Love

ခ်စ္သူေကာင္းျဖစ္႐ုံ နဲ႔ ခင္ပြန္းေကာင္းျဖစ္ႏိူင္ၿပီလား

ခ်စ္သူေကာင္းျဖစ္႐ုံ နဲ႔ ခင္ပြန္းေကာင္းျဖစ္ႏိူင္ၿပီလား

ခ်စ္လို႔အရာရာကို အေလ်ာ့ေပးတတ္တဲ့အခ်ိန္ဆိုတာ ခ်စ္သူဘဝ သာယာခ်ိန္ေလးပဲ႐ွိတာပါ။

ခ်စ္သူသက္တမ္းၾကာလာတာနဲ႔အမွ် ေျပာင္းလဲမႈေတြတျဖည္းျဖည္းစလာပါလိမ့္မယ္။

အခ်စ္စစ္ဆိုတာ တကယ္မ႐ွိဘူးလို႔ မဆိုလိုပါဘူး။႐ွိေတာ့႐ွိတယ္႐ွားပါတယ္။

ခ်စ္သူဘဝမွာေတာင္ ခ်စ္သူေကာင္းမပီသႏိူင္တဲ့ ေယာက်္ားတစ္ေယာက္ကို

အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္မိခဲ့တဲ့မိန္းမသားဆိုတာ ေလာကမွာကံအဆိုးဆုံးသူပဲျဖစ္ေနမွာပါ။

အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် သူ႕အေၾကာင္းကိုယ္သိ၊ကိုယ့္အေၾကာင္းသူသိခဲ့ၿပီပဲ

ဘယ္အရာေတြကိုအေလ်ာ့ေပးၿပီး

ဘယ္အရာေတြမွာတင္းရမလဲဆိုတာ ခ်စ္သူအခ်င္းခ်င္းညႇိႏိႈင္းလို႔ရတဲ့အေျခအေနတစ္ခုပါ။

သို႔ေပမယ့္အခ်ိန္ေတြသာၾကာသြားခဲ့တယ္ကိုယ့္ဘက္ကပဲအရာရာကိုအေလ်ာ့ေပးခဲ့တာမ်ိဳး၊

နားလည္ေပးခဲ့တာေတြမ်ားေနခဲ့လွ်င္ေတာ့

ဘယ္ေလာက္ထိခ်စ္ေနပါေစေနာက္ဆုတ္ဖို႔အခ်ိန္ေတြ႐ွိေသးတဲ့အတြက္စဥ္းစားေစခ်င္ပါတယ္။

ခ်စ္သူေကာင္းျဖစ္႐ုံနဲ႔အိမ္ေထာင္ဖက္ေကာင္းမျဖစ္ႏိူင္သလို

႐ုပ္ေခ်ာၿပီးဝင္ေငြေကာင္းေကာင္း႐ွာႏိူင္တဲ့ ေယာက်္ားတိုင္းကို အိမ္ေထာင္ဖက္ေကာင္းလို႔မေတြးေစခ်င္ဘူး။

သစၥာ၊ေမတၱာ၊နားလည္ႏိူင္မႈေတြ မ႐ွိရင္အိမ္ေထာင္ဆိုတာ လြတ္ရက္မ႐ွိ ေထာင္တစ္ခုလိုပဲေခ်ာင္ပိတ္မိေနပါလိမ့္မည္။

ဒါေၾကာင့္အိမ္ေထာင္ျပဳ၊ဘုရားတည္၊ေဆးမွင္ရည္စုတ္ထိုး

ဤသုံးသုံးခ်က္မပိုင္လွ်င္ေနာင္ျပင္ရန္ခက္သည့္အမ်ိဳးဆိုတဲ့ ဆို႐ိုးစကားအတိုင္း

ေနာင္တေတြနဲ႔ဘဝကိုမျဖတ္သန္းခ်င္လွ်င္ မိမိရဲ႕ခ်စ္သူက အနာဂတ္ရဲ႕ခင္ပြန္းေကာင္း ျဖစ္ႏိူင္၊မျဖစ္ႏိူင္ကို

