Astrology

ေသြးအမ်ိဳးအစားအလိုက္ ထူးျခားတဲ့ ေမြးရာပါအက်င့္စ႐ိုက္နဲ႔ စိတ္ေနစိတ္ထားမ်ား

ေသြးအမ်ိဳးအစားအလိုက္ ထူးျခားတဲ့ ေမြးရာပါအက်င့္စ႐ိုက္နဲ႔ စိတ္ေနစိတ္ထားမ်ား

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ႐ွိတယ္ဆိုတဲ့ စကားအတိုင္းပဲ

လူတိုင္းမွာ မတူညီတဲ့ ပင္ကိုယ္စ႐ိုက္ေတြ၊ စိတ္ေနစိတ္ထားေတြ ႐ွိေနတတ္ပါတယ္။

လူတစ္ေယာက္ရဲ႕ ပင္ကိုယ္စ႐ိုက္ဟာ သူ႕ရဲ႕ ေသြးအမ်ိဳးအစားနဲ႔လည္း ဆိုင္ေနပါတယ္။

ခုေဖာ္ျပေပးမွာကေတာ့ ေသြးအမ်ိဳးအစားအလိုက္ ေမြးရာပါ ပင္ကိုယ္စ႐ိုက္ေတြပဲျဖစ္ပါတယ္။

သင္ဟာ ဘယ္အမ်ိဳးအစားလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။

(၁) A ေသြးအမ်ိဳးအစား

ေအေသြးေလးေတြဟာ အရမ္းကို ေစ့စပ္ေသခ်ာတဲ့သူေတြျဖစ္ၿပီး

လုပ္သမွ်တိုင္းကို အေသးစိတ္ကအစ ေသေသခ်ာခ်ာ ဂ႐ုစိုက္တတ္သူေတြပါ။

အေသးအမႊားေလးေတြကအစ ဂ႐ုစိုက္တတ္လြန္းလို႔ တစ္ခ်ိဳ႕ေတြရဲ႕အျမင္မွာ ဇီဇာေၾကာင္ေနတတ္ပါတယ္။

အေနေအးၿပီး အရမ္း႐ွက္တတ္တဲ့သူေလးေတြပါ။

စိတ္ထိခိုက္ခံစားလြယ္သူေလးေတြျဖစ္ၿပီး ခံစားခ်က္ေတြ ထုတ္မျပဘဲ

ရင္ထဲမွာပဲ သိမ္းထားတတ္သူေတြျဖစ္ပါတယ္။

(၂) B ေသြးအမ်ိဳးအစား

ဘီေသြးေလးေတြဟာ ေပါ့ေပါးပါးပါး၊ လြတ္လြတ္လပ္လပ္နဲ႔

သက္ေတာင့္သက္သာ လုပ္တတ္သူေတြ တစ္နည္းအားျဖင့္ Free-spirit ေတြပါ။

သူတို႔ေတြဟာ အရမ္း႐ိုးသားၿပီး ပြင့္လင္းတဲ့အတြက္ စိတ္ထဲ႐ွိတဲ့အတိုင္း ထုတ္ေျပာတတ္ၾကပါတယ္။

ဒီအက်င့္ေလးေၾကာင့္ပဲ လူတစ္ခ်ိဳ႕ရဲ႕အျမင္မွာ သူတို႔ဟာ အရမ္းခ်စ္စရာေကာင္းသေလာက္

တစ္ခ်ိဳ႕အျမင္မွာက်ေတာ့ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ျမင္တတ္ၾကပါတယ္။

သူတို႔ စိတ္ဝင္စားတဲ့အရာေပၚမွာေတာ့ အာ႐ုံစူးစိုက္မႈအျပည့္ ေပးႏိုင္သေလာက္

စိတ္မဝင္စားတဲ့အရာေပၚမွာေတာ့ လုံးဝကို စိတ္မႏွစ္ႏိုင္ပါဘူး။ သူတို႔စိတ္ဟာ လုံးဝခန္႔မွန္းလို႔ မရပါဘူး။

(၃) O ေသြးအမ်ိဳးအစား

အိုေသြးေလးေတြဟာ လူတိုင္းနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနႏိုင္ၾကတဲ့သူေတြပါ။

ဒါေၾကာင့္ပဲ သူတို႔ဟာ ျပႆနာေတြကို ေျဖ႐ွင္းရာမွာ အရမ္းကိုအားကိုးရတဲ့သူေတြျဖစ္ပါတယ္။

အလုပ္လုပ္တဲ့အခါ အရမ္းအေသးစိတ္တဲ့သူေတြ မဟုတ္ပါဘူး။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ အျပည့္႐ွိသူေတြျဖစ္ၿပီး အေမွ်ာ္အျမင္ႀကီးတဲ့သူေတြျဖစ္ပါတယ္။

တစ္ခါတေလ သူတစ္ပါးရဲ႕ အျမင္မွာ ေဒါသႀကီးသူ၊ မာနႀကီးသူတစ္ေယာက္လို႔ ျမင္တတ္ၾကပါတယ္။

(၄) AB ေသြးအမ်ိဳးအစား

အ႐ွားပါးဆုံးေသြးအမ်ိဳးအစားျဖစ္တဲ့ AB ေသြးေလးေတြဟာ စိတ္ႏွစ္ခု႐ွိတဲ့သူေတြျဖစ္ပါတယ္။

ေအေသြးေတြလို အရမ္းအေသးစိတ္တဲ့သူေတြျဖစ္ၿပီး ဘီေသြးေတြလို Free-spirit ေတြျဖစ္ၾကပါတယ္။

