ကိုယ္ထားတဲ့စိတ္ဓာတ္အေပၚမူတည္ၿပီး ဘဝက ကံတူအက်ိဳးေပးတတ္တယ္
စိတ္အစဥ္အတိုင္း ႐ုပ္မွာလာၿပီးထင္တတ္ပါတယ္
နာမည္ႀကီး BRAND ေတြ ဘယ္ေလာက္ပဲ ဝတ္ထားဝတ္ထား စိတ္ဓာတ္မေကာင္းတဲ့လူကေတာ့ အေရာင္ထြက္လာမွမဟုတ္ဘူး
ပဲရစ္က ေရေမႊးပဲျဖစ္ျဖစ္ စိတ္ယုတ္စိတ္ပုတ္ေတြကို အနံအသတ္ေပ်ာက္ေအာင္ မစြမ္းႏိုင္ပါဘူး
႐ုပ္မလွလို႔ စိတ္ဓာတ္မက်နဲ႔ စိတ္ႏွလုံးေလးကို လွလွေလးထား ဘဝက ဆိုးလြန္းေနလို႔လဲ စာရိတၱေတြကို အေရာင္လိုက္မဆိုးနဲ႔
ဘဝဆိုတာ ကံတူအက်ိဳးေပးတတ္တယ္ ကိုယ့္ထားတဲ့ စိတ္ဓာတ္အေပၚမူတည္ၿပီး ဘဝက အက်ိဳးေပးတတ္ပါတယ္
မေကာင္းတာလုပ္ၿပီး ခ်မ္းသာေနတဲ့လူကို အားမက်နဲ႔ အဲ့ဒီ မေကာင္းတဲ့အရာေတြနဲ႔ ရလာတဲ့ေငြဟာ
ကိုယ္ရဲ႕ ႐ိုး႐ိုးသားသား႐ွာထားတဲ့ ေခြၽးနဲစားေလးေတြေလာက္ မေအးခ်မ္းဘူး
ေငြပုံေပၚထိုင္ၿပီး စိတ္ညစ္ေနရတာထက္စာရင္ ကိုယ့္လိပ္ျပာကိုယ္သန္႔ေနရတာ ပိုေကာင္းပါတယ္
ေမြ႕ယာထက္မွာ အိပ္ပ်က္ရတာေတြထက္စာရင္ ဖ်ာေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ရတာ
ပိုသာတဲ့ အိပ္စက္ျခင္းမ်ိဳးပါ အိပ္မက္လွလွေတြေတာင္ မက္ႏိုင္တယ္
အသားဟင္းတစ္ခြက္ပါမွ ထမင္းက စားလို႔ၿမိန္တာမဟုတ္ဘူး
ကိုယ္စားတဲ့ ထမင္းဝိုင္းမွာ သူတစ္ပါး မ်က္ရည္စက္ေတြမပါတဲ့ ထမင္းနဲ႔ဟင္းကမွ တကယ့္အာဟာရကို ျဖစ္ေစတာပါ
အသားဟင္း ဘယ္ႏွစ္မ်ိဳးပဲပါပါ တန္ဖိုးႀကီးတဲ့ ဟင္းလ်ာေတြဘယ္ေလာက္မ်ားမ်ား
သူတစ္ပါးမ်က္ရည္စက္ေတြေရာေနတဲ့ ဟင္းခြက္တိုင္းဟာ မီးက်ီးခဲေတြ သံရည္ပူေတြပါပဲ
သံသရာအတြက္ပဲ ၾကည့္ၾကည့္ လက္႐ွိဘဝကိုပဲ ၾကည့္ၾကည့္ စရာေတြခ်ည္းပဲေလ ဘဝဆိုတာ ကိုယ့္စိတ္နဲ႔ တန္သေလာက္ပဲ အက်ိဳးေပးတတ္တာပါ
စိတ္ေကာင္းထားရင္ ထားသလို စိတ္ထားယုတ္ညံ့ရင္ ယုတ္ညံ့သလိုေပါ့ တခ်ိဳ႕ဆို မခ်မ္းသာဘူး
ဒါေပမယ့္ ဘဝမွာ ေပ်ာ္ေပ်ာ္႐ႊင္ေနေနၾကတယ္ ေပ်ာ္႐ႊင္မႈဆိုတာ ေငြေၾကးခ်မ္းသာမႈနဲ႔ တိုက္႐ိုက္အခ်ိဳးမက်တတ္ဘူးေလ
တခ်ိဳ႕ကိုေသခ်ာၾကည့္ ၾကည့္ပါ ဘယ္ေလာက္ေကာင္းေပ့ဆိုတဲ့
အဝတ္အစားေတြ ဝတ္ထားဝတ္ထား ေဈးႀကီးေပးရတဲ့ အသုံးအေဆာင္ေတြ ဘယ္ေလာက္ပဲ သုံးသုံး
စိတ္ဓာတ္မေကာင္းေတာ့ အေရာင္မထြက္ဘူးေလ ဒါေၾကာင့္ စိတ္ေကာင္းႏွလုံးေကာင္းထားပါ
ဘဝမွာ ႐ွိတာေလးနဲ႔ ေရာင့္ရဲတင္းတိမ္ပါ ႐ိုးသားပါ ကံအက်ိဳးမေပးလို႔ ေငြေၾကးမခ်မ္းသာခဲ့ရင္ေတာင္ စိတ္ခ်မ္းသာရပါတယ္ ။
မိန္းမသားတို႔အတြက္
သွ်င္ယြန္း
Unicode
