Knowledge

























Unicode

ဒီစာစုလေးဟာ ခဗျားတို့ကို ကောင်းကောင်းသင်ခန်းစာပေးနိုင်မှာပါ

မြွေဟောက် တစ်ကောင်က ကျွန်တော့်ကိုပြောတယ်

“ငါကလျှင်မြန်တယ်အဆိပ်ရှိတယ်ငါ့ကို လူတွေကြောက်ကြတယ်” တဲ့

ကျွန်တော်သူ့ကို အရမ်းအားကျမိတယ်သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်

နောက်နေ့မှာ ကျွန်တော် မြွေပွေး တစ်ကောင်နဲ့တွေ့တယ်မြွေပွေးက ကျွန်တော့်ကိုပြောတယ်

“ငါက တည်ငြိမ်တယ်ငါ့ဟာငါ အေးဆေးနေတယ် ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး

ဒါပေမယ့် ငါ့ကို တော့ လာမထိနဲ့ ယင်ကောင်တောင် အလွတ်မပေးဘူး” တဲ့

ကျွန်တော် သူ့ကို အရမ်းလေးစားမိတယ်ကျွန်တော် သူ့လို တည်တည်ငြိမ်ငြိမ် နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်

နောက်တစ်ရက်မှာ ကျွန်တော် ရေမြွေ တစ်ကောင်နဲ့ တွေ့တယ်ရေမြွေက ကျွန်တော့ကို ပြောတယ်

“ငါက အဆိပ်မရှိဘူးပျော်ပျော်ပဲနေတတ်တယ်ငါ့ကို လာရန်စ ရင်လည်း ငါဘာမှမတုန့်ပြန်ဘူး

ငါ့မှာ အဆိပ်မရှိမှန်းသိတော့ ဘယ်သူမှ ငါ့ကို မလေးစားကြဘူးငါ့ကို ဟာသ တစ်ကောင်အဖြစ်ပဲ လူတွေ သဘောထားကြတယ်” တဲ့

ကျွန်တော် သူ့ကို စိတ်အရမ်းပျက်မိတယ်အဆိပ်မရှိတဲ့ မြွေတစ်ကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျပါ့မလဲ

ကျွန်တော်သူ့ကို အထင်သေးတယ်အတုမယူ ထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်…

ဒီအဖြစ်အပျက်တွေဖြစ်ပြီး ဆယ်ရက်လောက်ကြာတော့ ကျွန်တော် လယ်သမား ကြီး တစ်ဦးနဲ့ တွေ့တယ်

သူ့ရဲ့ ပလိုင်းထဲမွာမြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော်လေးစားရ တဲ့ မြွေပွေး နဲ့ မြွေဟောက်ဖြစ်နေတယ်

ကျွန်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ်

” ငါ့လယ်ထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွငါသူတို့ကို မသတ်ချင်ပါဘူးဒါပေမယ့်ကွာ

ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေဆိုတော့ လူတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်…

ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ…ကျန်တဲ့တစ်ကောင်ကတော့ ဘာအဆိပ်မှရှိတဲ့ အကောင် မလို့ သတ်စရာ မလိုဘူးပေါ့ကွာ…” တဲ့…

ကျွန်တော် နောင်တ တစ်ခုရလိုက်သလိုအသိတရား တစ်ခုလည်း ရလိုက်တယ်”လောက မှာ အဆိပ်မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး”

ဆိုတာကိုအဲ့ နေ့က စပြီး ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်…

” ကိုယ့်ခန္တာ မှာရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီးငြိမ်းချမ်းတဲ့ ဘဝလွတ်လပ်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့နဲ့ကြုံလာသမျှ အတိုက်အခိုက်ကို အပြုံးနဲ့ပဲတုန့်ပြန်ဖို့ပါ”

ဒီစာလေးစု သင့်အတွက်အကျိုးဖြစ်တယ်ဆိုရင် Like and Shareပြုလုပ်သွားဖို့မမေ့နဲ့နော်။