၎ – မင်းကို ဘယ်တော့မှ မခွဲသွားတော့ဘူး ။
Credit
Unicode
ယောက်ျားတွေ ပြောလေ့ရှိတဲ့ ဂျင်းစကားများ
၁ – မင်းကိုမှ မရရင် ကိုယ်သေရပါမယ် ။
အစကတော့ အဟုတ်ကြီးတွေ မှတ်နေခဲ့တာ ။
ကိုယ်နဲ့ပြတ်သွားလို့လဲ သေမသွားပါဘူး ကိုယ့်မရခဲ့လို့လဲ ဘာမှ မဖြစ်သွားဘူး
ကိုယ့်ကို ပြောခဲ့တဲ့စကားတွေနဲ့ ပဲ နောက်တစ်ယောက်ကို ထပ်ပြီး ဂျင်းထည့်ဖို့ကြိုးစားနေတုန်းပဲ
၂ – မင်းနဲ့မှ မရရင် ကိုယ် လူပျိုကြီးပဲ လုပ်တော့မယ်
အင်း . . .အဲ့လိုပြောတဲ့တစ်ယောက်ကတော့ စောစောစီးစီး အိမ်ထောင်တွေကျပြီး
ကလေးတွေ ဘာတွေတောင်ရနေပြီး ကိုယ်ကတော့ခုချိန်ထိ ပေါလို့ အသည်းကွဲလို့ကောင်းတုန်း ။
၃ – မင်းက အချစ်ဦးမဟုတ်ပေမယ့် ကိုယ့်ရဲ့နောက်ဆုံးအချစ်ပါ ။
ဒီစကားကို အရီချင်ဆုံးပဲ ။ ငါဘာလို့ဒီစကားတွေကို အတည်ကြီးထင်ခဲ့တာလဲလို့
ကိုယ့်ကိုယ်ကိုယ်လဲ ပြန်တွေးရင်းတွေးရင်း နားမလည်နိုင် ဖြစ်နေရတယ်လေ ။
အဲ့ဒီနောက်ဆုံးအနောက်မှာ နောက်ထပ် နောက်ထပ်သော နောက်ဆုံးတွေ ရှိနေမှန်းအစောကတည်းက သိခဲ့ဖို့ကောင်းတယ် ။
၄ – မင်းကို ဘယ်တော့မှ မခွဲသွားတော့ဘူး ။
အခုတစ်ယောက်ကိုလဲ ဒီလိုပဲ ပြောနေမယ်လို့ထင်ပါတယ် ။
ကျွန်မတုန်းက သူအသွင်သွင်သုံးခဲ့တဲ့စကားလေ အဲ့ဒီစကားတွေတောင်ပြောလို့မဆုံးသေးခင် . . . .
ကျွန်မတို့ဇာတ်လမ်းလေး အဆုံးသတ်သွားခဲ့တာ တော်တော်တောင် ကြာပြီထင်ပါတယ် ။
ဘယ်ယောက်ျားကမှ ခဏတွဲမှာပါလို့ပြောပြီး မတွဲဘူး
ညီမလေးရဲ့ တစ်သက်စာပါ ယုံပါဆိုတဲ့ ပုံပြင်တွေပြောပြီး မယုံယုံအောင် ဖြီးတတ်ကြတာပဲ
ကိုယ့်ဘက်က ချစ်မိပြီဆိုတာနဲ့ မျက်လုံးစုံမှိတ်ပြီး ယုံလိုက်ကြတာ
တကဟ်တော့မှားတယ် ကိုယ့်ဦးဏှောက်လေးနဲ့ ဆင်ခြင်သုံးသပ်ပြီးမှ ယုံပါ ။
ဒါကတော့ ကျွန်မ မိခဲ့တဲ့ ဂျင်းတွေထဲက တချို့တစ်ဝက်ကို ပြောပြပေးတာပါ ။
ကိုယ့်ညီမတွေ အစ်မတွေ ဂျင်းထည့်မခံရအောင်ပေါ့ ။
တကယ်လို့ကိုယ်မှာလဲ အဲ့လိုအမှတ်တရ ဂျင်းစကာလေးများရှိရင် ပြန်ပြီး ပြောပြခဲ့ပေးပါဦး နောက်ဆို ရှောင်လို့ရှားလို့ရတာပေါ့ ။
Credit