မျက်ရည်မကျပါနဲ့
အခြေအနေ အရပ်ရပ် ကို
နှစ်သက် လက်ခံတတ်ပါစေ
Credit
Unicode
မျက်ရည်မကျပါနဲ့
ဆုတောင်းတိုင်း ဖြစ်မလာတဲ့အခါမှာ
မျက်ရည် မကျလိုက်ပါနဲ့။
လောကကြီးမှာ ဆုတောင်းတိုင်း
ဖြစ်မလာတာတွေ ရှိနေ တတ်လို့ပါ ။
ကြိုးစားတိုင်း အောင်မြင်မှု မရတဲ့အခါမှာ
မျက်ရည် မကျလိုက်ပါနဲ့ ။
လောကကြီးမှာ ကြိုးစားပေမယ့်
အရှုံးတွေချည်း ကြုံ နေ ရတဲ့သူတွေ ရှိနေတတ်လို့ပါ . . .။
ဘယ်လောက်ပြေးပြေး ပန်းတိုင် မရောက်သေးပဲ
ခဏ ခဏ လဲကျတဲ့ အခါ မျက်ရည် မကျပါနဲ့ ။
လောကကြီးမှာ ပန်းတိုင် မရောက်ပဲ
လမ်းပျောက် နေကြတဲ့သူတွေ ရှိနေတတ်လို့ပါ ။
အကောင်းဆုံးကို လုပ်နိုင်ဖို့က
အခြေအနေ အရပ်ရပ် ကို
နှစ်သက် လက်ခံတတ်ပါစေ
ပျော်ရွှင် ကျေနပ် တတ်ပါစေ
မျက်ရည် ဆိုတာ နာကျင်မှု အတွက် မဟုတ်ပါပဲ
ခွန်အား အတွက်သာ ဖြစ်ပါစေ ။
Credit