾကမွာပါ။
ဒီလိုမ်ိဳးခံစားခ်က္က ေကာင္မေလးေတြထက္ ေကာင္ေလးေတြမွာ ပိုပါတယ္။
ေကာင္ေလးေတြက ရင္ထဲမွာနင့္ေအာင္ ခ်စ္မိသြားတာနဲ႔
ကိုယ့္ခ်စ္သူကို အေပ်ာ္႐ႊင္ဆုံး ျဖစ္ေနေအာင္ပဲ ထားခ်င္တတ္ၾကပါတယ္။
ကိုယ့္ခ်စ္သူမ်က္ႏွာေလး ညိဳးသြားရင္ေတာင္ စိတ္မေကာင္းျဖစ္တတ္တဲ့ ေကာင္ေလးေတြမွာေတာ့ အခုလို အျပဳအမူေတြကို ေတြ႕ရမွာပါေနာ္ …။
(၁) ေတာင္းပန္ဖို႔ ဝန္မေလးဘူး
ကိုယ့္ခ်စ္သူကို တန္ဖိုးထားရတဲ့ ေကာင္ေလးေတြက ကိုယ္ အမွားလုပ္မိလို႔ ခ်စ္သူ စိတ္ဆိုးသြားရင္ မေနတတ္ၾကပါဘူး။
ခ်စ္သူက ကိုယ့္ကို စိတ္ဆိုးေနရၿပီး စိတ္ညစ္ေနရတာကိုလည္း မၾကည့္ရက္ၾကပါဘူး။
ဒါေၾကာင့္ အမွားေတြကို ဝန္ခံၿပီး ေတာင္းပန္တတ္ၾကပါတယ္။ ခ်စ္သူနဲ႔ ရန္ၿပိဳင္ျဖစ္တာမ်ိဳးကို ဘယ္ေတာ့မွ မလုပ္တတ္ၾကပါဘူး။
မေက်လည္ရင္ေတာင္ ေလသံေအးေအးနဲ႔ ႐ွင္းျပၿပီး ခ်စ္သူကို စိတ္ေျပေစတတ္တဲ့သူမ်ိဳး ျဖစ္ပါတယ္ …။
(၂) ကိုယ့္ခ်စ္သူသေဘာကို လိုက္ေလ်ာတယ္
အရမ္းခ်စ္ရတဲ့အခါ ဘာမဆို ခ်စ္တဲ့သူကိုပဲ ဦးစားေပးတတ္ၾကပါတယ္။
ေကာင္ေလးေတြကေတာ့ သူတို႔ တကယ္ ခ်စ္မိသြားတဲ့အခါ ဘာပဲလုပ္လုပ္ ေကာင္မေလးရဲ႕သေဘာက ပထမ ျဖစ္ေနတတ္ပါတယ္။
ဒါေၾကာင့္ အလုပ္ေတြလည္း တိုင္ပင္သင့္တာ တိုင္ပင္သလို အဝတ္ကိုေတာင္မွ ေကာင္မေလးက ေ႐ြးခ်ယ္ေပးတာမ်ိဳးကို ပိုၿပီး ဝတ္ဆင္တတ္ၾကပါတယ္ …။
(၃) ခ်စ္သူဘာႀကိဳက္လဲဆိုတာ သိတယ္
ကိုယ့္ခ်စ္သူကို အရိပ္တၾကည့္ၾကည့္ ၾကည့္ေနတတ္တာ ခ်စ္တတ္တဲ့ ေကာင္ေလးေတြရဲ႕ အက်င့္ပါပဲ။
ဒါေၾကာင့္ ခ်စ္သူ ဘယ္ေတြ သြားရတာ ႀကိဳက္တယ္၊ ဘာေတြ လုပ္ရတာ ႀကိဳက္တယ္ဆိုတာကို သူတို႔က သိေနၾကပါတယ္။
ဒါက တကူးတက ေလ့လာတာ မဟုတ္ဘဲ ၾကည့္ပါ ျမင္ပါမ်ားရင္း သတိထားမိၿပီး စိတ္ထဲ ေရာက္သြားၾကတာမ်ိဳးပဲ ျဖစ္ပါတယ္ …။
(၄) အခ်ိန္ေပးတယ္
ခ်စ္သူ ထားတယ္ဆိုတည္းက သူ႕အလုပ္လည္း သူလုပ္၊