ဘဝတစ္ေလွ်ာက္လုံးလက္တြဲသြားရမယ့္မိမိကိုယ္တိုင္ မိမိရဲ႕စိတ္ကိုမညာစတမ္းေဝဖန္သုံးသပ္ေ႐ြးခ်ယ္မမွားဖို႔လိုအပ္ပါတယ္။

Credit

Unicode

ချစ်သူကောင်းဖြစ်ရုံ နဲ့ ခင်ပွန်းကောင်းဖြစ်နိူင်ပြီလား

ချစ်လို့အရာရာကို အလျော့ပေးတတ်တဲ့အချိန်ဆိုတာ ချစ်သူဘဝ သာယာချိန်လေးပဲရှိတာပါ။

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေတဖြည်းဖြည်းစလာပါလိမ့်မယ်။

အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ မဆိုလိုပါဘူး။ရှိတော့ရှိတယ်ရှားပါတယ်။

ချစ်သူဘဝမှာတောင် ချစ်သူကောင်းမပီသနိူင်တဲ့ ယောက်ျားတစ်ယောက်ကို

အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိခဲ့တဲ့မိန်းမသားဆိုတာ လောကမှာကံအဆိုးဆုံးသူပဲဖြစ်နေမှာပါ။

အချိန်တွေ ကြာလာတာနဲ့အမျှ သူ့အကြောင်းကိုယ်သိ၊ကိုယ့်အကြောင်းသူသိခဲ့ပြီပဲ

ဘယ်အရာတွေကိုအလျော့ပေးပြီး

ဘယ်အရာတွေမှာတင်းရမလဲဆိုတာ ချစ်သူအချင်းချင်းညှိနှိုင်းလို့ရတဲ့အခြေအနေတစ်ခုပါ။

သို့ပေမယ့်အချိန်တွေသာကြာသွားခဲ့တယ်ကိုယ့်ဘက်ကပဲအရာရာကိုအလျော့ပေးခဲ့တာမျိုး၊

နားလည်ပေးခဲ့တာတွေများနေခဲ့လျှင်တော့

ဘယ်လောက်ထိချစ်နေပါစေနောက်ဆုတ်ဖို့အချိန်တွေရှိသေးတဲ့အတွက်စဉ်းစားစေချင်ပါတယ်။

ချစ်သူကောင်းဖြစ်ရုံနဲ့အိမ်ထောင်ဖက်ကောင်းမဖြစ်နိူင်သလို

ရုပ်ချောပြီးဝင်ငွေကောင်းကောင်းရှာနိူင်တဲ့ ယောက်ျားတိုင်းကို အိမ်ထောင်ဖက်ကောင်းလို့မတွေးစေချင်ဘူး။

သစ္စာ၊မေတ္တာ၊နားလည်နိူင်မှုတွေ မရှိရင်အိမ်ထောင်ဆိုတာ လွတ်ရက်မရှိ ထောင်တစ်ခုလိုပဲချောင်ပိတ်မိနေပါလိမ့်မည်။

ဒါကြောင့်အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမှင်ရည်စုတ်ထိုး

ဤသုံးသုံးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတဲ့ ဆိုရိုးစကားအတိုင်း

နောင်တတွေနဲ့ဘဝကိုမဖြတ်သန်းချင်လျှင် မိမိရဲ့ချစ်သူက အနာဂတ်ရဲ့ခင်ပွန်းကောင်း ဖြစ်နိူင်၊မဖြစ်နိူင်ကို

ဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ့်မိမိကိုယ်တိုင် မိမိရဲ့စိတ်ကိုမညာစတမ်းဝေဖန်သုံးသပ်ရွေးချယ်မမှားဖို့လိုအပ်ပါတယ်။

Credit