ကိုယ်ထားတဲ့စိတ်ဓာတ်အပေါ်မူတည်ပြီး ဘဝက ကံတူအကျိုးပေးတတ်တယ်
စိတ်အစဉ်အတိုင်း ရုပ်မှာလာပြီးထင်တတ်ပါတယ်
နာမည်ကြီး BRAND တွေ ဘယ်လောက်ပဲ ဝတ်ထားဝတ်ထား စိတ်ဓာတ်မကောင်းတဲ့လူကတော့ အရောင်ထွက်လာမှမဟုတ်ဘူး
ပဲရစ်က ရေမွှေးပဲဖြစ်ဖြစ် စိတ်ယုတ်စိတ်ပုတ်တွေကို အနံအသတ်ပျောက်အောင် မစွမ်းနိုင်ပါဘူး
ရုပ်မလှလို့ စိတ်ဓာတ်မကျနဲ့ စိတ်နှလုံးလေးကို လှလှလေးထား ဘဝက ဆိုးလွန်းနေလို့လဲ စာရိတ္တတွေကို အရောင်လိုက်မဆိုးနဲ့
ဘဝဆိုတာ ကံတူအကျိုးပေးတတ်တယ် ကိုယ့်ထားတဲ့ စိတ်ဓာတ်အပေါ်မူတည်ပြီး ဘဝက အကျိုးပေးတတ်ပါတယ်
မကောင်းတာလုပ်ပြီး ချမ်းသာနေတဲ့လူကို အားမကျနဲ့ အဲ့ဒီ မကောင်းတဲ့အရာတွေနဲ့ ရလာတဲ့ငွေဟာ
ကိုယ်ရဲ့ ရိုးရိုးသားသားရှာထားတဲ့ ချွေးနဲစားလေးတွေလောက် မအေးချမ်းဘူး
ငွေပုံပေါ်ထိုင်ပြီး စိတ်ညစ်နေရတာထက်စာရင် ကိုယ့်လိပ်ပြာကိုယ်သန့်နေရတာ ပိုကောင်းပါတယ်
မွေ့ယာထက်မှာ အိပ်ပျက်ရတာတွေထက်စာရင် ဖျာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရတာ
ပိုသာတဲ့ အိပ်စက်ခြင်းမျိုးပါ အိပ်မက်လှလှတွေတောင် မက်နိုင်တယ်
အသားဟင်းတစ်ခွက်ပါမှ ထမင်းက စားလို့မြိန်တာမဟုတ်ဘူး
ကိုယ်စားတဲ့ ထမင်းဝိုင်းမှာ သူတစ်ပါး မျက်ရည်စက်တွေမပါတဲ့ ထမင်းနဲ့ဟင်းကမှ တကယ့်အာဟာရကို ဖြစ်စေတာပါ
အသားဟင်း ဘယ်နှစ်မျိုးပဲပါပါ တန်ဖိုးကြီးတဲ့ ဟင်းလျာတွေဘယ်လောက်များများ
သူတစ်ပါးမျက်ရည်စက်တွေရောနေတဲ့ ဟင်းခွက်တိုင်းဟာ မီးကျီးခဲတွေ သံရည်ပူတွေပါပဲ
သံသရာအတွက်ပဲ ကြည့်ကြည့် လက်ရှိဘဝကိုပဲ ကြည့်ကြည့် စရာတွေချည်းပဲလေ ဘဝဆိုတာ ကိုယ့်စိတ်နဲ့ တန်သလောက်ပဲ အကျိုးပေးတတ်တာပါ
စိတ်ကောင်းထားရင် ထားသလို စိတ်ထားယုတ်ညံ့ရင် ယုတ်ညံ့သလိုပေါ့ တချို့ဆို မချမ်းသာဘူး
ဒါပေမယ့် ဘဝမှာ ပျော်ပျော်ရွှင်နေနေကြတယ် ပျော်ရွှင်မှုဆိုတာ ငွေကြေးချမ်းသာမှုနဲ့ တိုက်ရိုက်အချိုးမကျတတ်ဘူးလေ
တချို့ကိုသေချာကြည့် ကြည့်ပါ ဘယ်လောက်ကောင်းပေ့ဆိုတဲ့
အဝတ်အစားတွေ ဝတ်ထားဝတ်ထား ဈေးကြီးပေးရတဲ့ အသုံးအဆောင်တွေ ဘယ်လောက်ပဲ သုံးသုံး
စိတ်ဓာတ်မကောင်းတော့ အရောင်မထွက်ဘူးလေ ဒါကြောင့် စိတ်ကောင်းနှလုံးကောင်းထားပါ
ဘဝမှာ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ ရိုးသားပါ ကံအကျိုးမပေးလို့ ငွေကြေးမချမ်းသာခဲ့ရင်တောင် စိတ်ချမ်းသာရပါတယ် ။
မိန်းမသားတို့အတွက်
သျှင်ယွန်း