Beauty

ႏုပ်ိဳခ်င္ရင္ ေန႔တိုင္း ဒါေလးေတြ လုပ္ေပးပါ

ႏုပ်ိဳခ်င္ရင္ ေန႔တိုင္း ဒါေလးေတြ လုပ္ေပးပါ

႐ုပ္မလွရင္ ေနပါေစ။ ႏုပ်ိဳေအာင္သာ ေနပါ။

အသားအေရတင္းတင္းရင္းရင္း စိုေျပၿပီး ဝင္းလက္ေနရင္

႐ုပ္ေခ်ာတာထက္ ပိုေကာင္းတယ္ဆိုတာ အသက္ႀကီးေလေလ ပိုသိေလေလ ျဖစ္မွာပါ။

ႏုပ်ိဳစိုေျပဖို႔ဆိုတာ သိပ္ခက္ခက္ခဲခဲလုပ္စရာမလိုပါဘူး။

ေန႔တိုင္း ဒါေလးေတြ လုပ္ေပးရင္ ႐ုပ္လည္းႏုပ်ိဳ အ႐ြယ္လည္း ပိုတင္လာမွာပါ။

(၁) အားရပါးရၿပဳံးပါ

မ်က္ႏွာတည္တဲ့သူေတြဟာ ႐ုပ္ရင့္လြယ္ပါတယ္။

အားရပါးရ ၿပဳံးတဲ့သူေတြဟာ ခ်စ္ဖို႔ေကာင္းသလို သူတို႔႐ုပ္အဆင္းကလည္း ႏူးညံ့ၿပီး

ခ်က္ခ်င္းဆိုသလို ႏုပ်ိဳသြားတာ လက္ေတြ႕ပါပဲ။ ဒါေၾကာင့္ ၿပဳံးၿပဳံးေန ၊ စိတ္ေကာင္းေကာင္းထားပါ။

(၂) ဒါေလးေတြ စားပါ

စပ်စ္ ၊ ဘယ္ရီ ၊ ဇီးသီး ၊ သစ္ေတာ္သီးေတြက အသားအေရအတြက္ ေကာင္းပါတယ္။

ဒီလို အသီးေတြမွာ ပါတဲ့ Humectant ဟာ အသားအေရစိုလက္ တင္းရင္းလာေစႏိုင္ပါတယ္။

ေနာက္တစ္ခုက အစိမ္းရင့္ရင့္နဲ႔ အနီေရာင္ အသီးအႏွံေတြ မ်ားမ်ားစားေပးဖို႔ ျဖစ္ပါတယ္။

သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ စားသုံးျခင္းဟာ အသားအေရက်န္းမာေစပါတယ္။

အနီေရာင္အသီးအ႐ြက္ ျဖစ္တဲ့ ခရမ္းခ်ဥ္သီးလို အသီးေတြမွာပါတဲ့ Lycopene ဟာ

အႏၲရာယ္ရွိတဲ့ UV Rays ေတြကေန အေရျပားကို ကာကြယ္ေပးႏိုင္ပါတယ္။

ေနာက္တစ္ခုက အေရတြန႔္တာေတြ ေပ်ာက္ေစဖို႔ အဆီမ်ားတဲ့ ငါးေတြ မ်ားမ်ားစားေပးပါ။

ေနာက္ၿပီး ေရမ်ားမ်ား ေသာက္ေပးပါ။

(၃) အသားအေရ ပုံမွန္ထိန္းသိမ္းပါ

အသားအေရသန႔္ရွင္းေရးနဲ႔ အစိုဓါတ္ထိန္းသိမ္းမႈစနစ္ေတြက အေရျပားကို က်န္းမာတင္းရင္း သန႔္ရွင္းေစပါတယ္။

ေန႔တိုင္း Cleanser ေလး ပုံမွန္သုံးၿပီး သန႔္ရွင္းေရးလုပ္ပါ။ Moisturizer ေလး သုံးပါ။

ဓါတုပစၥည္းေတြပါတဲ့ မိတ္ကပ္နဲ႔ အလွကုန္ေတြ သုံးတာမ်ိဳး ေရွာင္ပါ။

ေနေရာင္ေအာက္ သြားတိုင္း ေနေရာင္ကာခရမ္ေလး ဘာေလး သုံးပါ။

(၄) အားကစားလုပ္ပါ

တစ္ပတ္ကို အနည္းဆုံး ၄ ႀကိမ္ ၅ ႀကိမ္ အားကစားလုပ္ဖို႔ မေမ့ပါနဲ႔။

အားကစားလုပ္ျခင္းအားျဖင့္ ႂကြက္သားတင္းရင္းလာၿပီး အသားအေရၾကည့္ေကာင္းလာေစႏိုင္ပါတယ္။

ညဘက္အိပ္လို႔ ပိုေကာင္းၿပီး စိတ္လက္ၾကည္လင္ေအးခ်မ္းေစႏိုင္ပါတယ္။

ႏွလုံးနဲ႔ အဆုတ္ပိုင္းအတြက္ Cardio ေလ့က်င့္ခန႔္ေလးေတြ ၊ ႂကြက္သားသန္မာဖို႔ Resistance Training နဲ႔

