Love



















သင့်အမြင်မှာ ကြည်ကော့င်းနေဖို့က သူ့အတွက် အရေးမပါတော့ပါဘူး။

(၈) သူနဲ့ပတ်သက်ပြီး သင်ပျော်ရွှင်ရတဲ့ နေ့တွေထက် စိတ်ညစ်ရတဲ့နေ့၊ ဝမ်းနည်းရတဲ့နေ့တွေက ပိုများနေပါလိမ့်မယ်။










Credit

Unicode

သင့်ချစ်သူက မကြာခင်သင့်ကို ထားသွားတော့မယ်ဆိုတာ ဖော်ပြနေတဲ့အချက် (၁၁) ချက်

သင့်ချစ်သူက သင့်ကိုထားသွားတော့မယ် ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကို သင်သိထားဖို့ လိုပါတယ်။

ဒီလက္ခာတွေ သင်တို့နှစ်ယောက်ကြားမှာ ဖြစ်နေပြီဆိုရင်တော့ သင့်ဖက်က ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။

သင့်ချစ်သူက မကြာခင်သင့်ကို ထားသွားတော့မယ်ဆိုတာ ပြနေတဲ့လက္ခဏာတွေကတော့ ဒီမှာပါ။

(၁) သင့်စိတ်ထဲမှာ သူနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်သလို၊ တစ်ခုခု မှားနေသလို ခံစားရပါလိမ့်မယ်။

သူ့အပြုအမူတွေနဲ့ ပတ်သက်ပြီး သင့်စိတ်ထဲမှာ ကသိကအောက် အမြဲဖြစ်နေရပါလိမ့်မယ်။

(၂) သင်ဟာသူ့အတွက် အရေးမပါတဲ့ သူတစ်ယောက်လို ခံစားနေရမှာပါ။

သင့်ထက်စာရင် တခြားအရာတွေက သူ့အတွက် ပိုအရေးကြီးနေပါလိမ့်မယ်။

(၃) (လင်မယားဆိုရင်) သင်တို့နှစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးဟာ

အင်မတန်မှ ပျင်းရိငြီးငွေ့စရာ ကောင်းနေပါ လိမ့်မယ်။

(၄) သူ့ရဲ့အားလပ်ချိန် တော်တော်များများကို သူ့သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးတော့မှပါ။

သူ့သူငယ်ချင်းတွေက သင့်ထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပြီ မို့လို့ပါ။

(၅) သင့်ဖက်က တစ်ခုခု တောင်းဆိုလိုက်တိုင်း သူ့ဖက်က စိတ်မရှည်တာတွေ၊ ငြိုငြင်တာတွေ ဖြစ်လာတော့မှာပါ။

အရင်ကတော့ သင့်ကို ပျော်ရွှင်စေချင်လို့ လိုက်လျောပေးတယ် ဆိုပေမယ့် ခုချိန်မှာတော့ သူလုပ်ပေးတော့မှာ မဟုတ်ပါဘူး။

(၆) သင့်ဖက်က အားစိုက်ထုတ်ရတာ ပိုများနေပါလိမ့်မယ်။

ဖုန်းဆက်တာ၊ တွေ့ဖို့ချိန်းတာ၊ ဆက်သွယ်တာကအစ သင့်ဖက်ကပဲ အားစိုက်ထုတ်မှု ပိုများနေပါလိမ့်မယ်။

(၇) သူ့ရဲ့ အသွင်အပြင်ကို သူဂရုစိုက်တော့မှာ မဟုတ်ပါဘူး။

သင့်အမြင်မှာ ကြည်ေ့ကာင်းနေဖို့က သူ့အတွက် အရေးမပါတော့ပါဘူး။

(၈) သူနဲ့ပတ်သက်ပြီး သင်ပျော်ရွှင်ရတဲ့ နေ့တွေထက် စိတ်ညစ်ရတဲ့နေ့၊ ဝမး်နည်းရတဲ့နေ့တွေက ပိုများနေပါလိမ့်မယ်။

(၉) သင့်ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြောမပြတတ်လောက်အောင် ခံစားနေရပါလိမ့်မယ်။

(၁၀) သူ့ရဲ့ အနာဂတ် အစီအစဉ်တွေကို သင်သိခွင့်ရတော့မှာ မဟုတ်သလို၊ သင့်ကိုလည်း တိုင်ပင်တော့မှာ မဟုတ်ပါဘူး။

(၁၁) တစ်ယောက်နဲ့တစ်ယောက် ပြေလည်ဖို့ ကြိုးစားနေတော့မှာ မဟုတ်ပါဘူး။

တစ်ယောက်ကိုတစ်ယောက် အလျှော့လည်း မပေးချင်တော့သလို၊ အရာအားလုံးကို စိတ်ကုန်နေသလို ခံစားရမှာပါ။

ဒီအချက်တွေ ဖြစ်နေပြီဆိုရင်တော့ မကြာခင်သင့်ကို ထားသွားတော့မှာ ဖြစ်တဲ့အတွက်

သင့်ဖက်က စဖြတ်မလား၊ ပြင်ဆင်ထားမလား ဆိုတာကတော့ သင်ကိုယ်တိုင် ဆုံးဖြတ်ပါနော်။

တစ်ခုရှိတာက သင်ဟာ သင့်ကို တန်ဖိုးထားမြတ်နိုးပြီး ရူးလောက်အောင် ချစ်တတ်တဲ့သူနဲ့သာ ထိုက်တန်ပါတယ်။

တစ်ခါတလေ စွန့်လွှတ်သင့်တာကို စွန့်လွှတ်လိုက်ခြင်းက ကိုယ့်ကိုကိုယ် တန်ဖိုးထားရာလည်း ရောက်သလို၊

ကံကောင်းခြင်းတွေကို တံခါးဖွငေ့်ပးလိုက်ခြင်း ဖြစ်ပါတယ်။

Credit