ခ်စ္သူအေပၚယုံမွားသံသယလြန္ကဲေနသည့္ လကၡဏာ(၆)ခု
ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ ယုံၾကည္မႈက အေရးႀကီးဆုံး အခန္းက႑ကေန ပါဝင္ေနပါတယ္။
ေရ႐ွည္လက္တြဲခဲ့တဲ့ ခ်စ္သူေတြပဲျဖစ္ျဖစ္၊ အခုမွ ခ်စ္သူျဖစ္ကာစ စုံတြဲေတြပဲျဖစ္ျဖစ္
တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ယုံၾကည္မႈ႐ွိဖို႔ လိုပါတယ္။
ယုံၾကည္မႈကို တည္ေဆာက္ဖို႔ အခ်ိန္ေတြအမ်ားႀကီးလိုအပ္ေပမယ့္ ပ်က္စီးသြားဖို႔က စကၠန္႔ပိုင္းပဲ ၾကာပါတယ္။
ျပန္လည္ရ႐ွိဖို႔ကေတာ့ ထာဝရအခ်ိန္ယူရပါလိမ့္မယ္။
ယုံၾကည္မႈဟာ ေအာင္ျမင္ေပ်ာ္႐ႊင္တဲ့ ခ်စ္လမ္းခရီးအတြက္ အေျခခံအက်ဆုံး စံႏႈန္းလည္းျဖစ္ပါတယ္။
တစ္ႀကိမ္ေလာက္ ယုံၾကည္မႈ ပ်က္ယြင္းသြားၿပီ ဆိုတာနဲ႔ အရင္လိုဘယ္ေတာ့မွ ျပန္မျဖစ္ႏိုင္ေတာ့ပါဘူး။
အတိတ္က အခ်ိန္တစ္ခုမွာ လွည္းစားခံခဲ့ရဖူးသူ၊ သစၥာေဖာက္ခံခဲ့ရဖူးသူေတြအတြက္
ယုံၾကည္မႈနဲ႔ပတ္သက္လို႔ အစြဲေတြ ႐ွိေနတတ္ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ ဒဏ္ရာရႏွလုံးသားက ေနာက္ထပ္မနာက်ဥ္ရဖို႔ အရမ္းကို ဂ႐ုစိုက္ပါလိမ့္မယ္။
ဒီလိုအခ်က္ေၾကာင့္ လက္႐ွိခ်စ္သူနဲ႔ၾကားမွာ ျပႆနာေတြျဖစ္လာႏိုင္ပါတယ္။
ယုံၾကည္ႏိုင္ဖို႔ ခက္ခဲရာကေန သံသယေတြျဖစ္လာၿပီး မိသားစုၿပိဳကြဲတာ၊
ခ်စ္သူခ်င္းျပတ္ဆဲတာေတြအထိ ျဖစ္လာႏိုင္ပါတယ္။
သင့္ခ်စ္သူနဲ႔ အျငင္းပြားစရာေတြ၊ ရန္ျဖစ္စရာေတြ၊ တင္းမာမႈေတြ မ်ားလာတာကို ခံစားမိပါသလား။
ဒီလို ခံစားမိတယ္ဆိုရင္ေတာ့ အေၾကာင္းရင္းကို ႐ွာေဖြဖို႔ လိုပါလိမ့္မယ္။
ဒီအေၾကာင္းရင္းကလည္း ႏွစ္ေယာက္ထဲက တစ္ေယာက္မွာ ယုံၾကည္ဖို႔ခက္ခဲတဲ့အစြဲ႐ွိေနတာေၾကာင့္ပဲ ျဖစ္ႏိုင္ပါတယ္။
ဒါ့ေၾကာင့္ ယုံမွားသံသယေတြ႐ွိမ႐ွိကို သိႏိုင္မယ့္ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ဒီအခ်က္ေတြကို ေသခ်ာဆန္းစစ္ၿပီး ယုံမွားသံသယ႐ွိေနသူက ဘယ္သူလဲဆိုတာကို ေဖာ္ထုတ္ေျဖ႐ွင္းပါ။
၁။ ခ်စ္သူရဲ႕ ဖုန္းကို စစ္ေဆးတာ
အသိသာအထင္႐ွားဆုံး လကၡဏာက သင့္ခ်စ္သူရဲ႕ ဖုန္းကို စစ္ေဆးခ်င္စိတ္ျပင္းပ်ေနတာပဲ ျဖစ္ပါတယ္။
မက္ေဆ့ဂ်္ေတြ၊ ဖုန္းေခၚဆိုမႈေတြ၊ ဖုန္းအဆက္အသြယ္ေတြ စသျဖင့္ အားလုံးကို စစ္ေဆးေနတာမ်ိဳး ျဖစ္ပါလိမ့္မယ္။
Password တစ္ခုခု ခံထားလို႔ကေတာ့ ခ်က္ခ်င္းျပႆနာထ႐ွာတတ္ပါလိမ့္မယ္။
တကယ္ေတာ့ သက္ဆိုင္သူရဲ႕ဖုန္းထဲမွာ ဘာမွ႐ွိမွာမဟုတ္ပါဘူး။
