Lifestyle












Credit

Unicode

ကိုယ့်ဘဝသာယာဖို့ သူတစ်ပါးဘဝကို ဖြန့်ခင်းလိုက်ဖို့ လိုသလား

ပန်းတစ်ပွင့်ပိုလှဖို့တခြားပန်းတွေ မြေခကြွေကျပေးဖို့လိုသလား?

ကိုယ့်ဘဝသာယာဖို့သူတစ်ပါးဘဝကို ဖြန့်ခင်းလိုက်ဖို့လိုသလား?

ကိုယ့်ဘဝမြင့်မားဖို့သူတစ်ပါးဘဝကိုနင်းတက်ဖို့လိုသလား?

ကိုယ့်ဘဝထင်ပေါ်ဖို့သူတစ်ပါးဘဝကို ပုတ်ခတ်နေဖို့လိုသလား?

တစ်ကယ်ဆိုကိုယ့်ဘဝ သာယာဖို့,မြင့်မားဖို့,ထင်ပေါ်နေဖို့ရာ

သူတစ်ပါးကိုချနင်းဖြန့်ခင်းပုတ်ခတ်နေဖို့မလိုပါဘူး။

ကိုယ်ကကိုယ်,သူကသူမို့ ကိုယ့်အတ္တနဲ့ယှဉ်ပြီး

ဖြစ်ပေါ်လာတဲ့စိတ်ယုတ်တွေကို ရင်ထဲကမောင်းထုတ်လိုက်ပါ။

ပန်းတစ်ပွင့်ပိုလှဖို့တခြားပန်းတွေ မြေခကြွေကျပေးဖို့လိုသလား?

Credit