Love

ရေစက်လား

ရေစက်လား











မာရင်ရင်

Unicode

ရစေကျလား

ရေစက်လား…. ဆုံရမယ်ဆိုတဲ့အခါ တစ်နိုင်ငံခြားနေရင်တောင် တွေ့ဖို့တွေ အကြောင်းဖန်လာရင်း

ဖူးစာဖက် ချစ်ခင်ကြရတယ် ။

ဆုံဆည်းရတဲ့ သက်တမ်းတွေလည်း ကုန်ရော တစ်မြို့တည်းနေကြရင်

တောင် အမှတ်တမဲ့ ဆုံတာမျိုးတောင် မရှိတော့ဘူး ။

ဒီတော့လည်း ရေစက်ဆိုတဲ့ အရာမှာလည်း

မမြင်နိုင်တဲ့ သက်တမ်းလေးကတော့ ပါလေးသေးတာပဲဆိုတာ သတိမမေ့ဖို့လိုသေးတယ် ။

ချစ်နေတုန်းတန်ဘိုးထားပြီး ၊ တစ်နေ့တော့ အကြောင်းကြောင်းနဲ့

ခွဲခွာရဦးမယ်ဆိုတာကိုလည်း မမေမလျော့နဲ့ ပြင်ဆင်ထားရဦးမယ် ။

ခွဲခွာရမယ်ဆိုရင်တောင် အမှတ်တရတွေနဲ့ နွေးထွေးမှုလေးသာကျန်ခဲ့ပြီး

နာကျည်းစရာမကျန်ခဲ့တော့တဲ့ နှုတ်ဆက်ခြင်းတွေပါရင် အကောင်းဆုံးပေါ့

မာရင်ရင်