Love

ခ်စ္တယ္ေျပာၿပီးပစ္ထားခံရတာလဲ ရင္ထဲနာရပါတယ္

ခ်စ္တယ္ေျပာၿပီးပစ္ထားခံရတာလဲ ရင္ထဲနာရပါတယ္

လမ္းခြဲျပတ္စဲမွ အသည္းကြဲတာမဟုတ္ပါဘူး . . . .

ခ်စ္တယ္ေျပာၿပီး ပစ္ထားခံရတာလဲ ရင္ထဲ နာရပါတယ္ ။

ခ်စ္တယ္ဆိုတဲ့စကားေလးတစ္ခြန္းေျပာဖို႔အခ်ိန္ေလးခဏပဲလိုပါတယ္

ဒါေပမယ့္အဲ့ဒီအေနာက္မွာ ဂ႐ုစိုက္မႈေတြပါဖို႔လိုတယ္ေလ ဒါမွ ခ်စ္ရာေရာက္မွာေပါ့ . . .

တစ္ခါတစ္ေလက်ရင္ ကိုယ့္ကိုကိုယ္ေတြးမိတယ္ ငါက ခ်စ္သူ ႐ွိတာလား

ဒါမွမဟုတ္ တစ္ေယာက္တည္းသမားလားေပါ့ တကယ္ကို အဲ့လိုေတြးမိတာပါ ။

တစ္ေယာက္တည္းသမားေတြနဲ႔ ဘာမွ မထူးျခားဘူးေလ . . .သတိတရနဲ႔ဖုန္းဆက္လာတယ္လို႔လဲ မ႐ွိဘူး . . .

ထူးထူးျခားျခားလဲ အမွတ္ရေနစရာေတြလဲ မ႐ွိဘူး

သာမန္ေကာင္မေလးတစ္ေယာက္ ျဖတ္သန္းသလိုေလးပဲ ေဖ့စ္ဘုတ္သုံးတယ္

သီခ်င္းနားေထာင္တယ္ စာအုပ္ဖတ္ခ်င္ဖတ္တယ္ ၿပီးရင္ အခ်ိန္တန္တဲ့အခါအိပ္တယ္ ။ ကြၽန္မ မေမွ်ာ္တတ္ေတာ့ဘူး

အရင္တုန္းက သူ ဖုန္းဆက္လာရင္ေကာင္းမွာ ဆိုတဲ့စိတ္ေလးနဲ႔ ေမွ်ာ္ေနမိတတ္တာကိုေတာ့ ကြၽန္မ ဝန္ခံပါတယ္

ဒါေပမယ့္ေနာက္ပိုင္း ပစ္ထားခံရတာေတြ သိပ္မ်ားလာလို႔ထင္တယ္ ကြၽန္မ တေျဖးေျဖးေနတတ္လာတယ္

တစ္ခါတစ္ေလ ကိုယ့္ကိုကိုယ္ေတာင္ ရည္းစား႐ွိတာ ေမ့ခ်င္ေမ့ေနတတ္တာမ်ိဳးေလ ။

ခ်စ္တယ္ ေျပာတတ္႐ုံနဲ႔ အခ်စ္တစ္ခုက ေႏြးေထြးလာတတ္တာ မဟုတ္ဘူးေလ . .

ၾကက္တူေ႐ြးကို စကားသင္ၿပီး ခ်စ္တယ္ေျပာခိုင္းတာမွ နားဝင္ခ်ိဳပါဦးမယ္ ခုက . . .

ပါးစပ္ကသာ အရမ္းခ်စ္တယ္ ခ်စ္တယ္ နဲ႔ အေနာက္မွာ ဘာဂ႐ုစိုက္မႈမွ မပါ

ဘာၾကင္နာမႈမွ မ႐ွိတဲ့အခ်ိန္ကို ကြၽန္မတကယ္ကို နားမလည္တေတ္ာ့ဘူး

ကြၽန္မ တို႔ေတြက ခ်စ္ေနၾကတာလား ဒါမွမဟုတ္ျပတ္သြားၿပီလားလို႔ျပန္စဥ္းစားရတာလဲ အႀကိမ္ႀကိမ္အခါခါပါ ။

ေနာက္ဆို . . .ခ်စ္တယ္ေျပာတတ္႐ုံေလာက္နဲ႔မိန္းကေလးတစ္ေယာက္ကို ဒုကၡမေပးပါနဲ႔

မိန္းကေလးဆိုတာမ်ိဳးကေလ တြယ္တာတတ္တယ္ ၿပီးေတာ့ ဂ႐ုစိုက္ခံခ်င္ၾကတယ္

ဟုတ္သည္႐ွိမဟုတ္႐ွိ သူ႕တို႔လိုအပ္ေနတဲ့အခါေလးမွာ စကားေတြေျပာေပးေနတာကိုကိုပဲ ေပ်ာ္ေနတတ္ၾကတာမ်ိဳးေလ ။