ကိုယ့္အလုပ္လည္း ကိုယ္လုပ္ဆိုေပမယ့္ အခ်ိန္ေပးဖို႔ကို ေခါင္းထဲ ထည့္ထားတတ္တာ ခ်စ္တတ္တဲ့သူေတြပါပဲ။
ကိုယ့္ခ်စ္သူနဲ႔ ညစာ အတူစားဖို႔၊ ဒိတ္ဖို႔၊ အတူသြားလာဖို႔၊
အဆင္မေျပတဲ့အခါ စကားေတြ နားေထာင္ေပးဖို႔ ဘယ္ေတာ့မွ ဝန္မေလးတဲ့ သူေတြလည္း ျဖစ္ပါတယ္ …။
(၅) တသားတည္းလို႔ ေတြးတယ္
ခ်စ္သူကို သူစိမ္းလို႔ မစဥ္းစားတတ္တာကလည္း ခ်စ္တတ္တဲ့ ေကာင္ေလးေတြပါပဲ။
ကိုယ္ခ်စ္ရတဲ့သူဟာ ကိုယ့္ရဲ႕ မိသားစုလိုမ်ိဳး ကိုယ္နဲ႔ တသားတည္း ျဖစ္တဲ့သူလို႔ေတြးၿပီး
အဆင္မေျပလည္း အတူတူ၊ အဆင္ေျပလည္း အတူတူ ျဖတ္သန္းတတ္ၾကပါတယ္။
သူ႕အခက္အခဲေတြကို ကူေျဖ႐ွင္းဖို႔ ကိုယ့္မွာလည္း တာဝန္႐ွိတယ္လို႔ ေတြးထားတတ္ၾကတာပဲ ျဖစ္ပါတယ္ …။ ။
Credit
Unicode
ကိုယ့်ချစ်သူကို တစ်ချက်မျက်နှာမညိုးစေချင်တတ်တဲ့ ကောင်လေးတွေရဲ့အပြုအမူများ
လူတစ်ယောက်ကို ချစ်မိတဲ့အခါ သူ အနာတရလေး ဖြစ်သွားရင်
ကိုယ်က ရင်နာရတာကို ချစ်ဖူးသူတိုင်း သိကြမှာပါ။
ဒီလိုမျိုးခံစားချက်က ကောင်မလေးတွေထက် ကောင်လေးတွေမှာ ပိုပါတယ်။
ကောင်လေးတွေက ရင်ထဲမှာနင့်အောင် ချစ်မိသွားတာနဲ့
ကိုယ့်ချစ်သူကို အပျော်ရွှင်ဆုံး ဖြစ်နေအောင်ပဲ ထားချင်တတ်ကြပါတယ်။
ကိုယ့်ချစ်သူမျက်နှာလေး ညိုးသွားရင်တောင် စိတ်မကောင်းဖြစ်တတ်တဲ့ ကောင်လေးတွေမှာတော့ အခုလို အပြုအမူတွေကို တွေ့ရမှာပါနော် …။
(၁) တောင်းပန်ဖို့ ဝန်မလေးဘူး
ကိုယ့်ချစ်သူကို တန်ဖိုးထားရတဲ့ ကောင်လေးတွေက ကိုယ် အမှားလုပ်မိလို့ ချစ်သူ စိတ်ဆိုးသွားရင် မနေတတ်ကြပါဘူး။
ချစ်သူက ကိုယ့်ကို စိတ်ဆိုးနေရပြီး စိတ်ညစ်နေရတာကိုလည်း မကြည့်ရက်ကြပါဘူး။
ဒါကြောင့် အမှားတွေကို ဝန်ခံပြီး တောင်းပန်တတ်ကြပါတယ်။ ချစ်သူနဲ့ ရန်ပြိုင်ဖြစ်တာမျိုးကို ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။