သူတို႔လုပ္ခ်င္တဲ့အရာတစ္ခုကို တားလို႔မရပါဘူး။

တီထြင္ဖန္တီးႏိုင္စြမ္း အရမ္းျမင့္တဲ့သူေတြျဖစ္ၿပီး ဉာဏ္ရည္ျမင့္မားတဲ့သူေတြျဖစ္ပါတယ္။

ဒါေၾကာင့္ ပညာ႐ွင္ေတြ ေတာ္ေတာ္မ်ားမ်ားက ေအဘီေသြးေတြ ျဖစ္ေနရတာပါ။

Credit

Unicode

သွေးအမျိုးအစားအလိုက် ထူးခြားတဲ့ မွေးရာပါအကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားများ

လူအမျိုးမျိုး စိတ်အထွေထွေရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ

လူတိုင်းမှာ မတူညီတဲ့ ပင်ကိုယ်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ ရှိနေတတ်ပါတယ်။

လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဟာ သူ့ရဲ့ သွေးအမျိုးအစားနဲ့လည်း ဆိုင်နေပါတယ်။

ခုဖော်ပြပေးမှာကတော့ သွေးအမျိုးအစားအလိုက် မွေးရာပါ ပင်ကိုယ်စရိုက်တွေပဲဖြစ်ပါတယ်။

သင်ဟာ ဘယ်အမျိုးအစားလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

(၁) A သွေးအမျိုးအစား

အေသွေးလေးတွေဟာ အရမ်းကို စေ့စပ်သေချာတဲ့သူတွေဖြစ်ပြီး

လုပ်သမျှတိုင်းကို အသေးစိတ်ကအစ သေသေချာချာ ဂရုစိုက်တတ်သူတွေပါ။

အသေးအမွှားလေးတွေကအစ ဂရုစိုက်တတ်လွန်းလို့ တစ်ချို့တွေရဲ့အမြင်မှာ ဇီဇာကြောင်နေတတ်ပါတယ်။

အနေအေးပြီး အရမ်းရှက်တတ်တဲ့သူလေးတွေပါ။

စိတ်ထိခိုက်ခံစားလွယ်သူလေးတွေဖြစ်ပြီး ခံစားချက်တွေ ထုတ်မပြဘဲ

ရင်ထဲမှာပဲ သိမ်းထားတတ်သူတွေဖြစ်ပါတယ်။

(၂) B သွေးအမျိုးအစား

ဘီသွေးလေးတွေဟာ ပေါ့ပေါးပါးပါး၊ လွတ်လွတ်လပ်လပ်နဲ့ သ

က်တောင့်သက်သာ လုပ်တတ်သူတွေ တစ်နည်းအားဖြင့် Free-spirit တွေပါ။

သူတို့တွေဟာ အရမ်းရိုးသားပြီး ပွင့်လင်းတဲ့အတွက် စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောတတ်ကြပါတယ်။

ဒီအကျင့်လေးကြောင့်ပဲ လူတစ်ချို့ရဲ့အမြင်မှာ သူတို့ဟာ အရမ်းချစ်စရာကောင်းသလောက်

တစ်ချို့အမြင်မှာကျတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ မြင်တတ်ကြပါတယ်။

သူတို့ စိတ်ဝင်စားတဲ့အရာပေါ်မှာတော့ အာရုံစူးစိုက်မှုအပြည့် ပေးနိုင်သလောက်

စိတ်မဝင်စားတဲ့အရာပေါ်မှာတော့ လုံးဝကို စိတ်မနှစ်နိုင်ပါဘူး။ သူတို့စိတ်ဟာ လုံးဝခန့်မှန်းလို့ မရပါဘူး။

(၃) O သွေးအမျိုးအစား

အိုသွေးလေးတွေဟာ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြတဲ့သူတွေပါ။

ဒါကြောင့်ပဲ သူတို့ဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ အရမ်းကိုအားကိုးရတဲ့သူတွေဖြစ်ပါတယ်။

အလုပ်လုပ်တဲ့အခါ အရမ်းအသေးစိတ်တဲ့သူတွေ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသူတွေဖြစ်ပြီး အမျှော်အမြင်ကြီးတဲ့သူတွေဖြစ်ပါတယ်။

တစ်ခါတလေ သူတစ်ပါးရဲ့ အမြင်မှာ ဒေါသကြီးသူ၊ မာနကြီးသူတစ်ယောက်လို့ မြင်တတ်ကြပါတယ်။

(၄) AB သွေးအမျိုးအစား

အရှားပါးဆုံးသွေးအမျိုးအစားဖြစ်တဲ့ AB သွေးလေးတွေဟာ စိတ်နှစ်ခုရှိတဲ့သူတွေဖြစ်ပါတယ်။

အေသွေးတွေလို အရမ်းအသေးစိတ်တဲ့သူတွေဖြစ်ပြီး ဘီသွေးတွေလို Free-spirit တွေဖြစ်ကြပါတယ်။

သူတို့လုပ်ချင်တဲ့အရာတစ်ခုကို တားလို့မရပါဘူး။

တီထွင်ဖန်တီးနိုင်စွမ်း အရမ်းမြင့်တဲ့သူတွေဖြစ်ပြီး ဉာဏ်ရည်မြင့်မားတဲ့သူတွေဖြစ်ပါတယ်။

ဒါကြောင့် ပညာရှင်တွေ တော်တော်များများက အေဘီသွေးတွေ ဖြစ်နေရတာပါ။

Credit