အလုပ္ေတြ တအားမ်ားတယ္လို႔ကိုယ့္ကိုကိုယ္ေတြးရင္ ရည္းစားမထားပါနဲ႔ ။

မခ်စ္ျပတတ္လို႔ပါဆိုရင္ ခ်စ္တဲ့အေၾကာင္းေတြ လာမေျပာနဲ႔အဲ့တာက ပိုေကာင္းပါတယ္ ။

မဟုတ္ရင္ . . . ခ်စ္တယ္ေျပာၿပီးပစ္ထားခံရတာလဲ ရင္ထဲနာရပါတယ္ ။

Credit သွ်င္ယြန္း

Unicode

ချစ်တယ်ပြောပြီးပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ်

လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး . . . .

ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲ နာရပါတယ် ။

ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့အချိန်လေးခဏပဲလိုပါတယ်

ဒါပေမယ့်အဲ့ဒီအနောက်မှာ ဂရုစိုက်မှုတွေပါဖို့လိုတယ်လေ ဒါမှ ချစ်ရာရောက်မှာပေါ့ . . .

တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ်တွေးမိတယ် ငါက ချစ်သူ ရှိတာလား

ဒါမှမဟုတ် တစ်ယောက်တည်းသမားလားပေါ့ တကယ်ကို အဲ့လိုတွေးမိတာပါ ။

တစ်ယောက်တည်းသမားတွေနဲ့ ဘာမှ မထူးခြားဘူးလေ . . .သတိတရနဲ့ဖုန်းဆက်လာတယ်လို့လဲ မရှိဘူး . . .

ထူးထူးခြားခြားလဲ အမှတ်ရနေစရာတွေလဲ မရှိဘူး

သာမန်ကောင်မလေးတစ်ယောက် ဖြတ်သန်းသလိုလေးပဲ ဖေ့စ်ဘုတ်သုံးတယ်

သီချင်းနားထောင်တယ် စာအုပ်ဖတ်ချင်ဖတ်တယ် ပြီးရင် အချိန်တန်တဲ့အခါအိပ်တယ် ။ ကျွန်မ မမျှော်တတ်တော့ဘူး

အရင်တုန်းက သူ ဖုန်းဆက်လာရင်ကောင်းမှာ ဆိုတဲ့စိတ်လေးနဲ့ မျှော်နေမိတတ်တာကိုတော့ ကျွန်မ ဝန်ခံပါတယ်

ဒါပေမယ့်နောက်ပိုင်း ပစ်ထားခံရတာတွေ သိပ်များလာလို့ထင်တယ် ကျွန်မ တဖြေးဖြေးနေတတ်လာတယ်

တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင် ရည်းစားရှိတာ မေ့ချင်မေ့နေတတ်တာမျိုးလေ ။

ချစ်တယ် ပြောတတ်ရုံနဲ့ အချစ်တစ်ခုက နွေးထွေးလာတတ်တာ မဟုတ်ဘူးလေ . .

ကြက်တူရွေးကို စကားသင်ပြီး ချစ်တယ်ပြောခိုင်းတာမှ နားဝင်ချိုပါဦးမယ် ခုက . . .

ပါးစပ်ကသာ အရမ်းချစ်တယ် ချစ်တယ် နဲ့ အနောက်မှာ ဘာဂရုစိုက်မှုမှ မပါ

ဘာကြင်နာမှုမှ မရှိတဲ့အချိန်ကို ကျွန်မတကယ်ကို နားမလည်တတော့်ဘူး

ကျွန်မ တို့တွေက ချစ်နေကြတာလား ဒါမှမဟုတ်ပြတ်သွားပြီလားလို့ပြန်စဉ်းစားရတာလဲ အကြိမ်ကြိမ်အခါခါပါ ။

နောက်ဆို . . .ချစ်တယ်ပြောတတ်ရုံလောက်နဲ့မိန်းကလေးတစ်ယောက်ကို ဒုက္ခမပေးပါနဲ့

မိန်းကလေးဆိုတာမျိုးကလေ တွယ်တာတတ်တယ် ပြီးတော့ ဂရုစိုက်ခံချင်ကြတယ်

ဟုတ်သည်ရှိမဟုတ်ရှိ သူ့တို့လိုအပ်နေတဲ့အခါလေးမှာ စကားတွေပြောပေးနေတာကိုကိုပဲ ပျော်နေတတ်ကြတာမျိုးလေ ။

အလုပ်တွေ တအားများတယ်လို့ကိုယ့်ကိုကိုယ်တွေးရင် ရည်းစားမထားပါနဲ့ ။

မချစ်ပြတတ်လို့ပါဆိုရင် ချစ်တဲ့အကြောင်းတွေ လာမပြောနဲ့အဲ့တာက ပိုကောင်းပါတယ် ။

မဟုတ်ရင် . . . ချစ်တယ်ပြောပြီးပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ် ။

Credit သျှင်ယွန်း