မကျေလည်ရင်တောင် လေသံအေးအေးနဲ့ ရှင်းပြပြီး ချစ်သူကို စိတ်ပြေစေတတ်တဲ့သူမျိုး ဖြစ်ပါတယ် …။
(၂) ကိုယ့်ချစ်သူသဘောကို လိုက်လျောတယ်
အရမ်းချစ်ရတဲ့အခါ ဘာမဆို ချစ်တဲ့သူကိုပဲ ဦးစားပေးတတ်ကြပါတယ်။
ကောင်လေးတွေကတော့ သူတို့ တကယ် ချစ်မိသွားတဲ့အခါ ဘာပဲလုပ်လုပ် ကောင်မလေးရဲ့သဘောက ပထမ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် အလုပ်တွေလည်း တိုင်ပင်သင့်တာ တိုင်ပင်သလို အဝတ်ကိုတောင်မှ ကောင်မလေးက ရွေးချယ်ပေးတာမျိုးကို ပိုပြီး ဝတ်ဆင်တတ်ကြပါတယ် …။
(၃) ချစ်သူဘာကြိုက်လဲဆိုတာ သိတယ်
ကိုယ့်ချစ်သူကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်တာ ချစ်တတ်တဲ့ ကောင်လေးတွေရဲ့ အကျင့်ပါပဲ။
ဒါကြောင့် ချစ်သူ ဘယ်တွေ သွားရတာ ကြိုက်တယ်၊ ဘာတွေ လုပ်ရတာ ကြိုက်တယ်ဆိုတာကို သူတို့က သိနေကြပါတယ်။
ဒါက တကူးတက လေ့လာတာ မဟုတ်ဘဲ ကြည့်ပါ မြင်ပါများရင်း သတိထားမိပြီး စိတ်ထဲ ရောက်သွားကြတာမျိုးပဲ ဖြစ်ပါတယ် …။
(၄) အချိန်ပေးတယ်
ချစ်သူ ထားတယ်ဆိုတည်းက သူ့အလုပ်လည်း သူလုပ်၊
ကိုယ့်အလုပ်လည်း ကိုယ်လုပ်ဆိုပေမယ့် အချိန်ပေးဖို့ကို ခေါင်းထဲ ထည့်ထားတတ်တာ ချစ်တတ်တဲ့သူတွေပါပဲ။
ကိုယ့်ချစ်သူနဲ့ ညစာ အတူစားဖို့၊ ဒိတ်ဖို့၊ အတူသွားလာဖို့၊
အဆင်မပြေတဲ့အခါ စကားတွေ နားထောင်ပေးဖို့ ဘယ်တော့မှ ဝန်မလေးတဲ့ သူတွေလည်း ဖြစ်ပါတယ် …။
(၅) တသားတည်းလို့ တွေးတယ်
ချစ်သူကို သူစိမ်းလို့ မစဉ်းစားတတ်တာကလည်း ချစ်တတ်တဲ့ ကောင်လေးတွေပါပဲ။
ကိုယ်ချစ်ရတဲ့သူဟာ ကိုယ့်ရဲ့ မိသားစုလိုမျိုး ကိုယ်နဲ့ တသားတည်း ဖြစ်တဲ့သူလို့တွေးပြီး
အဆင်မပြေလည်း အတူတူ၊ အဆင်ပြေလည်း အတူတူ ဖြတ်သန်းတတ်ကြပါတယ်။
သူ့အခက်အခဲတွေကို ကူဖြေရှင်းဖို့ ကိုယ့်မှာလည်း တာဝန်ရှိတယ်လို့ တွေးထားတတ်ကြတာပဲ ဖြစ်ပါတယ် …။ ။
Credit