သင့္ရဲ႕ကိုယ္ပိုင္စိတ္မလုံျခဳံမႈက ေျခာက္လွန္႔ေနတာ ျဖစ္ပါတယ္။
ဒီေလာက္နဲ႔တင္ မၿပီးေသးပါဘူး။ ဖုန္းထဲမွာ ဘာမွသံသယျဖစ္စရာမေတြ႕ရင္ေတာင္မွ
အားလုံးကို ဖ်က္ထားလိုက္တာလို႔ ထင္ေနတတ္ပါေသးတယ္။
ဒီလိုျဖစ္ေနတယ္ဆိုရင္ေတာ့ သင့္ကိုယ္သင္ ႏွိပ္စက္ေနတာ ျဖစ္ေၾကာင္း သတိေပးလိုက္ပါတယ္။
၂။ အဆိုးဆုံးအေျခအေနကို အၿမဲတမ္းေတြးထားတာ
ဘာကိစၥပဲ႐ွိ႐ွိ အဆိုးပဲျမင္ေနတတ္တာမ်ိဳး ျဖစ္ပါတယ္။
သင့္ခ်စ္သူက ႐ုံးျပန္ခ်ိန္ေနာက္က်ရင္ ေဖာက္ျပန္ေနၿပီလို႔ ထင္ေနတတ္ပါတယ္။
ဖုန္းေခၚတာကို မကိုင္မိရင္ မဟုတ္တာတစ္ခုခုလုပ္ေနၿပီလို႔ ထင္ေနတတ္တာမ်ိဳးေတြ ျဖစ္ပါတယ္။
ဒီလိုအဆိုးျမင္စိတ္ေတြက သင့္မွာ ယုံမွားသံသယေတြ မ်ားေနတဲ့ လကၡဏာပဲျဖစ္ပါတယ္။
၃။ လူမႈကြန္ယက္ေတြမွာ ေျခရာခံလိုက္ေနတာ
သင့္ခ်စ္သူရဲ႕ Facebook account ကစၿပီး Instagram page ေတြအထိ
လူမႈကြန္ယက္ေတြေပၚမွာ လႈပ္႐ွားမႈတိုင္းကို ေစာင့္ၾကည့္ေနတာမ်ိဳးျဖစ္ပါတယ္။
သူမရဲ႕ အျပင္ေလာကထဲက ဘဝကိုသာမက ဒီဂ်စ္တယ္ဘဝထဲကိုပါ ဝင္ေရာက္စြက္ဖက္ေနတာျဖစ္ပါတယ္။
ဒါ့ထက္ပိုဆိုးတာက တစ္ေယာက္ေယာက္ရဲ႕ ဓာတ္ပုံ၊ Status ကို Like ေပးတဲ့ကိစၥကိုပါ
သဝန္တိုၿပီး လိုက္ခ်ဳပ္ခ်ယ္ေနတာ ျဖစ္ပါတယ္။
သဘာဝက်က် ေတြးၾကည့္စမ္းပါ။
သင့္ရဲ႕သူငယ္ခ်င္းေတြထဲမွာ မိန္းကေလးေတြ ႐ွိေနႏိုင္သလို သူမဆီမွာလည္း ေယာက်ၤားေလး မိတ္ေဆြေတြ ႐ွိေနႏိုင္ပါတယ္။
၄။ သင့္ခ်စ္သူကို အၿမဲတမ္း စမ္းသပ္ေနတာ
သင္တို႔ႏွစ္ဦးၾကား ဆက္ဆံေရးနဲ႔ သင့္ရဲ႕ခ်စ္သူကို အဆိုး႐ြားဆုံးထိခိုက္ေစတာက
သူမကို ထပ္ကာထပ္ကာ စမ္းသပ္ေနတာပဲ ျဖစ္ပါတယ္
သင့္ရဲ႕ခ်စ္သူကို စမ္းသပ္ဖို႔အေကာင္းဆုံးအခ်ိန္က ခ်စ္သူစုံတြဲမျဖစ္ခင္အခ်ိန္ ျဖစ္ပါတယ္။
ခ်စ္သူေတြအျဖစ္ လက္တြဲၾကၿပီဆိုတာနဲ႔ သူမရဲ႕စိတ္ဓာတ္ကို မစမ္းသပ္သင့္ေတာ့ပါဘူး။
၅။ ကိုယ္ပိုင္လြတ္လပ္ခြင့္ မေပးတာ
သင့္ခ်စ္သူက သူမအေပါင္းအသင္းေတြနဲ႔ သြားခ်င္လာခ်င္တာကို မႀကိဳက္တာမ်ိဳး ျဖစ္ပါတယ္။
ဒီလိုျဖစ္ရတာက သူမကို သင့္အနားမွာ ႐ွိေနေစခ်င္လို႔ ဆိုတာထက္
သင္မ်က္စိေအာက္မဟုတ္တဲ့ ေနရာကို ေရာက္သြားမွာကို မလိုခ်င္တာျဖစ္ပါတယ္။
လူတိုင္းက ကိုယ္ပိုင္လြတ္လပ္ခြင့္ လိုအပ္ပါတယ္။ လူမႈေရးဆိုတာ လိုအပ္ပါတယ္။
သင့္ရဲ႕ခ်စ္သူကို သူမရဲ႕လူမႈဘဝကေနခြဲထုတ္တာ၊ ကန္႔သတ္ခ်ဳပ္ခ်ယ္တာေတြက
