မေတာ္တဆမ်ား နင္ငါ့ကို သတိရခဲ့တဲ့အခါ ငါ့အခ်စ္ကို နင္ ျမင္လာမွာပါ
တစ္ေန႔ ….နင္ငါ့ကို သတိရခ်င္ ရမယ္
လြမ္းခ်င္လည္း လြမ္းႏိုင္မယ္ ဒါကို ငါေသခ်ာမသိႏိုင္ဘူး
ဒါေပမယ့္ …ေသခ်ာတာတစ္ခုကေတာ့ မေတာ္တဆမ်ား
နင္ငါ့ကို သတိရခဲ့တဲ့အခါ နင့္အေပၚ စိတ္ရင္းနဲ႔ခ်စ္ခဲ့တဲ့ ငါ့အခ်စ္ကို နင္ ျမင္လာမွာပါ
သိပ္နာက်င္ခဲ့ရေပမယ့္လည္း အရာရာကို ငါ ခြင့္လြတ္ပါတယ္
ငါ့အေပၚ အႏိုင္ယူခဲ့ ဆိုးခဲ့ ရက္စက္ခဲ့တာေတြအတြက္
နင့္စိတ္မွာ အားနာၿပီးေတာ့ အျပစ္႐ွိသလို ခံစားေနရမွာမ်ိဳးလည္း မျဖစ္ေစခ်င္ပါ
ဒီလိုပါပဲ ….တခ်ိဳ႕အခ်စ္ေတြက တစ္ဘဝစာလို႔ ထင္မွတ္ခဲ့ေပမယ့္ တကယ့္ကို တစ္ခဏသာပဲ ျဖစ္ခဲ့ရတယ္
ေရစက္႐ွိလို႔ ဆုံစည္းခဲ့ရၿပီး ဆပ္ရန္အေႂကြးေတြ က်န္ခဲ့လို႔ ျပန္ေပးဆပ္ရတယ္လို႔သာ ေျဖေတြး မွတ္ယူလိုက္ပါတယ္
ဘာေတြ ဘယ္လိုပဲ ျဖစ္ခဲ့ျဖစ္ခဲ့ပါ….
ေ႐ွ႕ဆက္ရမယ့္ ဘဝမွာ …နင္ဆိုတဲ့ လူတစ္ေယာက္ နာက်င္ျခင္းေတြ ဝဋ္ေႂကြးေတြကင္းၿပီး
အရာရာ အဆင္ေျပ ေပ်ာ္႐ႊင္ႏိုင္ပါေစလို႔ တိတ္တိတ္ေလး ငါ ဆုေတာင္းေပးပါတယ္ ။
Credit
Unicode
မတော်တဆများ နင်ငါ့ကို သတိရခဲ့တဲ့အခါ ငါ့အချစ်ကို နင် မြင်လာမှာပါ
တစ်နေ့ ….နင်ငါ့ကို သတိရချင် ရမယ်
လွမ်းချင်လည်း လွမ်းနိုင်မယ် ဒါကို ငါသေချာမသိနိုင်ဘူး
ဒါပေမယ့် …သေချာတာတစ်ခုကတော့ မတော်တဆများ
နင်ငါ့ကို သတိရခဲ့တဲ့အခါ နင့်အပေါ် စိတ်ရင်းနဲ့ချစ်ခဲ့တဲ့ ငါ့အချစ်ကို နင် မြင်လာမှာပါ
သိပ်နာကျင်ခဲ့ရပေမယ့်လည်း အရာရာကို ငါ ခွင့်လွတ်ပါတယ်
ငါ့အပေါ် အနိုင်ယူခဲ့ ဆိုးခဲ့ ရက်စက်ခဲ့တာတွေအတွက်
နင့်စိတ်မှာ အားနာပြီးတော့ အပြစ်ရှိသလို ခံစားနေရမှာမျိုးလည်း မဖြစ်စေချင်ပါ
ဒီလိုပါပဲ ….တချို့အချစ်တွေက တစ်ဘဝစာလို့ ထင်မှတ်ခဲ့ပေမယ့် တကယ့်ကို တစ်ခဏသာပဲ ဖြစ်ခဲ့ရတယ်
ရေစက်ရှိလို့ ဆုံစည်းခဲ့ရပြီး ဆပ်ရန်အကြွေးတွေ ကျန်ခဲ့လို့ ပြန်ပေးဆပ်ရတယ်လို့သာ ဖြေတွေး မှတ်ယူလိုက်ပါတယ်
ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါ….
ရှေ့ဆက်ရမယ့် ဘဝမှာ …နင်ဆိုတဲ့ လူတစ်ယောက် နာကျင်ခြင်းတွေ ဝဋ်ကြွေးတွေကင်းပြီး
အရာရာ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေလို့ တိတ်တိတ်လေး ငါ ဆုတောင်းပေးပါတယ် ။
Credit