အခ်စ္ေရးတြင္ လူေ႐ြးမွားၿပီဟု သိသာေစနိင္ေသာ အခ်က္ေလးမ်ား
ခ်စ္သူေ႐ြးၾကတဲ့ အခါ ဘယ္လို စံႏႈန္းေတြနဲ႔ ေ႐ြးၾကမွာ လဲ။
တစ္ေယာက္ခ်င္းစီရဲ႕ ideal type ေတြက မတူၾကေပမယ့္ အခ်စ္ေရး ကံေကာင္းခ်င္ၾကတာကေတာ့ လူတိုင္းပါ။
ဒီတစ္ေခါက္မွာေတာ့ ပ်ိဳေမတို႔အေနနဲ႔ အခ်စ္ေရးမွာ လူေ႐ြးမွားေနၿပီဆိုတာ သိႏိုင္မယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
(၁) သင္လုပ္သမွ်အရာရာကို အဆိုးဘက္က ေဝဖန္တတ္တယ္
သင္ဝတ္ထားတဲ့ အဝတ္အစား ပုံံစံကအစ၊ သင္ေ႐ြးခ်ယ္တဲ့ ဂီတ၊ ႐ုပ္႐ွင္အလယ္၊
သင့္ကိုယ္ရည္ကိုယ္ေသြးနဲ႔ ဆိုင္တာေတြအဆုံး သူ႕အျမင္မွာ အျပစ္တင္စရာ တစ္ခုမဟုတ္ တစ္ခု ႐ွိေနတယ္။
ၿပီးေတာ့ ကိုယ့္ရဲ႕အရာရာကို အဆိုးဘက္က ေဝဖန္ေနတတ္တယ္ဆိုရင္
သင့္အေနနဲ႔ လူေ႐ြးမမွားဘူး ဆိုရင္ေတာင္ မွန္ေတာ့ မမွန္ပါဘူးလို႔ ေျပာရ မွာပါ။
(၂) စကားေျပာမွားသြားမွာ အၿမဲ စိုးရိမ္ေန ရတယ္
တခါတရံ ကိုယ္ခ်စ္တဲ့ သူနဲ႔ ေျပာေနတာမွ ဟုတ္ရဲ႕လားလို႔ေတာင္ ေတြးမိတဲ့ အထိပါပဲ။
ကိုယ္ေျပာလိုက္တဲ့စကားေၾကာင့္ ႏွစ္ေယာက္သား ျပႆနာတက္ ရမွာကို စိုးရိမ္ရတဲ့သူက အၿမဲကိုယ္ပဲ ျဖစ္ေနၿပီး
စကားမွားသြားမွာကို စိတ္ပူေန ရတာမ်ိဳးေပါ့။ ဒါဆိုရင္ေတာ့ သင့္လက္႐ွိ အခ်စ္ေရး အေနအထားက စိတ္မေကာင္းစရာပါပဲ။
(၃) သင္ေျပာတဲ့စကားေတြကို နားေထာင္ဖို႔ဘယ္ေတာ့မွစိတ္မ႐ွည္ဘူး
နားေထာင္ျခင္းက ခ်စ္ျခင္းရဲ႕ ျပယုဂ္ တစ္ခုပါ။ တကယ္ခ်စ္တဲ့သူ တစ္ေယာက္က
ကိုယ့္ခ်စ္သူေျပာတာေတြကို စိတ္႐ွည္လက္႐ွည္ နားေထာင္ ခ်င္ၾကၿပီး ေျပာတဲ့ အေၾကာင္းအရာေတြ
ကိုလည္း ၿပီးၿပီးေရာ နားေထာင္တာမ်ိဳး မဟုတ္ဘဲ စိတ္ဝင္ တစားနားေထာင္ တာမ်ိဳးပါ။
ကိုယ္ေျပာတာေတြကိုေတာင္ ေကာင္းေကာင္း နားမေထာင္ေပးတတ္ တဲ့သူက
ကိုယ့္အတြက္ လက္တြဲေဖာ္ေကာင္းတစ္ေယာက္ ျဖစ္ပါ့ မလား ဆိုတာ စဥ္းစားစရာ ပါ။
(၄) မေပ်ာ္႐ႊင္ရဘူး
ေပ်ာ္ခ်င္႐ုံံသက္သက္နဲ႔ ခ်စ္သူ ထားတာေတာ့ မဟုတ္ပါဘူး။
ဒါေပမယ့္ ကိုယ္တည္ေဆာက္ လိုက္တဲ့ အခ်စ္ေရးက ေပ်ာ္စရာေကာင္းေန တာမ်ိဳးေတာ့ လူတိုင္းလိုခ်င္တာေပါ့။
ကိုယ့္ဘာကိုယ္ ေနတာအေကာင္း၊ အခ်စ္႐ွိလာမွ စိတ္ညစ္စရာႀကီး ျဖစ္သြားတယ္ဆိုရင္ေတာ့ ဒါတစ္ခုခု မွားေနပါၿပီ။
အခ်စ္ေၾကာင့္ ဘဝက ပိုေပ်ာ္ဖို႔ ေကာင္းသြားတာ၊ ပိုျပည့္စုံ သြားတာ မ်ိဳးပဲျဖစ္သင့္တာပါ။
(၅) ျပႆနာျဖစ္တိုင္း သူမွားတယ္ဆိုတာမ႐ွိဘူး
ႏွစ္ေယာက္ၾကားမွာ ဘာပဲျဖစ္ျဖစ္ သူ႕အမွား တစ္ခုမွမ႐ွိဘူး၊ အကုန္ကိုယ့္ အမွားခ်ည္းပဲ။
ကိုယ့္ေၾကာင့္ပဲ ဒီျပႆနာေတြ ျဖစ္ရတယ္ ဆိုတာမ်ိဳး အၿမဲ လုပ္တတ္ ပါတယ္။
သင့္ခ်စ္သူက အရာရာ သင့္အမွားေတြခ်ည္းပဲျဖစ္ေအာင္ ေျပာတတ္တဲ့ သူမ်ိဳး ဆိုရင္ေတာ့ ေသခ်ာတယ္၊ သင္လူေ႐ြးမွားေန ပါၿပီ။
(၆) သင့္ကိုျပဳျပင္ဖို႔ႀကိဳးစားေနတယ္
သင့္ကို ေကာင္းေစခ်င္လို႔၊ ခ်စ္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သင့္ရဲ႕အရာရာကို ျပဳျပင္ဖို႔ ႀကိဳးစားေနတာမ်ိဳးေပါ့။
သင့္ကို တကယ္ခ်စ္တဲ့ သူက သင့္ရဲ႕ နဂိုပုံစံကို ျပဳျပင္ဖို႔ ႀကိဳးစားမွာ မဟုတ္ပါဘူး။