သူတို႔ကို စိတ္ပ်က္သြားေစႏိုင္ပါတယ္။
၆။ အတိတ္ကအေၾကာင္းေတြကို အၿမဲတူးဆြေနတာ
ခ်စ္သူခ်င္းစကားေျပာတဲ့အခါမွာ အရင္တုန္းက ရည္းစားေဟာင္းေတြအေၾကာင္းကို
ျပန္မေျပာတာ အေကာင္းဆုံးပါပဲ။
ဒါေပမယ့္ သင္က အၿမဲတမ္းလုပ္ေနမိႏိုင္ပါတယ္။
သင့္ခ်စ္သူရဲ႕မ်က္ႏွာကို ၾကည့္ၿပီး သူမရည္းစားေဟာင္းနာမည္ကို ေျပာေနတာက
ေတာ္ေတာ္ကို တရားလြန္ပါတယ္။
သူမရည္းစားေဟာင္းနဲ႔ ပတ္သက္ၿပီး လူမႈကြန္ယက္ေတြမွာလည္း
လိုက္စုံစမ္းၿပီး လႈပ္႐ွားမႈမွန္သမွ်ကို ေစာင့္ၾကည့္ေနတတ္တယ္
ဆိုရင္ေတာ့ သင့္မွာ ယုံမွားသံသယေတြ မ်ားေနၿပီဆိုတာ ေသခ်ာပါတယ္။
ခ်စ္သူရည္းစားဆက္ဆံေရးေတြမွာ ခ်စ္ျခင္းေမတၱာနဲ႔ ယုံၾကည္မႈ႐ွိဖို႔ လိုအပ္ပါတယ္။
သင့္အေနနဲ႔ တစ္ေယာက္ေယာက္နဲ႔ လက္တြဲေတာ့မယ္လို႔ ဆုံျဖတ္လိုက္တာနဲ႔
အတိတ္က နာက်ဥ္မႈေတြကို ေမ့ေဖ်ာက္ၿပီး ရာႏႈန္းျပည့္ အဆင္သင့္ျဖစ္ေနဖို႔ လိုပါတယ္။
Credit: mmgentleman
Unicode
ချစ်သူအပေါ်ယုံမှားသံသယလွန်ကဲနေသည့် လက္ခဏာ(၆)ခု
ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ရေရှည်လက်တွဲခဲ့တဲ့ ချစ်သူတွေပဲဖြစ်ဖြစ်၊ အခုမှ ချစ်သူဖြစ်ကာစ
စုံတွဲတွေပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှုရှိဖို့ လိုပါတယ်။
ယုံကြည်မှုကို တည်ဆောက်ဖို့ အချိန်တွေအများကြီးလိုအပ်ပေမယ့် ပျက်စီးသွားဖို့က စက္ကန့်ပိုင်းပဲ ကြာပါတယ်။
ပြန်လည်ရရှိဖို့ကတော့ ထာဝရအချိန်ယူရပါလိမ့်မယ်။
ယုံကြည်မှုဟာ အောင်မြင်ပျော်ရွှင်တဲ့ ချစ်လမ်းခရီးအတွက် အခြေခံအကျဆုံး စံနှုန်းလည်းဖြစ်ပါတယ်။
တစ်ကြိမ်လောက် ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုတာနဲ့ အရင်လိုဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပါဘူး။
အတိတ်က အချိန်တစ်ခုမှာ လှည်းစားခံခဲ့ရဖူးသူ၊ သစ္စာဖောက်ခံခဲ့ရဖူးသူတွေအတွက်
ယုံကြည်မှုနဲ့ပတ်သက်လို့ အစွဲတွေ ရှိနေတတ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒဏ်ရာရနှလုံးသားက နောက်ထပ်မနာကျဉ်ရဖို့ အရမ်းကို ဂရုစိုက်ပါလိမ့်မယ်။
ဒီလိုအချက်ကြောင့် လက်ရှိချစ်သူနဲ့ကြားမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
ယုံကြည်နိုင်ဖို့ ခက်ခဲရာကနေ သံသယတွေဖြစ်လာပြီး မိသားစုပြိုကွဲတာ၊
ချစ်သူချင်းပြတ်ဆဲတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