အေၾကာအခ်ဥ္ေပ်ာ့ေျပာင္းေစဖို႔ Stretching ကစားတာေတြ လုပ္ေပးပါ။

ဒါေလးေတြ ပုံမွန္လုပ္ေပးရင္ အသက္ႀကီးလာတဲ့အထိ အ႐ြယ္တင္ႏုပ်ိဳမွာအမွန္ပါပဲ။

Unicode

နုပျိုချင်ရင် နေ့တိုင်း ဒါလေးတွေ လုပ်ပေးပါ

ရုပ်မလှရင် နေပါစေ။ နုပျိုအောင်သာ နေပါ။

အသားအရေတင်းတင်းရင်းရင်း စိုပြေပြီး ဝင်းလက်နေရင်

ရုပ်ချောတာထက် ပိုကောင်းတယ်ဆိုတာ အသက်ကြီးလေလေ ပိုသိလေလေ ဖြစ်မှာပါ။

နုပျိုစိုပြေဖို့ဆိုတာ သိပ်ခက်ခက်ခဲခဲလုပ်စရာမလိုပါဘူး။

နေ့တိုင်း ဒါလေးတွေ လုပ်ပေးရင် ရုပ်လည်းနုပျို အရွယ်လည်း ပိုတင်လာမှာပါ။

(၁) အားရပါးရပြုံးပါ

မျက်နှာတည်တဲ့သူတွေဟာ ရုပ်ရင့်လွယ်ပါတယ်။

အားရပါးရ ပြုံးတဲ့သူတွေဟာ ချစ်ဖို့ကောင်းသလို သူတို့ရုပ်အဆင်းကလည်း နူးညံ့ပြီး

ချက်ချင်းဆိုသလို နုပျိုသွားတာ လက်တွေ့ပါပဲ။ ဒါကြောင့် ပြုံးပြုံးနေ ၊ စိတ်ကောင်းကောင်းထားပါ။

(၂) ဒါလေးတွေ စားပါ

စပျစ် ၊ ဘယ်ရီ ၊ ဇီးသီး ၊ သစ်တော်သီးတွေက အသားအရေအတွက် ကောင်းပါတယ်။

ဒီလို အသီးတွေမှာ ပါတဲ့ Humectant ဟာ အသားအရေစိုလက် တင်းရင်းလာစေနိုင်ပါတယ်။

နောက်တစ်ခုက အစိမ်းရင့်ရင့်နဲ့ အနီရောင် အသီးအနှံတွေ များများစားပေးဖို့ ဖြစ်ပါတယ်။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းဟာ အသားအရေကျန်းမာစေပါတယ်။

အနီရောင်အသီးအရွက် ဖြစ်တဲ့ ခရမ်းချဉ်သီးလို အသီးတွေမှာပါတဲ့ Lycopene ဟာ

အန္တရာယ်ရှိတဲ့ UV Rays တွေကနေ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်တစ်ခုက အရေတွန့်တာတွေ ပျောက်စေဖို့ အဆီများတဲ့ ငါးတွေ များများစားပေးပါ။

နောက်ပြီး ရေများများ သောက်ပေးပါ။

(၃) အသားအရေ ပုံမှန်ထိန်းသိမ်းပါ

အသားအရေသန့်ရှင်းရေးနဲ့ အစိုဓါတ်ထိန်းသိမ်းမှုစနစ်တွေက အရေပြားကို ကျန်းမာတင်းရင်း သန့်ရှင်းစေပါတယ်။

နေ့တိုင်း Cleanser လေး ပုံမှန်သုံးပြီး သန့်ရှင်းရေးလုပ်ပါ။ Moisturizer လေး သုံးပါ။

ဓါတုပစ္စည်းတွေပါတဲ့ မိတ်ကပ်နဲ့ အလှကုန်တွေ သုံးတာမျိုး ရှောင်ပါ။

နေရောင်အောက် သွားတိုင်း နေရောင်ကာခရမ်လေး ဘာလေး သုံးပါ။

(၄) အားကစားလုပ်ပါ

တစ်ပတ်ကို အနည်းဆုံး ၄ ကြိမ် ၅ ကြိမ် အားကစားလုပ်ဖို့ မမေ့ပါနဲ့။

အားကစားလုပ်ခြင်းအားဖြင့် ကြွက်သားတင်းရင်းလာပြီး အသားအရေကြည့်ကောင်းလာစေနိုင်ပါတယ်။

ညဘက်အိပ်လို့ ပိုကောင်းပြီး စိတ်လက်ကြည်လင်အေးချမ်းစေနိုင်ပါတယ်။

နှလုံးနဲ့ အဆုတ်ပိုင်းအတွက် Cardio လေ့ကျင့်ခန့်လေးတွေ ၊ ကြွက်သားသန်မာဖို့ Resistance Training နဲ့

အကြောအချဉ်ပျော့ပြောင်းစေဖို့ Stretching ကစားတာတွေ လုပ်ပေးပါ။

ဒါလေးတွေ ပုံမှန်လုပ်ပေးရင် အသက်ကြီးလာတဲ့အထိ အရွယ်တင်နုပျိုမှာအမှန်ပါပဲ။