Credit
Unicode
အချစ်ရေးတွင် လူရွေးမှားပြီဟု သိသာစေနိင်သော အချက်လေးများ
ချစ်သူရွေးကြတဲ့ အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာ လဲ။
တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။
ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ်
သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊
သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်တာတွေအဆုံး သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။
ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင်
သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ။
(၂) စကားပြောမှားသွားမှာ အမြဲ စိုးရိမ်နေ ရတယ်
တခါတရံ ကိုယ်ချစ်တဲ့ သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။
ကိုယ်ပြောလိုက်တဲ့စကားကြောင့် နှစ်ယောက်သား ပြဿနာတက် ရမှာကို စိုးရိမ်ရတဲ့သူက အမြဲကိုယ်ပဲ ဖြစ်နေပြီး
စကားမှားသွားမှာကို စိတ်ပူနေ ရတာမျိုးပေါ့။ ဒါဆိုရင်တော့ သင့်လက်ရှိ အချစ်ရေး အနေအထားက စိတ်မကောင်းစရာပါပဲ။
(၃) သင်ပြောတဲ့စကားတွေကို နားထောင်ဖို့ဘယ်တော့မှစိတ်မရှည်ဘူး
နားထောင်ခြင်းက ချစ်ခြင်းရဲ့ ပြယုဂ် တစ်ခုပါ။ တကယ်ချစ်တဲ့သူ တစ်ယောက်က
ကိုယ့်ချစ်သူပြောတာတွေကို စိတ်ရှည်လက်ရှည် နားထောင် ချင်ကြပြီး ပြောတဲ့ အကြောင်းအရာတွေ
ကိုလည်း ပြီးပြီးရော နားထောင်တာမျိုး မဟုတ်ဘဲ စိတ်ဝင် တစားနားထောင် တာမျိုးပါ။
ကိုယ်ပြောတာတွေကိုတောင် ကောင်းကောင်း နားမထောင်ပေးတတ် တဲ့သူက
ကိုယ့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်ပါ့ မလား ဆိုတာ စဉ်းစားစရာ ပါ။
(၄) မပျော်ရွှင်ရဘူး
ပျော်ချင်ရုံသက်သက်နဲ့ ချစ်သူ ထားတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ကိုယ်တည်ဆောက် လိုက်တဲ့ အချစ်ရေးက ပျော်စရာကောင်းနေ တာမျိုးတော့ လူတိုင်းလိုချင်တာပေါ့။
ကိုယ့်ဘာကိုယ် နေတာအကောင်း၊ အချစ်ရှိလာမှ စိတ်ညစ်စရာကြီး ဖြစ်သွားတယ်ဆိုရင်တော့ ဒါတစ်ခုခု မှားနေပါပြီ။
အချစ်ကြောင့် ဘဝက ပိုပျော်ဖို့ ကောင်းသွားတာ၊ ပိုပြည့်စုံ သွားတာ မျိုးပဲဖြစ်သင့်တာပါ။
(၅) ပြဿနာဖြစ်တိုင်း သူမှားတယ်ဆိုတာမရှိဘူး
နှစ်ယောက်ကြားမှာ ဘာပဲဖြစ်ဖြစ် သူ့အမှား တစ်ခုမှမရှိဘူး၊ အကုန်ကိုယ့် အမှားချည်းပဲ။
ကိုယ့်ကြောင့်ပဲ ဒီပြဿနာတွေ ဖြစ်ရတယ် ဆိုတာမျိုး အမြဲ လုပ်တတ် ပါတယ်။
သင့်ချစ်သူက အရာရာ သင့်အမှားတွေချည်းပဲဖြစ်အောင် ပြောတတ်တဲ့ သူမျိုး ဆိုရင်တော့ သေချာတယ်၊ သင်လူရွေးမှားနေ ပါပြီ။
(၆) သင့်ကိုပြုပြင်ဖို့ကြိုးစားနေတယ်
သင့်ကို ကောင်းစေချင်လို့၊ ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ရဲ့အရာရာကို ပြုပြင်ဖို့ ကြိုးစားနေတာမျိုးပေါ့။
သင့်ကို တကယ်ချစ်တဲ့ သူက သင့်ရဲ့ နဂိုပုံစံကို ပြုပြင်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။
Credit