သင့်ချစ်သူနဲ့ အငြင်းပွားစရာတွေ၊ ရန်ဖြစ်စရာတွေ၊ တင်းမာမှုတွေ များလာတာကို ခံစားမိပါသလား။
ဒီလို ခံစားမိတယ်ဆိုရင်တော့ အကြောင်းရင်းကို ရှာဖွေဖို့ လိုပါလိမ့်မယ်။
ဒီအကြောင်းရင်းကလည်း နှစ်ယောက်ထဲက တစ်ယောက်မှာ
ယုံကြည်ဖို့ခက်ခဲတဲ့အစွဲရှိနေတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ယုံမှားသံသယတွေရှိမရှိကို သိနိုင်မယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒီအချက်တွေကို သေချာဆန်းစစ်ပြီး ယုံမှားသံသယရှိနေသူက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖြေရှင်းပါ။
၁။ ချစ်သူရဲ့ ဖုန်းကို စစ်ဆေးတာ
အသိသာအထင်ရှားဆုံး လက္ခဏာက သင့်ချစ်သူရဲ့ ဖုန်းကို စစ်ဆေးချင်စိတ်ပြင်းပျနေတာပဲ ဖြစ်ပါတယ်။
မက်ဆေ့ဂျ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ ဖုန်းအဆက်အသွယ်တွေ စသဖြင့်
အားလုံးကို စစ်ဆေးနေတာမျိုး ဖြစ်ပါလိမ့်မယ်။
Password တစ်ခုခု ခံထားလို့ကတော့ ချက်ချင်းပြဿနာထရှာတတ်ပါလိမ့်မယ်။
တကယ်တော့ သက်ဆိုင်သူရဲ့ဖုန်းထဲမှာ ဘာမှရှိမှာမဟုတ်ပါဘူး။ သင့်ရဲ့ကိုယ်ပိုင်စိတ်မလုံခြုံမှုက ခြောက်လှန့်နေတာ ဖြစ်ပါတယ်။
ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ဖုန်းထဲမှာ ဘာမှသံသယဖြစ်စရာမတွေ့ရင်တောင်မှ
အားလုံးကို ဖျက်ထားလိုက်တာလို့ ထင်နေတတ်ပါသေးတယ်။
ဒီလိုဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင် နှိပ်စက်နေတာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
၂။ အဆိုးဆုံးအခြေအနေကို အမြဲတမ်းတွေးထားတာ
ဘာကိစ္စပဲရှိရှိ အဆိုးပဲမြင်နေတတ်တာမျိုး ဖြစ်ပါတယ်။
သင့်ချစ်သူက ရုံးပြန်ချိန်နောက်ကျရင် ဖောက်ပြန်နေပြီလို့ ထင်နေတတ်ပါတယ်။
ဖုန်းခေါ်တာကို မကိုင်မိရင် မဟုတ်တာတစ်ခုခုလုပ်နေပြီလို့ ထင်နေတတ်တာမျိုးတွေ ဖြစ်ပါတယ်။
ဒီလိုအဆိုးမြင်စိတ်တွေက သင့်မှာ ယုံမှားသံသယတွေ များနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
၃။ လူမှုကွန်ယက်တွေမှာ ခြေရာခံလိုက်နေတာ
သင့်ချစ်သူရဲ့ Facebook account ကစပြီး Instagram page တွေအထိ
လူမှုကွန်ယက်တွေပေါ်မှာ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာမျိုးဖြစ်ပါတယ်။
သူမရဲ့ အပြင်လောကထဲက ဘဝကိုသာမက ဒီဂျစ်တယ်ဘဝထဲကိုပါ ဝင်ရောက်စွက်ဖက်နေတာဖြစ်ပါတယ်။
ဒါ့ထက်ပိုဆိုးတာက တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံ၊ Status ကို Like ပေးတဲ့ကိစ္စကိုပါ
သဝန်တိုပြီး လိုက်ချုပ်ချယ်နေတာ ဖြစ်ပါတယ်။
သဘာဝကျကျ တွေးကြည့်စမ်းပါ။ သင့်ရဲ့သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေ
ရှိနေနိုင်သလို သူမဆီမှာလည်း ယောင်္ကျားလေး မိတ်ဆွေတွေ ရှိနေနိုင်ပါတယ်။
၄။ သင့်ချစ်သူကို အမြဲတမ်း စမ်းသပ်နေတာ
သင်တို့နှစ်ဦးကြား ဆက်ဆံရေးနဲ့ သင့်ရဲ့ချစ်သူကို အဆိုးရွားဆုံးထိခိုက်စေတာက သူမကို ထပ်ကာထပ်ကာ စမ်းသပ်နေတာပဲ ဖြစ်ပါတယ်
သင့်ရဲ့ချစ်သူကို စမ်းသပ်ဖို့အကောင်းဆုံးအချိန်က ချစ်သူစုံတွဲမဖြစ်ခင်အချိန် ဖြစ်ပါတယ်။
ချစ်သူတွေအဖြစ် လက်တွဲကြပြီဆိုတာနဲ့ သူမရဲ့စိတ်ဓာတ်ကို မစမ်းသပ်သင့်တော့ပါဘူး။
၅။ ကိုယ်ပိုင်လွတ်လပ်ခွင့် မပေးတာ
သင့်ချစ်သူက သူမအပေါင်းအသင်းတွေနဲ့ သွားချင်လာချင်တာကို မကြိုက်တာမျိုး ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတာက သူမကို သင့်အနားမှာ ရှိနေစေချင်လို့ ဆိုတာထက်
သင်မျက်စိအောက်မဟုတ်တဲ့ နေရာကို ရောက်သွားမှာကို မလိုချင်တာဖြစ်ပါတယ်။
လူတိုင်းက ကိုယ်ပိုင်လွတ်လပ်ခွင့် လိုအပ်ပါတယ်။ လူမှုရေးဆိုတာ လိုအပ်ပါတယ်။
သင့်ရဲ့ချစ်သူကို သူမရဲ့လူမှုဘဝကနေခွဲထုတ်တာ၊ ကန့်သတ်ချုပ်ချယ်တာတွေက
သူတို့ကို စိတ်ပျက်သွားစေနိုင်ပါတယ်။
၆။ အတိတ်ကအကြောင်းတွေကို အမြဲတူးဆွနေတာ
ချစ်သူချင်းစကားပြောတဲ့အခါမှာ အရင်တုန်းက ရည်းစားဟောင်းတွေအကြောင်းကို ပြန်မပြောတာ အကောင်းဆုံးပါပဲ။
ဒါပေမယ့် သင်က အမြဲတမ်းလုပ်နေမိနိုင်ပါတယ်။ သင့်ချစ်သူရဲ့မျက်နှာကို ကြည့်ပြီး
သူမရည်းစားဟောင်းနာမည်ကို ပြောနေတာက တော်တော်ကို တရားလွန်ပါတယ်။
သူမရည်းစားဟောင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာလည်း
လိုက်စုံစမ်းပြီး လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေတတ်တယ် ဆိုရင်တော့
သင့်မှာ ယုံမှားသံသယတွေ များနေပြီဆိုတာ သေချာပါတယ်။
ချစ်သူရည်းစားဆက်ဆံရေးတွေမှာ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။
သင့်အနေနဲ့ တစ်ယောက်ယောက်နဲ့ လက်တွဲတော့မယ်လို့ ဆုံဖြတ်လိုက်တာနဲ့
အတိတ်က နာကျဉ်မှုတွေကို မေ့ဖျောက်ပြီး ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။
Credit: mmgentleman